အယ်ဒီတာ့အာဘော်

လူသားတိုင်းအတွက် ကြက်ခြေနီ

ကမ္ဘာ့ကြက်ခြေနီနေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးသတိတရရှိလှသောအမည်မှာ ဟင်နရီဒူးနန့်ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ၁၈၂၈ ခုနှစ် မေလ ၈ ရက်တွင် မွေးဖွားသည်။ အသက် ၃၄ နှစ်တွင် စီးပွားရေးကိစ္စဖြင့် တတိယမြောက် နပိုလီယန်အား တွေ့ဆုံရန်သွားစဉ် ဆိုဖာရီနို စစ်မြေပြင်ကို ရောက်ရှိ သည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ မေ  ၅ ရက်)

မြန်မာနိုင်ငံတွင် နှစ်စဉ် မေလ ၅ ရက်ကို   မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အဖြစ် သတ်မှတ်ထားရာ ယနေ့သည် (၇၅)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ဖြစ်သည်။ မီးဘေးရှောင်မလောင်ခင်တား ဆောင်ပုဒ်သည် လူတိုင်းအတွက် သတိပြုရမည့် ဆောင်ပုဒ်ဖြစ်သည်။ မည်သည့် ဘေးအန္တရာယ်မဆို မဖြစ်ခင်ကကြိုတင်ကာကွယ်မှသာ ပျက်စီးဆုံးရှုံးမှု နည်းပါးမည်ဖြစ်သည်။ မီးသည် ရန်သူမျိုးငါးပါးတွင် တစ်ပါးပါဝင်သော်လည်း လူသားတို့အတွက် မီးသည်မရှိမဖြစ် အရာဖြစ်သည်။ ထို့ကြောင့် သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူဖြစ်သည်။

နေခြည်မှာရွှေရည်လောင်း တို့များ စာသင်ကျောင်း

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ မေ ၃ ရက်)

မိဘတိုင်းတွင် တူညီသော ရည်မှန်းချက်ရှိကြသည်။ မိမိတို့မှဆင့်ပွား မွေးဖွားလိုက်သော သားသမီး၊ မြေးမြစ်များကို ပညာတတ်ကြီးများ ဖြစ်စေချင်သည်။ ပညာတတ်ဖြစ်သည်နှင့်အတူ ရာထူးရာခံ ကြီးကြီးမားမားနှင့် သူတို့ဘဝကိုသူတို့အေးချမ်းစွာ ရပ်တည်သွားနိုင်သည့် အဖြစ်မျိုးကို လိုလားကြသည်။ သူတို့တတ်မြောက်ကျွမ်းကျင်ရာ ပညာရပ်နှင့် နယ်ပယ်အလိုက် အရေးပါအရာရောက်သူများ ဖြစ်စေချင်သည်။ မည်သည့် မိဘကမျှ မိမိတို့၏ မျိုးဆက်ကလေးများကို အသိမဲ့၊ ပညာမဲ့၊ လူမိုက်လူရမ်းကား ကလေးများဖြစ်စေချင်မည် မဟုတ်ပါ။

လူတိုင်းကံကောင်းနိုင်ကြပါစေ

လူတိုင်းသည် အစစအရာရာတွင် အဆင်ပြေပြေရှိနေစေချင်ကြသည်။ မပူပင်မတောင့်တ မကြောင့်ကြရသော ဘဝတွင်ဖြစ်လိုကြသည်။ လူချင်းတူသော်လည်း အချို့သောသူတို့အား မင်းမှူးမတ်ဖြစ်စေ၏။ အချို့သော သူတို့အား သူဌေးသူကြွယ်ဖြစ်စေ၏။ အချို့သောသူတို့အား လူမွဲလူဆင်းရဲဖြစ်စေ၏။ အချို့သောသူတို့အား အနာရောဂါနည်းစေ၏။ အချို့သောသူတို့အား အနာရောဂါများစေ၏။ အချို့သောသူတို့အား နား၊ နှာ၊ ခြေ၊ မျက်စိစသော အင်္ဂါကြီးငယ်ပြည့်စုံစေ၏။ အချို့သောသူတို့အား နား၊ နှာ၊ ခြေ၊ မျက်စိစသောအင်္ဂါကြီးငယ် ချို့တဲ့စေ၏။ အချို့သောသူတို့အား အလွန်လှပတင့်တယ်ခြင်း၊ တန်ခိုးအာဏာကြီးမားခြင်း၊ အသိအလိမ္မာ ဉာဏ်ပညာကြီးခြင်း၊ အသက်ရှည်ခြင်း၊ အမျိုးမြတ်ခြ

အလုပ်အကိုင်အခွင့်အလမ်းများဆောင်ရွက်ဖော်ဆောင်ရေး

နှစ်စဉ် မေလ ၁ ရက်နေ့ရောက်တိုင်း  အလုပ်သမားနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားများကို ဂုဏ်ပြုလျက်ရှိသည်။ ကမ္ဘာ့သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ၁၈ ရာစုအတွင်း ကမ္ဘာ့နိုင်ငံများ၌ စက်မှုထွန်းကားလာသည်။ ထိုစဉ်က အလုပ်သမားတို့၏အလုပ်လုပ်ချိန်မှာ တစ်နေ့လျှင် ၁၆ နာရီမှ နာရီ ၂၀ ခန့် အလုပ်လုပ်နေကြရသည်။ ပင်ပင်ပန်