အယ်ဒီတာ့အာဘော်

ပြည်သူများ ကျန်းမာရေးအတွက် တပ်မတော်ရှိသည်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်)

စာအုပ်စာစောင်များတွင် အများဆုံး ရေးသားကြသော အကြောင်းအရာမှာ လူတိုင်းစာဖတ်ရေး နှိုးဆော်ချက်များဖြစ်သည်။ အသက်အရွယ်မရွေး စာဖတ်သင့်ကြောင်း ဆောင်းပါးများ အတန်တန် ရေးသားနေကြသော်လည်း ယနေ့ခေတ်တွင် ဝမ်းနည်းဖွယ် အကောင်းဆုံးမှာ စာဖတ်မှု အားနည်းခြင်းပင်ဖြစ်သည်။ လူမှုကွန်ရက်ပေါ်တွင် အချိန်ကုန်ဖန် များလာသောအခါ လက်တွေ့မြေပြင်စာဖတ်မှု နည်းခဲ့ကြသည်။ မိမိသိရှိထားသော အချက်အလက်များကို မှန်ကန်မှုရှိ၊ မရှိလေ့လာနိုင်စွမ်း မရှိတော့ပေ။

သာသနာတော် တိုးတက်ထွန်းကားရေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံဖြစ်သည်။ မြတ်ဗုဒ္ဓ၏ သာသနာ အစစ်အမှန်သည် မြန်မာနိုင်ငံတွင်သာ တည်တံ့လျက်ရှိသည်။ ထေရဝါဒဗုဒ္ဓဘာသာ သာသနာ(၃)ရပ်တွင်  ပရိယတ္တိသာသနာသည် ပိဋကတ်စာပေသင်ကြားခြင်း ဖြစ်သည်။ ပဋိပတ္တိသာသနာသည် တရားတော်နှင့်အညီ ကျင့်သုံးခြင်း ဖြစ်သည်။ ပဋိဝေဒသာသနာသည်

စားနပ်ရိက္ခာဖူလုံရေး

ကမ္ဘာတွင် ကပ်ရောဂါကျရောက်မှုနှင့်ဆက်နွှယ်၍ စားနပ်ရိက္ခာအခက်အခဲနှင့်ကြုံတွေ့နေရသည်။  လူသားတို့ အသက်ရှင်ရေးမှာ အစာအာဟာရသည် အဓိကဖြစ်သည်။ လူဦးရေတိုးပွားလာမှုနှင့်အတူ စားနပ်ရိက္ခာ လိုအပ်ချက်မှာလည်း တိုးပွားလာသည်။ ကမ္ဘာ့နိုင်ငံများစွာတွင် စားနပ်ရိက္ခာပြတ်လပ်မှု၊ အာဟာရချို့တဲ့မှုများ ရှိနေသည်။ မြန်မာနိုင်ငံတွင်လည်း ကပ်ရောဂါကြောင့် စိုက်ပျိုးသူတောင်သူဦးကြီးတို့ သီးနှံများမှာ ဈေးကွက် အခက်အခဲကြုံတွေ့နေရသည်။ ထိုအခက်အခဲကို တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစ၍ ကူညီဖြေရှင်းပေးလျက်ရှိသည်မှာ ယနေ့တိုင်ဖြစ်သည်။

၀မ်းမြောက်ဖွယ် သတင်းကောင်းများ

ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူ (၅)ချက် ဖြစ်ပေါ်လာသော ခုနှစ်မှာ ၁၉၅၄ ခုနှစ်ဖြစ်သည်။ ထိုနှစ်တွင် မြန်မာ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၏ အိန္ဒိယနှင့်မြန်မာ ခရီးစဉ်အတွင်း ချမှတ်ခဲ့သော မူဝါဒများဖြစ်သည်။ ၁၉၅၄ ခုနှစ် ဇွန် ၂၈ ရက်တွင် နယူးဒေလီမြို့၌ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သ

အမျိုးသားနိုင်ငံရေးခရီးလမ်း

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုရှိနေကြောင်း လူမှုကွန်ရက်တွင် ဗီဒီယိုဖိုင် ပေါင်းများစွာပေါ်ထွက်ခဲ့သည်။ မဲဆွယ်စည်းရုံးစဉ်ကာလ၊ ကြိုတင်မဲကောက်ယူစဉ် ကာလများ အတွင်းမှာလည်း တရားမျှတမှုမရှိကြောင်း ဗီဒီယိုများပေါ်လာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် မဲပေးပြီးချိန်တွင် ပြိုင်ပွဲဝင်ကိုယ်စားလှယ်ကိုယ်တိုင်က သူတို့အနေဖြင့် မဲမသမာမှုပြုလုပ်ခံရကြောင်း သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ကြသည်။ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲကော်မရှင်၏ အမိန့် ထုတ်ပြန်ချက်အတိုင်း တပ်မဲရုံများကို ပြင်ပသို့ထုတ်ခွင့်ပေးခဲ့သည်။