ရေစိမ်ခံတဲ့အပြင် ဆားရည်မပေါက်နိုင်တဲ့ မမ်မိုရီကတ်အသစ်များ
ဒီကနေ့ခေတ်မှာတော့ မမ်မိုရီကတ်အရွယ်အစားအပြည့် ထည့်စိုက်နိုင်တဲ့ စက်ပစ္စည်းတွေရှားပါးလာပါ ပြီ။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်ကင်မရာတွေမှာတော့ ပါဝင်နေပါသေးတယ်။ တကယ်လို့သာ ဒီလိုကင်မရာတွေ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ အချက်အလက်တွေထည့်သွင်းရာမှာ လျင်မြန်မှုရှိပြီး တကယ်ကို ရေရှည် အသုံးခံတဲ့ မမ်မိုရီကတ်တွေ လိုအပ်မှာပါ။
ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် ဆမ်ဆောင်းက မမ်မိုရီကတ်နှစ်မျိုးကို ထုတ်လုပ်လိုက်ပါ တယ်။ အဲဒီနှစ်မျိုးကတော့ EVO Plus နဲ့ PRO Plus တို့ပါပဲ။ နှစ်မျိုးစလုံးကတော့ 32GB ကနေ 256GB အထိရှိပါတယ်။