SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

လက်စ်ဗီးဂတ် သြဂုတ် ၂၇

လက်စ်ဗီးဂတ်မြို့ရှိ တီမိုဘိုင်း အရီနာ ကွင်းကြီး၌ ယနေ့နံနက်တွင် ယှဉ်ပြိုင်သည့် လက်ဝှေ့ပွဲစဉ်၌ အမေရိကန် လက်ဝှေ့ကျော် မေဝဲလ်သာသည် အိုင်ယာလန် နိုင်ငံသား ယူအက်ဖ်စီ ချန်ပီယံ မက်ဂရီဂေါ်ကို ၁ဝ ချီအရောက်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရသွားသည်။ အဆိုပါ ပွဲစဉ်၌ အစပိုင်း အချီများတွင်သာ မက်ဂရီဂေါ်သည် မေဝဲလ်သာကို တိုက်စစ်ဖွင့်ထိုး နိုင်ခဲ့ပြီး နောက်ပိုင်း အချီများတွင် မေဝဲလ်သာကသာ အသာစီးဖြင့် ယှဉ်ပြိုင်ပြီး ၁ဝ ချီ အရောက်တွင် မေဝဲလ်သာ၏ လက်သီးချက် များစွာကြောင့် မက်ဂရီဂေါ်မှာ ယိုင်ထိုးကာ မတည်နိုင်တော့သည့် အခြေအနေ ရောက်ခဲ့ခြင်းကြောင့် ဒိုင်လူကြီးက ပွဲကိုရပ်ကာ ဒိုင်ပွဲရပ် ဖြင့် မေဝဲလ်သာကို အနိုင်ပေးခဲ့သည်။

ဟမ်းဘတ် သြဂုတ် ၂၇

ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၂) ၌ ဟမ်းဘတ်အသင်းက ကိုလုံးကို ၃ ဂိုး - ၁ ဂိုးဖြင့် အဝေးကွင်း၌ အနိုင်ရခဲ့ရာ ဟမ်းဘတ်အတွက် ပွဲသိမ်းဂိုးကို ဟော့ဘီက ထူးထူးခြားခြား ပွဲချိန် မိနစ် ၁ဝဝ တွင် သွင်းယူခဲ့သည်။ ထိုသို့ပွဲချိန် မိနစ် ၁ဝဝ သွင်းဂိုးမှာ ဘောလုံး အချက်အလက်များ ပြုစုသည့် Opta စစ်တမ်းများ စကောက်သော ၂ဝဝ၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ဖြစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၂၇

မလေးရှား နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိသော (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ ဘိလိယက်နှင့် စနူကာ အဖွဲ့သည် နောက်ဆုံး ပြိုင်ပွဲအဖြစ် ယနေ့တွင် စနူကာ တစ်ဦးချင်း ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင် ကစားရာ လာအိုကို ဆီမီး ဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၂၇

ဆီးဂိမ်းပြိုင်ပွဲ အမျိုးသား နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံး ပွဲစဉ်တွင် ကမ္ဘောဒီးယား အသင်းကို နှစ်ပွဲပြတ် အနိုင်ယူပြီး မြန်မာအသင်းက ရွှေတံဆိပ်ဆုကို ရှုံးပွဲမရှိစံချိန်ဖြင့် ထိုက်ထိုက်တန်တန် ရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၂၇

မလေးရှား နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် (၂၉)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာသေနတ်ပစ် အားကစားအဖွဲ့ အနေဖြင့် ရွှေတံဆိပ်ဆု တစ်ခုနှင့် ကြေးတံဆိပ်ဆု သုံးခုရရှိကာ နိုင်ငံ့ဂုဏ် ဆောင်နိုင်ခဲ့ပြီး ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိ လာကြောင်း သိရသည်။

Page 1223 of 1258