အယ်ဒီတာ့အာဘော်

တိုးတက်မြင့်မား ပြည့်အင်အား

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၄ ရက်တွင် စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆၂)သင်တန်း ဆင်းပွဲ၊ ဒီဇင်ဘာ ၇ ရက်တွင်  တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂) သင်တန်းဆင်း ပွဲနှင့် ဒီဇင်ဘာ ၁၁ ရက်တွင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၁)သင်တန်းဆင်း ပွဲများ ကျင်းပခဲ့ပြီးဖြစ်သည်။ သင်တန်းဆင်းဗိုလ်လောင်းများသည် တပ်မတော်တွင် ပြန်တမ်းဝင်အရာရှိ ခေါင်း ဆောင်ငယ်များအဖြစ် ကျရာတာဝန် ထမ်းဆောင်ကြရတော့မည်။ လူငယ်များပင်ဖြစ်သော်လည်း သင်ကြား တတ်မြောက်ထားသော ပညာရပ်များ၊ အရည်အချင်းများအရ ခေါင်းဆောင်တာဝန် ပေးအပ်ခံရခြင်းဖြစ်သည်။ သင်တန်းဆင်းပွဲများတွင် လူငယ်တို့၏တက်ကြွသေ

ရဲရင့်ခြင်းနှင့်လုံ့လဝီရိယ ရှိကြများသူငါ

မြန်မာ့သမိုင်းရာဇဝင်တွင် ထင်ရှားကျော်ကြားသော အနော်ရထာ၊ ကျန်စစ်သား၊ တပင်ရွှေထီး၊ ဘုရင့်နောင်၊ ရာဇာဓိရာဇ်၊ မင်းရဲကျော်စွာမှသည် အလောင်းမင်းတရား၊ ဆင်ဖြူရှင်တို့မှာ ရဲရင့်ခြင်းနှင့် လုံ့လဝီရိယ ပြည့်စုံသူများဖြစ်ကြသည်။ ကိုလိုနီခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်မှသည် ယနေ့ခေတ် တပ်မတော်သားတို့သည်လည်း ရဲရင့်ခြင်းနှင့် လုံ့လဝီရိယရှိသူများဖြစ်သည်။ ဘုရင့်နောင်နှင့် အလောင်းမင်း တရားတို့သည် သာမန်လူငယ်များဘဝမှ ရဲရင့်ခြင်းနှင့် လုံ့လဝီရိယကို အခြေခံ၍ မိမိတို့ရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်သူများဖြစ်သည်။

မိုးယံတစ်လွှား ဝင့်ကြွားချီနေ တပ်မတော်(လေ)

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်သည် တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု(၇၃)နှစ်ပြည့်မြောက် သည့်နေ့ဖြစ်သည်။ တပ်မတော်သည် အမျိုးသားအကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ရန်အတွက် ကြည်း၊ ရေ၊ လေတပ်မတော်များကို ခေတ်မီပြီးအင်အား တောင့်တင်းစေရန် ကြိုးပမ်းလျက်ရှိသည်။ တပ်မတော် အနေဖြင့် နိုင်ငံအပေါ် ကျရောက်လာနိုင်သည့် ပြည်တွင်းပြည်ပအန္တရာယ်များကိုကာကွယ်ရန် အဓိကတာဝန် ရှိသည်နှင့်အညီ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိကြရာတွင် သန္နိဋ္ဌာန်စိတ်ဖြင့် ရည်မှန်းချက်ပြီးမြောက်အောင်ဆောင်ရွက်ခဲ့သည်ချည်းဖြစ်သည်။ ယနေ့ကာလတွင် တပ်မတော်သည် နိုင်ငံ တော် အစိုးရ၏ အုပ်ချုပ်မှုယန္တရား၊ လမ်းပန်းဆက်သွယ

လိမ်လည်လှည့်ဖြားခံရခြင်းမှ ကင်းဝေးကြပါစေ

မြန်မာနိုင်ငံတွင် ပထမဦးဆုံး တိပိဋကဓရဘွဲ့တံဆိပ်တော်ရဆရာတော်မှာ မင်းကွန်းဆရာတော်ကြီးဖြစ်သည်။ ဆရာတော်ကြီးက မေတ္တသုတ်လာ မေတ္တာပွားနည်းများကို လွယ်လင့်တကူပူဇော်နိုင်ရန် သံပေါက် ကဗျာ ရေးဖွဲ့ထားခဲ့သည်။ ထိုအထဲတွင် လူအချင်းချင်း လှည့်ပတ်ခြင်းကင်းရှင်းကြပါစေဟူသော မေတ္တာပို့ တစ်ခု လည်းပါဝင်သည်။ ဤကမ္ဘာမြေပြင်တွင် လူသားအချင်းချင်း လိမ်လည်လှည့်ဖြားခြင်း ကင်းဝေးနေမည်ဆိုပါက ကမ္ဘာကြီးသည် သာယာနေမည်ဖြစ်သည်။ ယခုအခါ လူအချင်းချင်းသာမက နိုင်ငံအချင်းချင်းပင် လိမ်လည် လှည့်ဖြားနေကြသည်။ အထူးသဖြင့် အင်အားကြီးနိုင်ငံများက အင်အားငယ်သောနိုင်ငံများကို ကူညီပေး သယောင်ဖြင့် စိုးမိုးခြယ်လှယ

ပညာရှင်တို့၏ လေးစားဖွယ်စိတ်ဓာတ်

ဗုဒ္ဓဘာသာဝင်မြန်မာတို့သည် အခါကြီးရက်ကြီးများနှင့် သီတင်းကျွတ် အခါသမယတွင် မိမိထက်အသက်အားဖြင့် ကြီးမြင့်သူ၊ ဂုဏ်အားဖြင့်ကြီးမြတ်သူနှင့် မိဘဘိုးဘွားဆရာသမားများကို ရိုသေလေးစား ဂါရဝတရားဖြင့် ကန်တော့ကြသည်။ အပြစ်ရှိပါကလည်း သည်းခံခွင့်လွှတ်ပေးပါရန် ပန်ကြားကြသည်။ ဘာသာတရားကိုင်းရှိုင်းမှုနှင့်အတူ ပေါ်ပေါက်လာသည့်  မြန်မာ

ရှေ့သို့မျှော်မှန်း အောင်မြင်လမ်း

လူတိုင်းသည် မိမိဖြစ်လိုသောဘဝကို  မိမိသာရွေးပိုင်ခွင့်ရှိပေသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင် ပြီးသူများအနေဖြင့် မိမိဘဝအနာဂတ်အတွက် စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော် ဆေးတက္ကသိုလ် အစရှိသည်ဖြင့် လျှောက်ထားနိုင်သော တက္ကသိုလ်များရှိသကဲ့သို့ အခြားသော တက္ကသိုလ် ပေါင်းများစွာလည်း ရှိလေသည်။ မိမိလုပ်ချင်ရာကို ဖြစ်အောင်လုပ်မည်ဟူသော စိတ်မျိုးထားရှိလျှင် အောင်မြင်မှု ရရှိမည်မှာ အမှန်ဖြစ်သည်။ နိုင်ငံတော်တာဝန်ကို အဆင့်မြင့်သော ရာထူးတွင်ထမ်းဆောင်နေ ကြသူများ အားလုံးတွင် တူညီသောအချက်ရှိသည်။ ယင်းမှာ အားလုံးသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သူများ ဖြစ်ကြခြင်းပင်ဖြစ်

သမားဇာနည် အောင်စစ်သည်

လူသားတို့အတွက် အရေးကြီးဆုံးအရာသည်ကား ကျန်းမာခြင်းဖြစ်သည်။ အာရောဂျံ ပရမံလာဘံ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ကြောင်း လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ခန့်ကပင် ဘုရားရှင် ဟောတော်မူခဲ့သည်။ ကျန်းမာမှုရှိမှသာ လူ့ဘဝခရီးတွင် စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒပြည့်စုံမည်ဖြစ် သည်။ ကျန်းမာမှုရှိနေမှ၊ ကျန်းမာမှုရှိနေသော်လည်း သန်စွမ်းမှုရှိနေမှသာ မိမိနိုင်ငံကို မိမိတို့ကာကွယ် နိုင်မည်ဖြစ်သည်။ ထို့ကြောင့်

 ငါ့နိုင်ငံတော် ငါ့နိုင်ငံသားများအတွက် . .

ယဉ်ကျေးသောလူတိုင်းတွင် တာဝန်ဝတ္တရား အသီးသီး ရှိလေသည်။ မိဘ၌ဝတ္တရားရှိသကဲ့သို့ သားသမီးမှာလည်း ဝတ္တရားရှိသည်။ ထို့အတူ ဆရာ၏ဝတ္တရား၊ တပည့်၏ဝတ္တရား၊ လင်ယောက်ျား၏ဝတ္တရား၊ အိမ်သူသက်ထား ဇနီးမယား၏ဝတ္တရား စသည်ဖြင့် တာဝန်အသီးသီး ရှိကြရာ တိုင်းပြည်အတွက် ပြည်သူပြည်သားတို့ လိုက်နာဆောင်ရွက်ရမည့် ဝတ္တရားများလည်း ရှိလေသည်။ တိုင

အမျိုးသားနေ့ မမေ့အခါခါ နှစ်တစ်ရာတိုင်ခဲ့ပြီ

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့သည် မြန်မာတစ်မျိုးသားလုံး၏ နှစ် ၁၀၀ ပြည့်အမျိုးသားနေ့ဖြစ်သည်။ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို ပြန်ပြောင်းတွေးကြည့်လျှင် ကိုလိုနီခေတ် ၁၉၀၆ ခုနှစ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးပေါ်ပေါက်လာပြီးမကြာမီ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှုသမိုင်းတွင်မည့်

အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား

ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်မှ ကျင့်ဝတ် တီထွင် စွမ်းအားရှင်ဟူသော လမ်းညွှန် ဆောင်ပုဒ်အတိုင်း နည်းပညာရှင်ဗိုလ်လောင်းများကို မွေးထုတ်ပေးလျက်ရှိသည်မှာ ယခုဆိုလျှင် တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂)ပင်ရှိခဲ့လေပြီ။ နိုင်ငံတော်အတွက် အားထားရ သော “ကျား”၊ တပ်မတော်အတွက် “အား”၊ မိဘပြည်သူများအတွက် “သား”ဟုဆိုထိုက်သော စွမ်းအားရှင် များဖြစ်ကြပေသည်။ ယနေ့ခေတ်သမိုင်းသစ်တွင် မိမိတိုင်းပြည်ကို တည်ဆောက်ကြရာ၌ နိုင်ငံတော်၊ ပြည်သူ နှင့် တပ်မတော်က အားကိုးအားထားပြုထိုက်သော အင်ဂျင်နီယာအရာရှိများအဖြစ် ပေါ်ပေါက်လာခဲ့ပြီဖြစ် သည်။