အောင် ရဲ့ အောင်
အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
“အဲဒီနှစ်မှာပဲ ကျွန်တော် ကားမောင်းတတ်တယ်၊ အမှန်က ဖေဖေတို့က သူ့ကို သင်ချင်တာ၊ သူက ကြောက်တတ်လို့မသင်ဘူး၊ ကားကလည်း ကိုယ်ပိုင်မဟုတ်ပါဘူး ကိုလတ်ရာ၊ အစိုးရပေးတဲ့ကား၊ ကျွန်တော် က ရုံးကကားမောင်းတဲ့ကိုအေးကို စည်းရုံး ပြီး ဖေဖေတို့၊ မေမေတို့အလစ်မှာ ခိုးခိုးပြီး သင်ရတာ၊ တစ်ပတ်ပဲ သင်ရပါတယ်၊ မောင်းတတ်နေပြီ”