အယ်ဒီတာ့အာဘော်

အမျိုးသားနိုင်ငံရေးခရီးလမ်း

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုရှိနေကြောင်း လူမှုကွန်ရက်တွင် ဗီဒီယိုဖိုင် ပေါင်းများစွာပေါ်ထွက်ခဲ့သည်။ မဲဆွယ်စည်းရုံးစဉ်ကာလ၊ ကြိုတင်မဲကောက်ယူစဉ် ကာလများ အတွင်းမှာလည်း တရားမျှတမှုမရှိကြောင်း ဗီဒီယိုများပေါ်လာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် မဲပေးပြီးချိန်တွင် ပြိုင်ပွဲဝင်ကိုယ်စားလှယ်ကိုယ်တိုင်က သူတို့အနေဖြင့် မဲမသမာမှုပြုလုပ်ခံရကြောင်း သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ကြသည်။ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲကော်မရှင်၏ အမိန့် ထုတ်ပြန်ချက်အတိုင်း တပ်မဲရုံများကို ပြင်ပသို့ထုတ်ခွင့်ပေးခဲ့သည်။

သတိနှလုံး အစဉ်သုံး ရွှင်ပြုံးနေ့စဉ်ပင်

ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ ရိုသေမြတ်နိုးရှိခိုးပူဇော်နေသော ဘုရားရှင်သည် သက်တော် ၈၀၊ ဝါတော် ၄၅ တွင် ပရိနိဗ္ဗာန်ပြုခဲ့သည်။ ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးဖြစ်သော်လည်း ဘုရားရှင်ဟောကြားတော်မူခဲ့သော တရား တော်များကား သုတ်၊ ဝိနည်း၊ အဘိဓမ္မာ စသည်ဖြင့်များပြားလွန်းလှပေသည်။ ဘုရားရှင်သည် ပရိနိဗ္ဗာန် ပြုမည့်ဆဲဆဲတွင်ပင် နောက်ဆုံးသြဝါဒမိန့်တော်မူခဲ့သည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်မပြုမီ နောက်ဆုံးသြဝါဒမှာ “ဟန္ဒ ဒါနိ ဘိက္ခေ၀ အာမန္တယာမိဝေါ၊ ဝယ ဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ-ရုပ်နာမ်ဓမ္မ သင်္ခါရ တရားတို့သည် ပျက်စီးခြင်းသဘောရှိကြကုန်သည်။ မမေ့မလျော့သောသတိတရားဖြင့် ပြီးပြည့်စုံအောင် အားထုတ်ကြကုန်လေ

စည်းကမ်းရှိ တရားမျှတ ရိုးသားသောဒီမိုကရေစီသို့

COVID-19 ရောဂါပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်းတွင် လူမှုဒုက္ခများ ပိုမိုဖြစ်ပွားလျက်ရှိသည်။ နိုင်ငံတကာတွင် တူညီသောခံစားမှုမှာ စီးပွားရေးကျဆင်းနေခြင်းဖြစ်သည်။ အသွားအလာကန့်သတ်မှု၊ လူစုလူဝေးတားမြစ် မှုများကြောင့် စီးပွားရေးလုပ်ငန်းများမှာ မျှော်မှန်းထားသလိုဖြစ်လာခဲ့သည်မဟုတ်ပေ။ နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားဟုဆိုရာတွင် စီးပွားရေးတစ်ခုတည်းသာမဟုတ်ဘဲ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး စသည်ဖြင့် ကဏ္ဍပေါင်းစုံ ပါဝင်လေသည်။ နိုင်ငံအချင်းချင်း ဆက်ဆံလျက်ရှိရာတွင် မြန်မာနိုင်ငံသည် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အားများ ဟန်ချက်ညီ တိုးတက်မှုရှိရန် လိုအပ်လှ ပေသည်။

ဂုဏ်တော်ထုံမွမ်း ပုံတော်မှန်းလျက်

မြန်မာလူမျိုးတို့မှာ ဘုရားစစ်ဘုရားမှန်ကို မိရိုးဖလာအားဖြင့် အထင်အရှားသိရှိ၍နေကြ သည်။ တရားစစ် တရားမှန်ကိုလည်း အထင်အရှားသိရှိ၍နေကြသည်။သံဃာစစ်သံဃာမှန်ကိုလည်း အထင်အရှားသိရှိ၍နေကြ သည်။ ဘုရားစစ်ဘုရားမှန်ဆိုသည်ကား ကပိလဝတ်ပြည်၌ မယ်တော်မာယာနှင့် သုဒ္ဓေါဒနမင်းကြီး ၏သား တော် သိဒ္ဓတ္ထမင်းသားသည် တောထွက်တော်မူပြီးလျှင် ဗောဓိပင်နှင့်ရွှေပလ္လင်၌ မာရ်ငါးပါးကိုအောင်မြင် တော်မူ၍ အရှင်ဂေါတမဘုရားဟု လောကသုံးပါး၌ ထင်ရှားပွင့်တော်မူသည်။ ဤအရှင်ဂေါတမဘုရားသည် သာလျှင် ဘုရားစစ်ဘုရားမှန်ဖြစ်သည်။ နမောတဿဆို၍ရှိခိုးခြင်းသည်လည်း ဤအရှင်ဂေါတမကိုသာ ရှိခိုး ခြင်းဖြစ်သည်။ အရဟံအစရှိသောဂုဏ်တော်ကိုးပါးသည်လည်း ဤအရ

စောင့်ထိန်းလိုက်နာ ကျင့်ဝတ်အဖြာဖြာ

တပ်မတော်သားတို့၏ နိုင်ငံချစ်စိတ်သည် အကြောင်းမဲ့ဖြစ်ပေါ်လာသည်မဟုတ်ပေ။ ပင်ကိုစိတ်ရင်းတွင် နိုင်ငံတော်ကိုချစ်တတ်အောင်၊ မြတ်နိုးတတ်အောင်လေ့ကျင့်သင်ကြားပေးမှုကြောင့်လည်း ပါဝင်လေသည်။ တပ်မတော်သားမှန်သမျှသည် တပ်မှအငြိမ်းစားယူသည့်တိုင် သူတို့ကိုယ်သူတို့ အမြဲတမ်းစစ်သားဟုခံယူထား ကြသည်မှာ နိုင်ငံချစ်စိတ်ပင်ဖြစ်သည်။ နိုင်ငံချစ်စိတ်ဟုဆိုရာ၌ အမျိုးဘာသာသာသနာနှင့်မျိုးချစ်စိတ်ဓာတ် တို့ပါဝင်ပြီးဖြစ်သည်။ တာဝန်ထမ်းဆောင်ဆဲဖြစ်စေ၊ အငြိမ်းစားဖြစ်ပါစေ သူတို့သည်နိုင်ငံတော်နှင့်တပ်မတော် ကို ချစ်ခင်မြတ်နိုးကြသည်မှာ သူတို့တွင် ကျင့်ဝတ်ကိုယ်စီရှိသောကြောင့်ပေတည်း။

ပြာသိုလပြည့် ချမ်းမြေ့သာယာ

တစ်နေ့သောအခါ မြတ်စွာဘုရားသည် ဥရုဝေလတောသို့<ကတော်မူသည်။ ထိုတောအုပ်၌ ဥရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပဟူသော ရသေ့ညီနောင်သုံးပါးတို့နေထိုင်သည်။ ထိုညီနောင်တို့တွင် ဥရုဝေလ ကဿပ၌ တပည့်ရသေ့ငါးရာ၊ နဒီကဿပ၌ တပည့်ရသေ့သုံးရာ၊ ဂယာကဿပ၌ တပည့်ရသေ့နှစ်ရာ အသီးသီး ရှိကြသည်။ ထိုသူတို့၏အယူဝါဒကား ကိလေသာခြောက်ခန်းမှ ရဟန္တာဖြစ်မည်။ ကိလေသာ ခန်းအောင် ပင်ပန်းစွာကစားပျော်ပါးမှ တစ်ပါးသောအာရုံသို့ စိတ်မရောက်ခြင်းရှိမည်။ သို့ဖြစ်၍ နံနက် နေမထွက်မီရေ၌ ဆင်း၍မြူးထူးပျော်ပါးကြသည်။ ဆွမ်းစားချိန်တန်မှတက်၍ ဆွမ်းစားပြီးသော် ကျည်းသား ဇယ်ပုံ တန်ကျစ်ခုံစသောကစားခြင်းတို့ဖြင့် ကစား၍ကိုယ်ကိုမီးကင်သည်။ မီးပူလာသောအခါ ရေမှာမျှ

ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်

ဤလောက၌ ဝိသမလောဘစီးပွားရေးသမားများရှိနေသရွေ့ကာလပတ်လုံး လူသားတို့သည် စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိလိမ့်မည်မဟုတ်ပေ။ထို့အတူ တိုင်းပြည်တိုးတက်ကြီးပွားမှုတွင်လည်း ဝိသမလောဘစီးပွားရေး သမားတို့သည် အဟန့်အတားသဖွယ်ဖြစ်နေပေသည်။ နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် ရသင့်သည့်အကျိုး စီးပွားတို့သည် ဝိသမလောဘစီးပွားရေးသမားတို့ကြောင့် ယုတ်လျော့နေပေမည်။ ထို့ကြောင့် တပ်မတော် သည် ပြည်သူ့အကျိုးစီးပွားကို ထိခိုက်စေမည့် ဘေးရန်အန္တရာယ်အပေါင်းကို ရှင်းလင်းပေးနေခြင်းဖြစ်သည်။