SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဗီဒီယိုများကို အလွယ်တကူတိုက်ရိုက်လွှင့်တင်နိုင်မည့် လည်ဆွဲကင်မရာ

Saturday, 19 August 2017 14:50 font size decrease font size decrease font size increase font size increase font size

မိမိတို့၏ လှုပ်ရှားမှု ဗီဒီယိုများကို အလွယ်တကူ တိုက်ရိုက် လွှင့်တင်နိုင်မည့် လည်ဆွဲ ကင်မရာ တစ်မျိုးကို ယူဘီကွီတီ ကုမ္ပဏီက တီထွင်ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း  သိရ သည်။

ဖရွန့်ရိုးဟု အမည်ပေးထားသည့်  ယင်းလည်ဆွဲတွင် ကင်မရာနှစ်လုံး ပါဝင်ပြီး တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုများကို FacebookInstagram နှင့် YouTube  တို့တွင် တင်နိုင် မည်ဖြစ်သည်။အဆိုပါ ကင်မရာကို ဆွဲသီးတစ်လုံးကဲ့သို့ လည်ပင်း၌ဆွဲထားနိုင်ပြီး ယင်းကို အသုံးပြု ရန်  ထိတွေ့မျက်နှာပြင်တစ်ခုလည်း ပါဝင်သည်။

 အမေရိ ကန်ဒေါ်လာ ၃၉၉ ကျသင့်မည့် ယင်းလည်ဆွဲကင်မရာသည် Bluetooth့ သို့ မဟုတ် Wi-Fi တို့မှတစ်ဆင့် မိုဘိုင်းလ် ဖုန်းသို့ချိတ်ဆက်နိုင်မည်ဖြစ်ပြီး ရှေ့ကင်မရာ 8MP နှင့် ကျောဘက်ကင်မရာ 5MP တို့ပါဝင်သည်။

အလေးချိန်နှစ်အောင်စနီးပါးသာရှိသော ယင်းလည်ဆွဲ ကင်မရာ၏ဘက်ထရီသည် အသင့်အနေ အထားဖြင့် နာရီ ၅ဝ ကြာသည် အထိထားနိုင်ပြီး ဗီဒီယိုများကိုနှစ်နာရီနီးပါး ကြာနှင့်တိုက်ရိုက်လွှင့်တင်မှုများကို ၁ နာရီ မိနစ် ၅ဝ ကြာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Read 602 times Last modified on Saturday, 19 August 2017 14:53