အားကစား

I.S.P.E အက်ဖ်စီအသင်းက ရခိုင်ယူနိုက်တက် အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ

I.S.P.E အက်ဖ်စီအသင်းက ရခိုင်ယူနိုက်တက် အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ

နေပြည်တော်  ဇွန်  ၂၉

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁) မှ  I.S.P.E အက်ဖ်စီအသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားရာ I.S.P.E အက်ဖ်စီအသင်းက ရခိုင်ယူနိုက်တက်အသင်းကို  ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။

လာမည့်ဘောလုံးရာသီတွင် အသုံးပြုဝတ်ဆင်မည့် နယူးကာဆယ်အသင်း၏ ဂျာစီအသစ်ကို အသင်းပရိသတ်များ ဝေဖန်မှုပြုလုပ်

နယူးကာဆယ်အသင်းက     လာမည့်ဘောလုံး ရာသီတွင်အသုံးပြုဝတ်ဆင်မည့်ဂျာစီကို အတည်ပြု ကြေညာပြီးနောက်    ဆော်ဒီလက်ရွေးစင်အသင်း ဂျာစီနှင့်ဆင်တူနေသည့်အတွက် အသင်းပရိသတ်များက ဝေဖန်မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဂျိုအန်ဂမ်ပါဖလားဗိုလ်လုပွဲမှ နုတ်ထွက်ခဲ့သည့် ရိုးမားအသင်းကို ဘာစီလိုနာအသင်း တရားစွဲဆိုရန်စီစဉ်ထား

ဂျိုအန်ဂမ်ပါ ဖလားဗိုလ်လုပွဲမှ အကြောင်းပြချက်မရှိဘဲ နုတ်ထွက်ခဲ့သည့်  ရိုးမားအသင်းကို  ဘာစီ လိုနာအသင်းက တရားစွဲဆိုရန်စီစဉ်ထားပြီး အဆိုပါ ပွဲစဉ်အတွက် ပွဲကြည့်ခွင့်လက်မှတ် ဝယ်ယူထားသော ပရိသတ်များကိုလည်း လက်မှတ်ခများပြန်လည်ထုတ် ပေးမည်ဖြစ်ကြောင်း သိရသည်။

ဝါရင့်တိုက်စစ်မှူး စီရော်နယ်ဒို မန်ယူအသင်းနှင့် လမ်းခွဲပါက ၎င်း၏နေရာတွင် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး နေမာနှင့်အစားထိုးမည်

မန်ယူအသင်းသည် အသင်းမှ ဝါရင့်တိုက်စစ်မှူး စီရော်နယ်ဒို အသင်းနှင့်လမ်းခွဲခဲ့ပါက ၎င်း၏နေရာ၌ ပီအက်စ်ဂျီ အသင်းတိုက်စစ်မှူး နေမာနှင့်အစားထိုးမည် ဖြစ်ကြောင်း သိရသည်။

လီဗာပူးအသင်း သမိုင်းတစ်လျှောက် နှစ်ပေါင်း ၁၃၀ အတွင်း အခမ်းနားဆုံး သွင်းဂိုးအဖြစ် ဘာစီလိုနာ အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အိုရီဂီ၏ သွင်းဂိုးသတ်မှတ်ခံရ

လီဗာပူးအသင်းသမိုင်းတစ်လျှောက် နှစ်ပေါင်း  ၁၃၀ အတွင်း  အခမ်းနားဆုံးသောသွင်းဂိုးအဖြစ် ဘာစီလိုနာအသင်းနှင့်  လီဗာပူးအသင်းတို့ ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်မှ အိုရီဂီ၏ သွင်းဂိုးသတ်မှတ် ခံခဲ့ရကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဝန်ကြီးဌာန မိုးရာသီဌာန ပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဝန်ကြီးဌာန မိုးရာသီဌာန ပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဇွန် ၂၆

ဟံသာဝတီယူနိုက်တက် အသင်းက ဧရာဝတီယူနိုက်တက်အသင်းအား နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိ

နေပြည်တော်  ဇွန်  ၂၆

၂၀၂၂ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲစတင် ရန်ကုန်ယူနိုက်တက်က မြဝတီအက်ဖ်စီကို နှစ်ဂိုးပြတ်အနိုင်ရ

နေပြည်တော်  ဇွန် ၂၅

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီ တွင် သုဝဏ္ဏကွင်း၌ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁) ပွဲစဉ်အဖြစ် မြဝတီအက်ဖ်စီ- ရန်ကုန် ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားရာ ရန်ကုန်ယူနိုက်တက်မှ မြဝတီအက်ဖ်စီအား ၂ ဂိုး မရှိဖြင့် အနိုင်ရရှိသည်။

SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမနေ့ကျင်းပ

ရန်ကုန် ဇွန် ၂၅

SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကွာတားဖိုင်နယ် ပထမနေ့ ပြိုင်ပွဲကို ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ Club အသင်းများမှ လက်ဝှေ့အားကစားသမားများ၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်တာဝန် ရှိသူများ၊ လက်ဝှေ့ဝါသနာရှင်များ တက် ရောက်အားပေးခဲ့ကြသည်။