မုန်တိုင်းငယ်၏ လက်ရှိ အခြေအနေကို အဝါရောင် အဆင့်ဟု သတ်မှတ်
နေပြည်တော် နိုဝင်ဘာ ၃ဝ
ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ် နေသော မုန်တိုင်းငယ် (Depression) သည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး သီရိလင်္ကာ နိုင်ငံ ထရီ ကို မာလီ D(Trincomalee) မြို့၏ အရှေ့- အရှေ့တောင်ဘက် ရေမိုင် ၃၇ဝ မိုင်ခန့်နှင့် အိန္ဒိယ နိုင်ငံ ကန်ညာ ကူမာရီ (Kanyakumari) မြို့၏ အရှေ့ဘက် ရေမိုင် ၅၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေသည်။
မုန်တိုင်းငယ် (Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေ အနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။