အယ်ဒီတာ့အာဘော်

ဘာကြောင့်လဲဆိုရင် တိုင်းပြည်အတွက်ပဲ

မြန်မာနိုင်ငံ၏ဒီမိုကရေစီကျင့်သုံးမှုနှင့် ပတ်သက်၍ လွတ်လပ်ရေးရပြီးစကာလမှ ယနေ့တိုင်ကျင့်သုံးခဲ့သော စနစ်များကို ပြန်လည်တွေးဆကြည့်လျှင် လွတ်လပ်ပြီးစတွင် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသည်။

သာသနာနှင့်တပ်မတော်တည်တံ့ရှည်ကြာပါစေ

ရှေးစာဆိုတို့သည် တပေါင်းလသာယာပုံကို အထူးတလည်ဖွဲ့ဆိုကြသည်။ ပရိတ်ကြီးဆယ့်တစ်သုတ်၌ ပါဝင်သော ရတနသုတ်တွင် နွေဦးအစ(တပေါင်းလ)၌ အပင်တိုင်း ပင်လုံးကျွတ်ပွင့်သော တောအုပ်သည် အသရေရှိလှဘိသကဲ့သို့ဟူ၍ ဘုရားရှင်မိန့်ကြားခဲ့သော အနှိုင်းစကားက တပေါင်းလ၏သာယာပုံကို အလေး အနက်ဖော်ညွှန်းလျက်ရှိသည်။ ထို့ပြင် တပေါင်းလသည် ရာသီဥတုသာယာကြည်လင်သည့်အတွက် ခမည်းတော်စံရာ ကပိလဝတ်ပြည်သို့ကြွတော်မူလာရန် ကာဠုဒါယီမထေရ်က ဘုရားရှင်ကို လျှောက်ထား သည့်ဂါထာများတွင် နွေဦးသာယာပုံများကိုသရုပ်ဖော်ထားပါသည်။ ထိုဂါထာများကို မြန်မာမှုပြုကာ ပြန်လည် ရေးဖွဲ့သော အင်းဝခေတ်စာဆိုရှင် ရှင်အုန်းညို၏ ဂါထာခြောက်ဆယ်ပျို့တွင် တပေါင်းလ၏

လူငယ်မောင်မယ်တို့၏ အနာဂတ်တောက်ပရေး

CDM လှုပ်ရှားမှုလုပ်ဆောင်ခြင်းသည် တည်ဆဲအစိုးရတစ်ရပ်အား အခက်အခဲတွေ့အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။ အစိုးရအား အင်အားချည့်နဲ့သွားအောင် ထိုမှတစ်ဆင့် ပြုတ်ကျသွားရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့သော် CDM လှုပ်ရှားမှုကြောင့် အဓိက အထိခိုက်ခံရသည်မှာ ပြည်သူအများစုသာဖြစ်သည်။

ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှု

မြန်မာနိုင်ငံတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဆက်လက်တည်တံ့ ထွန်းကားရေးအတွက် တပ်မတော်သည် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဖြစ်ပေါ်လာရန် ဖန်တီးခဲ့သော အခြေအနေ အရပ်ရပ်ကိုလည်း ချပ