အားကစား

တစ်ရာသီအတွင်း ချန်ပီယံလိဂ် အက်ဖ်အေဖလားနှင့် လိဂ်ဖလားပြိုင်ပွဲသုံးခုစလုံး ဗိုလ်လုပွဲ တက်ရောက်နိုင်သည့် ပထမဆုံးအသင်းအဖြစ် လီဗာပူးအသင်းမှတ်တမ်းဝင်

လီဗာပူးအသင်းသည်   ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗီလာရီးယဲလ်အသင်းကို  အနိုင်ရရှိပြီး  ဗိုလ်လုပွဲသို့ တက်ရောက်ပြီးနောက်  ဘောလုံးရာသီတစ်ခုအတွင်း ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနှင့် လိဂ်ဖလား (ကာရာ ဘောင်းဖလား) ပြိုင်ပွဲတို့တွင် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့်  အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း  သိရ သည်။

အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်ကြောင့် ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည့် အရေးနှင့် ရင်ဆိုင်နေရ

ချယ်လ်ဆီးအသင်းအနေဖြင့်   အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်ကြောင့် လာမည့်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည့် အရေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၁၃၄၄ ခုအားစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၂၇ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၂၄ ရာခိုင်နှုန်းရှိ

နေပြည်တော်  မေ  ၄

ရီးယဲလ်မက်ဒရစ်အသင်း ခံစစ်ကစားသမား အလာဘာ တံကောက်ကြောဒဏ်ရာသက်သာခြင်း မရှိသည့်အတွက် ယခုဘောလုံး ရာသီကုန်ချိန်အထိ အနားယူရဖွယ်ရှိနေ

ရီးယဲလ်မက်ဒရစ်အသင်း ခံစစ်ကစားသမားတစ်ဦးဖြစ်သည့် အလာဘာအနေဖြင့် တံကောက်ကြောဒဏ်ရာ သက်သာခြင်း မရှိသေးသည့်အတွက် ယခုဘောလုံးရာသီကုန်ချိန်အထိ    အနားယူရဖွယ်ရှိနေသည်ဟု သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းမည် ဖြစ်သော်လည်း စီရော်နယ်ဒိုအနေဖြင့် မန်ယူအသင်း၌ ဆက်ရှိနေမည် ဖြစ်ကြောင်း နည်းပြရင်းဂ်နစ်အတည်ပြု

မန်ယူအသင်း ယာယီနည်းပြရင်းဂ်နစ်က လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် နည်းပြသစ် တန်ဟတ်အနေဖြင့် အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းမည် ဖြစ်သော်လည်း စီရော်နယ်ဒိုအနေဖြင့် အသင်း၌သာ ဆက်ရှိနေလိမ့်မည်ဟု အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၇၈၅၆ ခုအားစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၀ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၁၃ ရာခိုင်နှုန်းရှိ

နေပြည်တော်  မေ  ၃

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ ဆီးဂိမ်းပြင်ဆင်မှု နောက်ဆုံးခြေစမ်းပွဲအဖြစ် တောင်ကိုရီးယား ယူ-၂၀ အသင်းနှင့်ယှဉ်ပြိုင်

နေပြည်တော်   မေ  ၃

ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် ဆုဖလားအများဆုံးရရှိသည့် ကစားသမားအဖြစ် တောင်ပံကစားသမား မာဆယ်လို စံချိန်သစ်တင်

ရီးယဲလ်မက်ဒရစ်အသင်း  ဝါရင့်တောင်ပံကစားသမား  မာဆယ်လိုသည်  ယခုဘောလုံးရာသီတွင် အသင်းနှင့်အတူ   စပိန်လာလီဂါဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် ဆုဖလား အများဆုံး ရရှိသည့် ကစားသမားအဖြစ်  စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အဆင်မပြေ ဖြစ်နေသည့် တိုက်စစ်မှူး ဒမ်ဘီလီကို ခေါ်ယူရန် ပီအက်စ်ဂျီအသင်း ကမ်းလှမ်းမှုများ စတင်ပြုလုပ်

ပီအက်စ်ဂျီအသင်းသည်  လာမည့် နွေရာသီကစား သမားအပြောင်းအရွှေ့ကာလတွင်  ပထမဆုံးခေါ်ယူ မည့်ကစားသမားအဖြစ်   ဘာစီလိုနာအသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန်အတွက် အဆင်မပြေ ဖြစ်နေသည့်   တိုက်စစ်မှူး    ဒမ်ဘီလီကိုခေါ်ယူရန် တရားဝင်ကမ်းလှမ်းမှုများ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်း လီဝန်ဒေါစကီးကို ခေါ်ယူရန် အဆင်မပြေသည့်အတွက် ချယ်လ်ဆီးအသင်းမှ လူကာကူကို လာမည့်ရက်ပိုင်းအတွင်း ကမ်းလှမ်းမည်

ဘာစီလိုနာအသင်းက လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ထိပ်တန်းတိုက်စစ် ကစားသမားတစ်ဦး ခေါ်ယူရန်ပြင်ဆင်နေပြီး အစောပိုင်းက ဘိုင်ယန်မြူးနစ်အသင်းမှ လီဝန်ဒေါစကီးကို ခေါ်ယူရန်ပြင်ဆင်ခဲ့သော်လည်း အဆင်မပြေသည့် အတွက် ချယ်လ်ဆီးအသင်းနှင့် အနာဂတ်မရေမရာ ဖြစ်နေသော  လူကာကူကို  လာမည့်ရက်ပိုင်းအတွင်း ကမ်းလှမ်းမှုများ ပြုလုပ်မည်ဖြစ်သည်။