ပေကျင်းမြို့၌ ရွာသွားသည့်မိုးက နှစ်ပေါင်း ၁၄၀ အတွင်း အသည်းထန်ဆုံးဖြစ်
ပေကျင်းမြို့၌ ရွာသွားသည့်မိုးက နှစ်ပေါင်း ၁၄၀ အတွင်း အသည်းထန်ဆုံးဖြစ်
ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း ပေကျင်းမြို့၌ ရွာသွန်းသွားသော မိုးသည် နှစ်ပေါင်း ၁၄၀ အတွင်း အသည်းထန်ဆုံးဖြစ်ကြောင်း ပေကျင်း မိုးလေဝသဌာနက သြဂုတ် ၂ ရက်တွင်ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းမှုအတွင်း အမြင့်ဆုံးမိုးရေချိန်သည် ၇၄၄ ဒသမ ၈ မီလီမီတာရှိကြောင်းနှင့် ယခင် အမြင့်ဆုံး မိုးရေချိန်မှာ ၁၈၉၁ ခုနှစ်တွင် တိုင်းတာရရှိခဲ့သည့် ၆၀၉ မီလီမီတာ ဖြစ်ကြောင်း ပေကျင်းမိုးလေဝသ ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။