နိုင်ငံတကာသတင်း

မော်ဒိုက်နိုင်ငံက အစ္စရေး နိုင်ငံသားများကို ပြည်ဝင်ခွင့်ပိတ်

 

မော်ဒိုက်နိုင်ငံက အစ္စရေး နိုင်ငံသားများကို ပြည်ဝင်ခွင့်ပိတ်

 

    မော်ဒိုက်နိုင်ငံက ဂါဇာအရေးတွင် အစ္စရေးနိုင်ငံကိုဆန့်ကျင်သော အားဖြင့် ထိုနိုင်ငံသားများကို ပြည်ဝင်ခွင့် ပိတ်လိုက်ကြောင်း မော်ဒိုက် သမ္မတရုံးက ဇွန်လ ၂ ရက်တွင် ထုတ်ပြန်သည်။

မော်ဒိုက်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လှပသော ကျွန်းပေါင်း ၁၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ဇိမ်ခံအပန်းဖြေစခန်း တစ်ခုလည်းဖြစ်သည်။

OPEC+  ကရေနံထုတ်လုပ်မှုကို ဆက်လက် လျှော့ချထားမည်

 

OPEC+  ကရေနံထုတ်လုပ်မှုကို ဆက်လက် လျှော့ချထားမည်

 

    ရေနံတင်ပို့သည့်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအဖွဲ့ OPEC+ က ရေနံဈေးနှုန်းကို လက်ရှိအတိုင်း ဆက်လက်ထိန်းသိမ်း ထားနိုင်ရေးအတွက် ရေနံထုတ်လုပ်မှုကို ဆက်လက်လျှော့ချထားမည်ဟု ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ဗြိတိန်ထောက်လှမ်းရေးက အစိုးရဝန်ထမ်းများကို အသုံးချပြီး သတင်းရယူနေ

 

ဗြိတိန်ထောက်လှမ်းရေးက အစိုးရဝန်ထမ်းများကို အသုံးချပြီး သတင်းရယူနေ

 

ဗြိတိန်ထောက်လှမ်းရေး အဖွဲ့ဖြစ်သည့်  MI6 က အစိုးရဝန်ထမ်းများကို အသုံးချပြီး သတင်းရယူနေကြောင်း တရုတ်အစိုးရက ဇွန်လ ၃ ရက်တွင်ပြောသည်။

MI6  အဖွဲ့သည် တရုတ်ဗဟို အစိုးရအတွက် အလုပ်လုပ်ပေးနေသော ဝန်ထမ်း နှစ်ဦးကို စည်းရုံးကာ ဗြိတိန်နိုင်ငံအတွက် သူလျှိုအဖြစ် ခိုင်းစေနေကြောင်း နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အိန္ဒိယက တိုးဂိတ်များ၌ ယာဉ်များ၏ လမ်းအသုံးပြုခကို တိုးမြှင့်ကောက်ခံမည် 

 

အိန္ဒိယက တိုးဂိတ်များ၌ ယာဉ်များ၏ လမ်းအသုံးပြုခကို တိုးမြှင့်ကောက်ခံမည် 

 

    အိန္ဒိယနိုင်ငံက  ဇွန်လ ၃ ရက်မှစ၍ တိုးဂိတ်များ၌ ယာဉ်များ၏ လမ်းအသုံးပြုခကို တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အိန္ဒိယနိုင်ငံ၌ ယာဉ်များ၏လမ်းအသုံး ပြုခများကို ငွေကြေးဖောင်းပွမှုနှင့် လျော်ညီ အောင် နှစ်စဉ်ပြန်လည်သုံးသပ်ကောက်ခံမှု များ လုပ်ဆောင်လျက်ရှိသည်။

ပြင်သစ်စစ်ရေးနည်းပြများ ယူကရိန်းသို့ လာနေပြီဟုဆို

 

 

ပြင်သစ်စစ်ရေးနည်းပြများ ယူကရိန်းသို့ လာနေပြီဟုဆို

 

    ပြင်သစ်နိုင်ငံမှ စစ်ရေးနည်းပြများ ပါဝင်သည့် ပထမအဖွဲ့ အနေဖြင့် ယူကရိန်းနိုင်ငံသို့ လာနေပြီဖြစ်ကြောင်း ယူကရိန်း လွှတ်တော်အမတ်တစ်ဦးက ယခုသီတင်းပတ် အကုန်တွင်ပြောသည်။

ထိုင်ဝမ်ကျွန်းနှင့် ငြိမ်းချမ်းစွာပြန်လည် ပေါင်းစည်းရေး ကြိုးပမ်းမှု ဆုတ်ယုတ်လျော့ပါးလာပြီဟု တရုတ်ပြော         

 

ထိုင်ဝမ်ကျွန်းနှင့် ငြိမ်းချမ်းစွာပြန်လည် ပေါင်းစည်းရေး ကြိုးပမ်းမှု ဆုတ်ယုတ်လျော့ပါးလာပြီဟု တရုတ်ပြော         

 

    ထိုင်ဝမ်ကျွန်းနှင့် ငြိမ်းချမ်းစွာပြန်လည် ပေါင်းစည်းရေးအတွက် တရုတ်နိုင်ငံ၏ကြိုးပမ်းမှုက ခွဲထွက်ရေးသမားများနှင့်ပြင်ပ အင်အားစုများကြောင့် ဆုတ်ယုတ်လျော့ပါးလာပြီ ဖြစ်ကြောင်း  တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောသည်။

ကျောက်နှင့်မြေသားနမူနာများ ရယူမည့် တရုတ်၏ လေ့လာရေးယာဉ် လ၏ တောင်ဝင်ရိုးစွန်းသို့ အောင်မြင်စွာ ဆင်းသက်

 

ကျောက်နှင့်မြေသားနမူနာများ ရယူမည့် တရုတ်၏ လေ့လာရေးယာဉ် လ၏ တောင်ဝင်ရိုးစွန်းသို့ အောင်မြင်စွာ ဆင်းသက်

 

    တရုတ်နိုင်ငံက လွှတ်တင်လိုက်သော လလေ့လာရေးယာဉ်ဖြစ်သည့် Chang'e-6သည် ဇွန်လ ၂ ရက် နံနက်ပိုင်းတွင် လ၏တောင်ဝင်ရိုးစွန်းသို့ အောင်မြင်စွာ ဆင်းသက်နိုင်ကြောင်း သိရသည်။

အဆိုပါ လေ့လာရေးယာဉ်သည် အမြဲတမ်းအမှောင်ဖုံးနေသော လ၏တောင်ဝင်ရိုးစွန်းမှ ကျောက်နှင့်မြေသားနမူနာများကို ရယူသွားမည်ဖြစ်သည်။ ထိုကဲ့သို့ရယူရန် ကြိုးပမ်းခြင်းသည် ကမ္ဘာ့ပထမဆုံးလည်းဖြစ်သည်။

အိန္ဒိယ၏ စီးပွားရေး မျှော်မှန်းထားသည်ထက် ပိုမိုတိုးတက်လာ

အိန္ဒိယ၏ စီးပွားရေး မျှော်မှန်းထားသည်ထက် ပိုမိုတိုးတက်လာ

နယူးဒေလီ၊ စီးပွားရေး

အိန္ဒိယနိုင်ငံ၏စီးပွားရေးသည် မျှော်မှန်းထားသည်ထက် ပိုမိုတိုးတက်လာကြောင်း မတ်လတွင် ကုန်ဆုံးခဲ့ သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်   စီးပွားရေးတိုးတက်မှုမှာ ၈ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

နိုင်ငံ၏အရန် စစ်အင်အားကိုးသိန်းကို အသက်သွင်းရန် ဂျာမနီလွှတ်တော်အမတ်တောင်းဆို

နိုင်ငံ၏အရန် စစ်အင်အားကိုးသိန်းကို အသက်သွင်းရန် ဂျာမနီလွှတ်တော်အမတ်တောင်းဆို

ဘာလင်၊ ပြည်တွင်းရေး

ရုရှားနိုင်ငံက စစ်ပြင်ဆင်နေသည်ဟု ဆိုကာ ဂျာမနီအစိုးရနှင့် တပ်မတော်အနေဖြင့် နိုင်ငံ၏ အရန် စစ်အင်အား ကိုးသိန်းကို အသက်သွင်းရန် ဂျာမနီလွှတ်တော်အမတ် တစ်ဦးက တောင်းဆိုလိုက် ကြောင်းသိရ သည်။

ဟားမတ်အဖွဲ့ချေမှုန်းခံရမှသာ ဂါဇာ၌ အမြဲတမ်းအပစ်အခတ်ရပ်စဲရေးရမည်ဟု နေတန်ယာဟုပြော

ဟားမတ်အဖွဲ့ချေမှုန်းခံရမှသာ ဂါဇာ၌ အမြဲတမ်းအပစ်အခတ်ရပ်စဲရေးရမည်ဟု နေတန်ယာဟုပြော

ဂျေရုဆလင်၊ စစ်ရေး

ဟားမတ်အဖွဲ့ကို အပြီးတိုင်ချေမှုန်းပြီးမှသာ ဂါဇာ၌အမြဲတမ်းအပစ်အခတ်ရပ်စဲရေးရရှိမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဇွန်လ ၁ ရက်တွင်ပြောသည်။