မှူခင်းသတင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်ရန် လက်လုပ်မိုင်း ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိ

နေပြည်တော်  မေ  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ မေလ ၂၂ ရက်နေ့က အဖျက်အမှောင့် လုပ်ငန်းလုပ်ဆောင်ရန်   လက်လုပ်မိုင်း ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးအား မသမာသူ လူတစ်စုက မီးပုလင်းဖြင့်ပစ်ပေါက်ခဲ့၍ မီးလောင်ပျက်စီးဆုံးရှုံး

နေပြည်တော်၊ မေ ၁၈

    ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးအား မသမာသူလူ တစ်စုက မီးပုလင်းဖြင့်ပစ်ပေါက်ခဲ့၍ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး အတွင်းရှိ ပြည်သူ့ပိုင်ပစ္စည်း များအား ဝင်ရောက်ဖျက်ဆီးခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်

နေပြည်တော်၊ မေ - ၁၈

စဉ့်ကိုင်မြို့နယ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြောင်းမဲ့ဝင်ရောက်  သတ်ဖြတ်၊ တိုက်ခိုက် ခဲ့သည့် အကြမ်းဖက်သူများ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၁၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စက်ရုံ၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား မေ ၅ ရက်တွင် အကြမ်းဖက် သူများက အကြောင်းမဲ့ဝင်ရောက် အကြမ်းဖက် ရန်ပြုတိုက်ခိုက်မှူကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ကျဆုံးခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် သူနာပြုများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်(၁၈-၅-၂၀၂၁)

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ပညာရေးဝန်ထမ်းများအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်(၁၈-၅-၂၀၂၁)

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ် သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၁၈

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ် သိမ်းဆည်းလျက်ရှိရာ မေလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရဲဘော်ကြီးကျေးရွာနေ မျိုးမြင့်(စိစစ်ဆဲ)၏ တောင်ယာတဲများအတွင်းမှ ၎င်း၏ သားဖြစ်သူ မျိုးလွင်ဦး (၃၁)နှစ် (ဘ)ဦးမျိုးမြင့်အား PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်သေနတ် ၂ လက်နှင့် အကြမ်းဖက်ရာတွင် အသုံးပြုသော အခြားဆက်စပ်ပစ္စည်းများနှင့် အတူ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊  အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အား အကြမ်းဖက်သူများကမီးရှို့

နေပြည်တော်၊ မေ - ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းအား မေ ၁၇ ရက်ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက်သူများ၏ မီးရှို့မှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။မီးလောင်မှုဖြစ်ပွားရာနေရာသို့  နယ်မြေခံ တပ်မတော်သားများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မီးသတ်ယာဉ် ၂ စီး၊ ရေသယ် ယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့်  ည ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြိမ်း သွားခဲ့သည်။

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သောင်းကျန်းသူများက လုံခြုံရေး တပ်ဖွဲ့စခန်းနှင့် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ မေ ၁၅

၂၀၂၁ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် မြို့နယ်အချို့၌ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက လုံခြုံရေး တပ်ဖွဲ့စခန်းနှင့် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများက နိုင်ငံတော်ပိုင်အဆောက်အဦများနှင့် အများပြည်သူပိုင်နေအိမ်အဆောက်အဦများအား မီးပုလင်း၊ မီးကွင်းများဖြင့် မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မေ ၁၅

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများက နိုင်ငံတော်ပိုင် အဆောက်အဦများနှင့် အများ ပြည်သူပိုင်နေအိမ် အဆောက်အဦများအား မီးပုလင်း၊ မီးကွင်းများဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ သည်။