SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

Ad blocker တစ်ပါတည်း ပါဝင်လာပြီ ဖြစ်တဲ့ Chrome Browser

Sunday, 18 February 2018 09:13 font size decrease font size decrease font size increase font size increase font size

ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး Chrome Browser မှာ ad blocker (ကြော်ငြာတွေကို အလိုအလျောက် ပိတ်ပေးတဲ့စနစ်) တစ်ပါတည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒီစနစ်က ဝက်ဘ်ဆိုက် တစ်ခုရဲ့ ကြော်ငြာတွေကို ဖယ်ရှားပစ်မှာဖြစ်ပြီး ဝက်ဘ်ဆိုက်ပိုင်ရှင်တွေ အနေနဲ့လည်း ဒီကြော်ငြာတွေကို အသုံးမပြုဖို့ တွန်းအားပေးမှာ ဖြစ်ပါတယ်။

Google က Chrome Browser အသုံးပြု ဝက်ဘ်ဆိုက်မှာ ပေါ်လာတဲ့ ကြော်ငြာတွေ အားလုံးကို ဖယ်ရှားမှာ မဟုတ်ဘဲ သတ်မှတ်ကြော်ငြာ စံချိန်စံညွှန်းကို ဆိုးရွားစွာအသုံးပြုတဲ့   ကြော်ငြာတွေကိုသာ ဖယ်ရှားမှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက် မျက်နှာပြင်အပြည့် ကြော်ငြာတွေ၊    သီချင်းနဲ့ ဗီဒီယိုကို အလိုအလျောက် ဖွင့်ပေးပြီး ကြော်ငြာတဲ့ ကြော်ငြာတွေ၊ လက်ကမ်း ကြော်ငြာတွေကို Chrome Browser ရဲ့ ad blocker က ပစ်မှတ်ထားဖယ်ရှားမှာ ဖြစ်ပါတယ်။

Google ကတော့ ဘယ်လိုကြော်ငြာ အမျိုးအစားတွေကို ဖယ်ရှားမယ်၊ ကြော်ငြာတွေကို ဖယ်ရှားခြင်း မပြုမီ ဝက်ဘ်ဆိုက်ပိုင်ရှင်တွေကို ဘယ်လိုသတင်းပေးမယ် ဆိုတာ ကြေညာထား ပါတယ်။ မိုဘိုင်းလ်ပုံစံ မျိုးမှာတော့ အထက်ပါ ကြော်ငြာအမျိုးအစားတွေ အပြင် အရွယ်အစား ကြီးမားတဲ့ ကြော်ငြာတွေ၊ လက်ကမ်းကြော်ငြာတွေ၊ မျက်နှာပြင် ကျော်လွန်နေတဲ့ ကြော်ငြာတွေနဲ့ မျက်နှာပြင်ရဲ့ ၃ဝ ရာခိုင်နှုန်းထက် များပြားတဲ့ ကြော်ငြာတွေကို ဖယ်ရှားမှာ ဖြစ်ပါတယ်။ တကယ်လို့ အထက်ပါ ကြော်ငြာမျိုး လက်ခံတဲ့ ဝက်ဘ်ဆိုက် ပိုင်ရှင်တွေကို Google က အသိပေးပေမယ့်လည်း မလိုက်နာတဲ့ ဝက်ဘ်ဆိုက်တွေရဲ့ ကြော်ငြာတွေကို ရက် ၃ဝ ပြည့်ပြီးတဲ့နောက်မှာ Chrome Browser က စတင်ဖယ်ရှားမှာ ဖြစ်ပါတယ်။

Read 467 times Last modified on Sunday, 18 February 2018 09:19