ရှေးမြန်မာမင်းများလက်ထက်မှ ယနေ့အထိ ရိုးရာအမွေအနှစ်တစ်ခုအဖြစ် ထိန်းသိမ်း လာခဲ့သည့် မြန်မာ့သနပ်ခါး
သနပ်ခါးကို ကလေးကအစ ဘိုးဘွားများအထိ လိမ်းကျံခြယ်သ အသုံးပြုကြသော ပစ္စည်း တစ်မျိုးဖြစ်သည်။ အထူးသဖြင့်မြန်မာအမျိုးသမီးများသည် သနပ်ခါးကို မခုံမင် မနှစ်သက်သူ ရှားပေလိမ့်မည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများမှ ယခုခေတ်ပေါ် အလှကုန်ပစ္စည်း ကိရိယာများ အဆန်းအပြားများစွာ ဘယ်လောက်ပင်ဝင်ရောက်စေကာမူ