အခန်းဆက်ဝတ္ထုရှည်

တမ္ပဒီပမှသည် ဓညဝတီသို့

ယမန်နေ့မှအဆက်

ကျေးရွာအုပ်စု ၂၉ စု ကျေးရွာပေါင်း ၂၄၂ ရွာရှိ သည်။  မဟာဆူး၊ မဟာကနောင်၊  တန်းတင်စေတီ၊ ဒလက်ဘုရားတို့မှာ ထင်ရှားသည်။ အမ်းချောင်းသည် မြင်မတိန်တောင်မှ မြစ်ဖျားခံကာ မိုင် ၆၀ ခန့်ရှည်လျား ပြီး ကျွန်းစိုင်ထဲသို့ စီးဝင်သည်။ ယင်းမှာ အင်တာနက်မှရသော အမ်းမြို့အကြောင်း အတိုလေးဖြစ်ပါ၏။

ဤနေရာတွင် ကျွန်တော့်အဖေ၏အဖိုး၊ ကျွန်တော့် အဘေးဦးခန့်ပြောပြခဲ့သည့် အမ်းမြို့အကြောင်းလေး အလျဉ်းသင့်သဖြင့် ဖော်ပြချင်ပါသည်။