ဆောင်းပါးများ

နိုင်ငံတကာတင်းမာမှုများကြားက တရုတ်၏ ရှေ့ခြေလှမ်းများ

COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့်အတူ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် ကာလအတွင်း နိုင်ငံတကာ၌ စိန်ခေါ်မှုများက ကြီးကြီးမားမားတွေ့ကြုံနေရသည်။ လက်ရှိတွင် တရုတ်နိုင်ငံအပေါ် အမေရိကန်ပြည် ထောင်စု၏ ခြိမ်းခြောက်မှုများ တိုးပွားလာခြင်းနှင့်အတူ စီးပွားရေးနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ အကျပ် အတည်းများနှင့် ရင်ဆိုင်နေရချိန် တရုတ်နိုင်ငံ ပေကျင်းမြို့၌ အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်အတွင်း (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ ဦးစီးကျင်းပသည့် မျက်နှာစုံညီ အစည်းအဝေးကို  နိုင်ငံတကာက သတိထားစောင့်ကြည့်ခဲ့ကြသည်။

ဥပါသကာ မြန်မာပညာရှိ မှော်ဘီဆရာသိန်း

မှော်ဘီဆရာသိန်း(၁၈၆၂-၁၉၄၂)သည် ပညာမင်းကြီးရုံး၌ တွဲဖက်ထားသော မြန်မာစာညွန့်ပေါင်း စုဆောင်းရေး အကြံပေးဘုတ် အဖွဲ့ရုံးတွင် တာဝန်ခံအယ်ဒီတာ အငြိမ်းစား အရေးပိုင်ဦးကျော်ဒွန်း နှင့်အတူ လက်ထောက်အယ်ဒီတာ(စာစုဆရာ) အဖြစ် လုပ်ကိုင်ခဲ့သည်။  အင်းစိန်နယ်ပိုင်ဝန်ထောက် စတူးဝပ်နှင့် မျက်နှာဖြူ အရာရှိများအား မြန်မာစာ၊မြန်မာစကား သင်ပေးခဲ့ရသည့် နည်းတူ ထိုစဉ်က ဒုတိယပညာမင်းကြီး စိုက်နှင့် နေ့စဉ်တွေ့ဆုံရကာ မင်းကြီးသိလိုသော မြန်မာမှုများကိုရှင်းပြရခြင်း၊ မြန်မာစာနှင့် ပတ်သက်သည်များကို ကြည့်ရှုပြင်ဆင်ပေးရခြင်းများ ဆောင်ရွက်ပေးခဲ့ရသည်။

အကိုက်အခဲပျောက်ဆေးနှင့်အန္တရာယ်

အကိုက်အခဲပျောက်ဆေးမှာ စတီးရွိက်မဟုတ်တဲ့ အကိုက်အခဲဆေးတွေဟာ ကမ္ဘာတစ်ဝန်းအသုံး အများဆုံး ဆေးတွေမှာ ပါဝင်တယ်။ အမေရိကန်နိုင်ငံမှာ လူဦးရေရဲ့ ၅ ဒသမ ၄ ရာခိုင်နှုန်း လူ ၁၃ သန်းကျော်မှာ    အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုး သောက်သုံးနေရပြီး လူ ၁၀၀၀၀-၂၀၀၀၀ ဟာ အကိုက်အခဲပျောက်ဆေး ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် နှစ်စဉ်သေဆုံးလျက်ရှိတယ်လို့ ဆိုတယ်။

အသံတူမြန်မာဗျည်းများ

ဘဘ နေကောင်းလား

သြော်...သမီးပါလား။ ကောင်းပါတယ်ကွယ်။ သမီးနဲ့စကားမပြောရတာ တော်တော်ကြာပြီနော်

သမီးလာပါတယ် ဘဘ။ ဘဘတို့လူကြီးတွေ စကားပြောနေကြတာနဲ့  သမီးမနှုတ်ဆက်ဖြစ်တာပါ

အေးပါ၊ ဘဘတို့ သူငယ်ချင်းတွေ    အပြောစကားပြေအကြောင်း စကားစပ်မိရင်း စကားဝိုင်းဖွဲ့ကြတာ တော်တော်ကြာသွားတယ်။ ကဲ...သမီး ပြောချင်တာကလေးတွေ  စဉ်းစားထားတာရှိမယ် ထင်တယ်။ နားထောင်ရအောင်

ဟိုတစ်ရက်က သမီးမောင်လေးရဲ့ သူငယ်တန်းဖတ်စာ စာအုပ်ကိုလှန်ကြည့်ရင်း ကကြီး၊ ခခွေး ဗျည်း ၃၃ လုံးဇယားကိုတွေ့တာနဲ့ ဘဘကိုမေးချင်တာတစ်ခုစိတ်ထဲမှာပေါ်လာလို့ပါ ဘဘ

ဘာပါလိမ့်၊ မေးလေ

အရင်တုန်းကတော့  မစဉ်းစားမိပါဘူး ဘဘ။

ရန်ပုံငွေမလောက်ငသည့်ပြဿနာနှင့် တွေ့ကြုံနေရသည့် ကမ္ဘာ့ကုလသမဂ္ဂ

ကမ္ဘာပေါ်၌ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ငြိမ်းချမ်းရေးအတွက်ရှေးရှုသော ကြားခံအဖွဲ့အစည်း ဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂ (UN) အဖြစ် တည်ထောင် လာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်သည်။

ထိုအတောအတွင်း ကမ္ဘာလုံးဆိုင်ရာကုလသမဂ္ဂ၏ ကူညီထောက်ပံ့ရေးအစီအစဉ်များကြောင့် နိုင်ငံတကာ၏ အားပေးထောက်ခံမှုများရရှိခဲ့ကာ မေးခွန်းထုတ် စရာများလည်း မရှိခဲ့ပေ။

ဆေးဘက်ဆိုင်ရာတွင်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ကဏ္ဍက ထိပ်ဆုံးသို့ရောက်ခဲ့ကာ တစ်ကမ္ဘာ လုံး၏ယုံကြည်မှုကို ယူထားနိုင်ခဲ့သည်။

၁၂ လ ရာသီပန်းများနှင့် ကျန်းမာရေး အာနိသင်များ

မြန်မာလ၏  ၁၂ လရာသီပန်းများအကြောင်းကို ရာသီမသိ ပန်းနှင့်ညှိ ဟု အမည်ရသော ချစ်စရာ ကဗျာလေးတစ်ပုဒ်ကို  ကင်းဝန်မင်းကြီးက ယခုလို ရေးဖွဲ့သီကုံးခဲ့သည်။

မြတ်နိုးခုံမင်အပ်သော အရည်အသွေးနှင့်အသုံးချခွင့်

ရိုက်ခတ်လာသော  ကမ္ဘာ့ကပ်ရောဂါဆိုးကိုဗစ်ကြောင့် မြန်မာနိုင်ငံကိုလည်း  အထိနာစေရာ STAY AT HOME ကိစ္စလည်း သက်ဝင်လာသည်။ လှုပ်လှုပ်ရှားရှားကျင်လည်ကာ    အရည်အသွေးရှိအောင် လေ့ကျင့်အသုံးချသူများ အတော်ပင် အထိနာသည်ဟု ဆိုချင်၏။ မြတ်နိုးခုံမင်အပ်သော အရည်အသွေး ထုတ်ဖော်ခွင့် မရကြပေရာ တစ်ကိုယ်တော်အစွမ်းအစထုတ်ဖို့သာရှိ၏။ လေ့လာ

ကျွန်ုပ်တို့မှားတတ်သော အင်္ဂလိပ်အသံထွက်များ (၁)

အခြေခံပညာကျောင်းများ၌ သင်ကြားသည့် တစ်ခုတည်းသောနိုင်ငံခြားဘာသာ စကားသည် အင်္ဂလိပ် ဘာသာစကားဖြစ်သည်။ သို့ဖြစ်၍ စကားပြောရာတွင် အင်္ဂလိပ်စကားလုံးများ မလွှဲမကင်းသာ ညှပ်၍ ပြောမိတတ်ကြသည်။ တစ်ခါတစ်ရံ ပြောလိုသည့် အကြောင်းအရာကို အင်္ဂလိပ်လိုသုံးနှုန်းလျှင်  ပိုရှင်းသည် ဟုပင် ထင်တတ်သေးသည်။ အင်္ဂလိပ်စာတတ်သော ဆရာတော်ကြီးများ တရားဟောရာတွင် တစ်ခါတစ်ရံ   အင်္ဂလိပ်လိုညှပ်၍ဟော သည်ကိုလည်း တွေ့ရသည်။ တရားတော်ထဲမှ တချို့ပါဠိစကားများကို ဆရာတော် ကြီးများက အင်္ဂလိပ်လိုသုံးနှုန်းပြသည့်အခါ တိုတိုနှင့်လိုရင်းရောက်သည်ကို တွေ့ရသည်။ သာဓကအားဖြင့် ဝိစိကိစ္ဆာ ကို doubt ဟု ရှင်းပြခြင်းမျိုး၊ အတ္တသမ္မာ ပဏိဓိစ

အစွယ်ကျိုးသည့်မြွေ ဦးချိုကျိုးသည့်နွားပမာ

“သူတစ်ပါးအကြောင်း ကောင်းသောဘက်မှ အကျင့်လုပ်၍ပြောကြည့်ပါ။ သင်စိတ်ချမ်းသာပါမည်” အထက်ပါ ပညာပေးစာတန်းလေးကို စာကြည့်တိုက်တစ်ခုတွင် စာရေးသူဖတ်ခဲ့ရပြီး မှတ်သားခဲ့သည်ကို ပြန်လည်မျှဝေ ပေးခြင်းဖြစ်သည်။ အတွေးကောင်းသော စာကြည့်တိုက်မှူးကို စာရေးသူချီးကျူးမိပါ၏။