SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရန်ကုန် သြဂုတ် ၁ဝ

အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသော မြန်မာ ယူ-၁၈ အသင်းသည်   အင်တာမီလန် ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲကစားမည့် သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်၌ ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၁ဝ

မလေးရှားဆီးဂိမ်း အမျိုးသားဘောလုံး ပြိုင်ပွဲ၏ မြန်မာ ယူ-၂၂ အသင်းယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များကို မြန်မာ့ရုပ်မြင်သံကြား (MRTV)မှ တိုက်ရိုက်ထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၁ဝ

(၂၉)ကြိမ်မြောက် မလေးရှား ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအားကစား အဖွဲ့များသည် မြန်မာနိုင်ငံမှ သြဂုတ် ၁၁ ရက်တွင် စတင် ထွက်ခွာမည်ဖြစ်ပြီး အားကစားနည်း အားလုံးအတွက် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား စုစုပေါင်း ၅၆၁ ဦးပါဝင်မည် ဖြစ်ကြောင်း သိရသည်။

သောကြာနေ့ညမှာ ပြင်သစ် လီဂူးဝမ်းပွဲစဉ် နှစ်ပွဲကစားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ဘာလော့တယ်လီ အစွမ်းနဲ့ အဆင့်(၃) နေရာရခဲ့ပေမယ့် အဖွင့်ပွဲမှာ စိန့်အက်တီယန်ကို ရှုံးခဲ့တဲ့ နိစ်ကတန်းတက် ထရိုယက်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး လိုင်ယွန်ကတော့ ရင်းနက်စ်နဲ့ ယှဉ်ပြိုင်ရမှာပါ။

ပရီးမီးယားလိဂ် ၂ဝ၁၇-၂ဝ၁၈

ဘောလုံးရာသီကိုတော့ ခါတိုင်းလို စနေနေ့မှာ မစဘဲ ပထမဆုံးသော သောကြာနေ့မှာ စတင်ကစားပြီး အာဆင်နယ်- လက်စတာပွဲစဉ်နဲ့  အစပြုမှာပါ။

မန္တလေး   သြဂုတ်    ၁ဝ

ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန  မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး၍ H&S  GROUP  နှင့် LETHWEI  NATION  GROUP တို့ ပူးပေါင်း စီစဉ်သော LETHWEI   NATION   FIGHT  MANDALAY    နိုင်ငံတကာရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင်  မန္တလေးမြို့ရှိ ဒိုင်းမွန်းပလာဇာ၌ ကျင်းပသွားမည်ဖြစ်ကြောင်း   သိရသည်။

Page 1280 of 1288