ဆောင်းပါးများ

ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ စည်းကမ်းကိုယ်စီလိုက်နာစို့

စည်းကမ်းဟူသည် လိုက်နာစောင့်ထိန်း ရမည့် ကျင့်ဝတ်ဟူ၍ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် ဖွင့်ဆိုထားပါသည်။ စည်းနှင့်ကမ်းတို့၏ တစ်လုံးချင်းအဓိပ္ပာယ်ကိုလည်း မြန်မာအဘိဓာန် အကျဉ်း ချုပ်တွင် ယခုလိုဖွင့်ဆိုထားပါသည်။

စည်းဟူသည်-

(၁) ပိုင်းခြားသတ်မှတ်ထားသော ခြံဝင်းအကာအရံ၊ စောင်ရန်း၊ စည်းရိုး၊ လယ်မှာကန်သင်း ယာမှစည်းအတွင်း။

(၂) တစ်စုံတစ်ခုသောမျက်နှာပြင်ပေါ်၌ ပိုင်းခြားသတ်မှတ်ထားသော အရေးအကြောင်း။ ဖြစ်ပျက် ပိုင်းခြားစည်းနှယ်ထား၏။

ဆိုးရွားသောအဆုံးသတ်များဆီသို့ ဦးတည်လာနေသည့် တူရကီ

၁၅ ရာစုနှင့် ၁၆ ရာစုကြား အင်အားအကြီးဆုံးဖြစ်ခဲ့သော တူရကီ၏ အော်တိုမန်အင်ပါယာ အိပ်မက် ကို အကောင်အထည်ဖော်ချင်သူ လက်ရှိ တူရကီသမ္မတ အာဒိုဂန် အာဏာရထားသည်မှာ ဆယ်စုနှစ် နှစ်စုနီးပါး ရှိလာခဲ့ပြီဖြစ်သည်။

(၇၅)နှစ်ပြည့် စစ်ရေးပြအခမ်းအနားတွင် အကြီးမားဆုံးတိုက်ချင်းပစ် ဒုံးကျည်များဖြင့် ပွဲထွက်လာခဲ့ သည့် မြောက်ကိုရီးယား

အောက်တိုဘာ ၁၀ ရက်သည် မြောက်ကိုရီးယား အလုပ်သမားပါတီ တည်ထောင်ခြင်း (၇၅)နှစ်ပြည့် သည့်နေ့ဖြစ်သည်။ နှစ်စဉ်ပုံမှန်ကျင်းပနေကျ စစ်ရေးပြအခမ်းအနားမှာ အံ့သြစရာမဟုတ်သော် လည်း ထင်မှတ်မထားသည့် လက်နက်များ ထုတ်ပြခြင်းက အနောက်အုပ်စုတို့အတွက် အံ့အား သင့်စရာဖြစ်ခဲ့သည်။

ကားမောင်းသူများနှင့်ယှဉ်တွဲဝေဒနာ

ကျွန်မတို့လူသားများသည် စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကျောင်း ပြုရသောအခါ မတ်တတ်ရပ်၍ ပြုလုပ်ကြရသကဲ့သို့  ထိုင်၍လည်းလုပ်ငန်းခွင်ကို ဖြတ်သန်းနေကြရသည်။ ကြာရှည်စွာထိုင်ကာ အလုပ်လုပ်ရသူများတွင်  ကားမောင်းသူများလည်း ပါဝင်လျက်ရှိသည်။ ကြာရှည်စွာထိုင်ခြင်းကြောင့် ခါးနာခြင်း၊ နှလုံးရောဂါ၊ ဆီးချုပ်ဝမ်းချုပ်ဖြစ်ခြင်း၊ အဝလွန်ရ

စိတ်ဝယ်ရည်စူး၊ ဦးခိုက်ဖူး၍ ကြည်နူးမျှဝေ ဖော်ညွှန်းခြွေ

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားသောနိုင်ငံ ဖြစ်ရုံသာမက တိကျမှန်ကန်သန့်စင်သော ထေရဝါဒဗုဒ္ဓသာသနာ တည်ရှိရာနိုင်ငံဟု အသိအမှတ် ပြုထားခြင်းခံရသော နိုင်ငံဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့လူနေမှုဘဝသည် ထေရဝါဒ ဗုဒ္ဓသာသနာတွင် အခြေခံ၍ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည့်အတွက် ဆက်လက်တည်တံ့ရှင်သန်ရေးသည် သာသနာပြန့်ပွားမှု အပေါ်တွင် လုံးဝတည်မှီနေသည်။ ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှု၏ ဇာစ်မြစ်ဖြစ်သည့်  ထေရဝါဒသာသနာတော်ကို ပြည်ပသို့တိုင်ပျံ့နှံ့စေရန် နိုင်ငံသူ၊ နိုင်ငံသားအားလုံးက အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိနေကြသည်။

ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရား အလေးထား

မြန်မာနိုင်ငံသည်  ရိုးရာယဉ်ကျေးမှု အဆင့်အတန်းမြင့်မားသောနိုင်ငံဖြစ်သည်။ ယဉ်ကျေးမှုရှိရန် ပြင်ပရုပ်ဒြပ်တင့်တယ်မှ  ဖြစ်နိုင်ပါသလော။ အတွင်းစိတ်ရင်း  မွန်မြတ်နေရုံမျှဖြင့် ယဉ်ကျေးမှုရှိရန် မလုံလောက်နိုင်သလော။  အဖြေမှာ ရုပ်ကိုစိတ်က ပြဋ္ဌာန်းသည် ဆိုသည့်အချက်ကို အခြေခံသည်။