အယ်ဒီတာ့အာဘော်

အချိန်နှင့်တစ်ပြေးညီ ကူညီလျက်ရှိသည်

တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး လေပြင်းမုန်တိုင်း တိုက်ခတ်ကာ ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဘုတ်ပြင်းမြို့နယ်၊ ထောင်ခမက်ကျေးရွာအုပ်စု၊ ချောင်းကရှက်ကျေးရွာနှင့် ချောင်းကဖီးကျေးရွာ၊ ခမောက်ကြီးမြို့၊ ကော့သောင်း-ဘုတ်ပြင်းအဝေးပြေးကားလမ်းမကြီးနှင့် အမှတ်(၁)ရပ်ကွက်၊ ကော့သောင်းမြို့နယ်၊ ချန်းဖန်းကျေးရွာ၊ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ ထားဝယ်မြို့နယ်၊ စမ်းလှမ်းကျေးရွာနှင့်ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာများ အတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ပြီး နေအိမ်များပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ကော

အသက်ကို ဉာဏ်စောင့်၍ ဥစ္စာကိုကံစောင့်ပါသည်

 

လူတစ်ဦးတစ်ယောက်၏ မွေးနေ့ရောက်တိုင်း မိဘဆွေမျိုးမိတ်သင်္ဂဟများက မွေးနေ့ဆုတောင်း ပေးကြသည်။မွေးနေ့ဆုတောင်းတိုင်းတွင် တူညီသောအချက်မှာ ကျန်းမာချမ်းသာပါစေဟူသော စကားဖြစ်သည်။ ကျန်းမာမှအသက်ရှည်ရှည်နေထိုင်နိုင်မည်။ မကျန်းမာလျှင် အရွယ်မတိုင်မီ ကြွေလွင့်တတ်သည်။ အသက်ရှည်ရှည်နေထိုင်ရန်မှာ မိမိ၏ကိုယ်ပိုင်စဉ်းစားဉာဏ်ဖြင့် လုပ်ကိုင် ဆောင်ရွက်ရပေမည်။ အသက်ဉာဏ်စောင့်ဟူသောစကားရှိသည်။ မိမိ၏ဉာဏ်ဖြင့် အသက်ကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဟုဆိုလိုခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး

 

မူးယစ်ဆေးဝါးဟု အသံကြားလိုက်သည်နှင့် ပြည်သူတစ်ရပ်လုံး၏ရင်ထဲမှာ အော့နှလုံး နာစရာဖြစ်သည်။ မိမိတို့၏ သားသမီးများ၊ ဆွေမျိုးများ မူးယစ်ဆေးဝါးကြောင့် သေကွဲကွဲရခြင်း၊ ရှင်ကွဲကွဲရခြင်းများရှိနေသည်။ မူးယစ်ဆေးဝါးသုံးစွဲလွန်၍ သေဆုံးရသူများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မိ၍ တရားဥပဒေအရ ကျခံနေသူများသည် မိမိတို့ချစ်ရသူများနှင့် သေကွဲ၊ ရှင်ကွဲကွဲ ရခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးသည် ရိုးသားသောပြည်သူများအတွက် နာကြည်းဖွယ်ရာဖြစ် သော်လည်း တောတွင်းလက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့်မူ မူးယစ်ဆေးဝါး သည် သူတို့အတွက် ငွေပဒေသာပင်ကြီးဟုထင်မှတ်နေကြပေမည်။

ထောက်ပံ့မှုများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်

မြန်မာနိုင်ငံတွင် COVID-19 ရောဂါသည် ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်မှ စတင်၍ ကူးစက်ဖြစ် ပွားခဲ့သည်။ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းမှာ သြဂုတ် ၃၁ ရက်အထိ ရောဂါပိုးကူးစက်ခံရသူ ၈၀၀ ကျော်ရှိခဲ့ရာမှ စက်တင်ဘာ ၁၄ ရက်တွင် ၃၀၀၀ ကျော်ရှိလာခဲ့သည်။ နှစ်ပတ်အတွင်း လူဦးရေ ၂၀၀၀ ကျော် ကူးစက်ခံရခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ မျက်ခြည်မပြတ်စောင့်ကြည့်၍ ကြိုတင်ကာကွယ်ခြင်းများ လုပ်ဆောင်နိုင်ခဲ့သည်။  တပ်မတော် အတွက် လွန်စွာအရေးကြီးသော(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့စစ်ရေးပြ အခမ်းအနား ကိုပင် ရွှေ့ဆိုင်းထားခဲ့သည်။

ဆုတ်ယုတ်ပျက်စီးခြင်းဘေးမှ ကင်းဝေးကြပါစေ

လူတိုင်းသည် ကျန်းမာချင်သည်။ ချမ်းသာချင်သည်။ အသက်ရှည်ရှည်နေချင်သည်။ စည်းစိမ် ဥစ္စာတိုးပွားကာအခြွေအရံများစွာနှင့် နေထိုင်လိုကြသည်။ ဘဝကို ကျက်သရေမင်္ဂလာအပေါင်း နှင့်ပြည့်စုံလျက် ပျော်ရွှင်စွာနေလိုကြသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ကျန်းမာရေးချို့တဲ့ ကာ စီးပွားရေးကလည်း ဆုတ်ယုတ်သည့်အခြေအနေမျိုးတွင် နေထိုင်လိုကြမည်မဟုတ်ပါ။ သို့သော် လူတို့သည် မိမိတို့၏ပြုလုပ်သော ကိုယ်နှုတ်နှလုံးတို့၏ ပြုမူကျင့်ကြံမှုအတိုင်းသာ နေထိုင်ကြရသည်။

သက်ဆိုးရှည် မူးယစ်ဆေး ပပျောက်ကင်းစင်ရေး

လူသားတို့၏ လောဘ၊ ဒေါသ၊ မောဟ လွှမ်းမိုးမှုကြီးမားလာသည်နှင့်အမျှ ကမ္ဘာကြီးသည် အဘက်ဘက်တွင် ယိုယွင်းလျက်ရှိလာနေချေပြီ။ မိမိတစ်ဦးတည်း ကြီးပွားချမ်းသာရေးအတွက် ငွေရမည်ဆိုလျှင် ဘာမဆိုလုပ်မည့်သူများလည်း များပြားလာနေသည်။ လူမှုရေး၊ စီးပွားရေး အဆင်မပြေသူများက စိတ်လွတ်လပ်မှုကို ရှာဖွေကြသည်။ ဆေးလိပ်၊

သက်စွန့်ကူညီ သမားဂုဏ်ရည်

ဆရာဝန်၊ သူနာပြု၊ ဆေးဝန်ထမ်း စသည်ဖြင့် အမည်နာမများ မည်သို့ပင်ကွဲပြားစေကာမူ တူညီသော ဦးတည်ချက်မှာ အားလုံးသည် လူတို့၏ ကျန်းမာရေးစောင့်ရှောက်မှုကို သယ်ပိုးရွက်ဆောင်နေသူများ ဖြစ်ကြပါသည်။ သူတို့သည် စေတနာ၊ ဝါသနာ၊ အနစ်နာမှသည် မေတ္တာစိတ်ထားပြည့်ဝသော နှလုံးသားပိုင်ရှင်များ ဖြစ်ကြသည်။ လူနာမှန်သမျှတ

ပြည်သူ့အရေးဖြည့်ဆည်းပေး စိတ်အေးချမ်းသာရှိစေမှာ

ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ အရေအတွက်သည် နေ့စဉ်နှင့်အမျှ မြင့်တက် လျက်ရှိသည်။ ရောဂါပိုးကြောင့် သေဆုံးသူအရေအတွက်မှာ မြင့်တက်နေသလို လူသားတို့၏ စီးပွားရေး လုပ်ငန်းများသည်လည်း ထင်သလောက်ခရီးမပေါက်သည့် အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ COVID-19 ရိုက်

လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ

မြန်မာနိုင်ငံ၏ ပထမဆုံးတိပိဋကဓမ္မဘဏ္ဍာဂါရိကဆရာတော်ဖြစ်တော်မူသော အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ မင်းကွန်းဆရာတော်သည် မေတ္တသုတ်ပရိတ်တော်လာ မေတ္တာဘာဝနာ ၁၁ မျိုးကို ရွတ်ဆိုလွယ်စေရန် သံပေါက်ကဗျာဖြင့် ရေးဖွဲ့ပေးထားခဲ့ပါသည်။ လူအချင်းချင်း လှည့်ပတ်ခြင်းကင်းရှင်းကြပါစေ၊ အထင်သေးခြင်းအချင်