ဆောင်းပါးများ

ကျောက်တန်းမြို့နယ် သံတဲကမ်းခြေသို့ နေ့ချင်းပြန်ခရီးတစ်ခေါက်

မိုးရာသီသို့  ရောက်ရှိနေပြီဖြစ်သော်လည်း မထင်မှတ်သော ခရီးစဉ်တစ်ခုကို လိုက်ပါသွားဖြစ်ခဲ့သည်။ ဤခရီးစဉ်ကို လိုက်ပါရန် ဖိတ်ခေါ်ခဲ့သူမှာ ခရီးစဉ်ကို ဦးဆောင်သူ ဦးမျိုးကြီး (သုခမိန်မြန်မာပြည် အနှံ့ဘုရားဖူး အပန်းဖြေပို့ဆောင်ရေး) ဖြစ်သည်။  သွားကြမည့်ခရီးစဉ်က  ရန်ကုန်တိုင်းဒေသကြီး  ကျောက်တန်းမြို့နယ်ရှိ သံတဲရွာ  (ယခင်မီးပြရွာ)သို့ဖြစ်ပြီး  ရှေး ဟောင်းအမွေအနှစ်ဘုရားများလည်း ဖူးခဲ့ရသည့် နေ့ချင်းပြန်ခရီးစဉ်ဖြစ်သည်။

ဒေါ်နယ်ထရမ့်ကြောင့် အကျိုးအမြတ် ကြီးကြီးမားမား ရရှိခဲ့သည့် အစ္စရေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင် အရှေ့အလယ်ပိုင်း အရေးကိစ္စများ၌ အမေရိကန်တို့ ပါဝင်ပတ်သက်မှု နည်းသွားလိမ့်မည်ဟု ၂၀၁၆ ခုနှစ် ကတည်းက နိုင်ငံတကာပညာရှင်များ ခန့်မှန်းထားကြသည်။ သို့သော်လည်း ၂၀၁၇ ခုနှစ်တွင် ထရမ့် အိမ်ဖြူတော်သို့ရောက်ပြီး မကြာမီမှာပင် ဆော်ဒီအာရေဗျသို့   ပထမဆုံးသွားရောက်ခဲ့သည့်အတွက်  ပညာရှင်များ၏ ခ

အီရန်အပေါ် စစ်လက်နက်ရောင်းဝယ်ရေး ပိတ်ဆို့မှု သက်တမ်းတိုးရေးအဆို ပယ်ချခံလိုက်ရသည့် အမေရိကန်

ကမ္ဘာပေါ်၌ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် သီးခြားရပ်တည်ချက်အပြင် မဟာမိတ်ဒေါက်တိုင်အင်အားစုဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ထင်တိုင်းကြဲနိုင်ခဲ့သည့် အမေရိကန်တို့က ယခုတစ်ကြိမ်တွင် မဟာမိတ်တို့၏ ပစ်ပယ်ခြင်းကို ပထမဆုံးအကြိမ်ခံလိုက်ရပြီ ဖြစ်သည်။

အသက်ရှူရခက်ခဲခြင်း

အခုတလော ကပ်ရောဂါအသွင် ဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါရဲ့ လက္ခဏာတွေထဲမှာ အသက်ရှူရခက်ခဲခြင်း ဆိုတာ ပါဝင်ပါတယ်။ COVID  မှာ ဖျားတယ်၊ ချောင်းဆိုးတယ်၊ အသက်ရှူကျပ်/ခက်တယ်၊ မောပန်းနွမ်းနယ်တယ်လို့ ပါဝင်တယ် မဟုတ်လား။  ဒီတော့  ချောင်းဆိုး၊  အသက်ရှူခက်တိုင်း COVID-19 မဟုတ်ဘူးလို့ သိစေချင်လို့ပါ။   ဒါပေမဲ့ ဒီအချိန်မှာ    အသက်ရှူခက်ခြင်းဟာ    အဓိက လက္ခဏာတစ်ရပ်ဖြစ်လေတော့   ပေါ့ဆလို့လည်းမသင့်ပါဘူး။    အသက်ရှူခက်ခြင်း ကိုယ်တိုင်ကိုက အသက်အန္တရာယ် ရှိနိုင်တဲ့ အတွက် လိုအပ်တဲ့ဆေးကုသမှု၊ စောင့်ရှောက်မှုတွေကို ရယူဖို့လည်း လိုအပ်လှပါတယ်။

အသက်ရှူရခက်ခဲခြင်းဆိုသည်မှာ

သစ်ပင်စိုက်မှ ဝန်းကျင်လှမည်

''ဥတုရာသီတောကိုမှီ၏''ဟူသောဆောင်ပုဒ်သည် အလွန်မှန်ကန်သော ဆောင်ပုဒ်တစ်ခုဖြစ်ပေသည်။ ပူခြင်း၊ အေးခြင်း၊ လေမုန်တိုင်းတိုက်ခြင်း၊ မိုးရွာခြင်း၊ ရေကြီးခြင်း၊ တိမ်ထူခြင်း၊ ဆီးနှင်းကျခြင်းစသော ရာသီ ဥတုအခြေအနေများသည် ပတ်ဝန်းကျင်တွင် သစ်တော သစ်ပင်တို့ရှိခြင်း၊ မရှိခြင်းအပေါ်မူတည်၍ ပြောင်းလဲ ဖြစ်ပေါ်တတ်သောကြောင့်ဖြစ်သည်။ ထ

နှလုံးသားဖြင့်မဆုံးဖြတ်ဘဲ ဦးနှောက်ဖြင့်ဆုံးဖြတ်ကြစေချင်

“ကျုပ်ကတော့ နိုင်ငံရေးစိတ်မဝင်စားဘူး။ ဘယ်အစိုးရတက်တက် ကျုပ်နဲ့မဆိုင်ဘူး။ ကျုပ် တို့က ကိုယ်လုပ်မှကိုယ်စားရမယ်။ ဘယ်သူမှ ထမင်းလာမကျွေးဘူး” စာရေးသူသည် အထက်ပါပြောဆိုချက်ကို မကြာခဏကြားနေရသည်။ ထိုသို့ပြောဆိုကြသူများသည် သူတို့ ကိုယ်သူတို့ မြန်မာနိုင်ငံသားများ မဟုတ်လေရော့သလားဟု ထင်နေပုံရသည်။ နိုင်ငံသား တိုင်းသည် မိမိနိုင်ငံ၏ အရေးအရာမှန်သမျှကို သိရှိနေဖို့လိုသလို နိုင်ငံ့အရေးများတွင်လည်း ကျရာတာဝန်ကို ပါဝင်ဆောင်ရွက်ဖို့လိုပါသည်။

ရုရှားနိုင်ငံမှထုတ်လုပ်သည့် နိုဗယ်ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးကို နိုင်ငံအတွင်း စမ်းသပ် ကုသရန်စီစဉ်နေသည့် ဖိလစ်ပိုင်

ရုရှားနိုင်ငံမှထုတ်လုပ်သည့် နိုဗယ်ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို ယခုနှစ် အောက်တို ဘာလတွင် လူနာများအား စမ်းသပ်ကုသရန် စီစဉ်လျက်ရှိကြောင်း ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ထားသည်။

ဖိလစ်ပိုင်သိပ္ပံပညာရှင်များသည် ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို ထုတ်လုပ်ခဲ့သော ရုရှား နိုင်ငံမှ ဂါမာလီယာသုတေသနအဖွဲ့ဖြစ်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီး ကာကွယ် ဆေးထိုးခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကာ နောက်တစ်ရက် သြဂုတ် ၁၃ ရက်တွင် ပြောရေးဆိုခွင့်ရှိသူ ဟယ်ရီရော့၏ ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။