အသံတူမြန်မာဗျည်းများ
ဘဘ နေကောင်းလား
သြော်...သမီးပါလား။ ကောင်းပါတယ်ကွယ်။ သမီးနဲ့စကားမပြောရတာ တော်တော်ကြာပြီနော်
သမီးလာပါတယ် ဘဘ။ ဘဘတို့လူကြီးတွေ စကားပြောနေကြတာနဲ့ သမီးမနှုတ်ဆက်ဖြစ်တာပါ
အေးပါ၊ ဘဘတို့ သူငယ်ချင်းတွေ အပြောစကားပြေအကြောင်း စကားစပ်မိရင်း စကားဝိုင်းဖွဲ့ကြတာ တော်တော်ကြာသွားတယ်။ ကဲ...သမီး ပြောချင်တာကလေးတွေ စဉ်းစားထားတာရှိမယ် ထင်တယ်။ နားထောင်ရအောင်
ဟိုတစ်ရက်က သမီးမောင်လေးရဲ့ သူငယ်တန်းဖတ်စာ စာအုပ်ကိုလှန်ကြည့်ရင်း ကကြီး၊ ခခွေး ဗျည်း ၃၃ လုံးဇယားကိုတွေ့တာနဲ့ ဘဘကိုမေးချင်တာတစ်ခုစိတ်ထဲမှာပေါ်လာလို့ပါ ဘဘ
ဘာပါလိမ့်၊ မေးလေ
အရင်တုန်းကတော့ မစဉ်းစားမိပါဘူး ဘဘ။