SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများကို အွန်လိုင်းမှ ကြည့်နိုင်မည့် LALAKYI Mobile App မိတ်ဆက်

Thursday, 22 February 2018 09:31 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဖေဖော်ဝါရီ ၂၁

မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများကို အွန်လိုင်းမှတစ်ဆင့် ကြည့်နိုင်မည့် LALAKYI Mobile Application ကို ပြည်တွင်း၌ စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း Global Innovations Media ကိုငြိမ်းချမ်းကျော်ထံမှ သိရသည်။

ထို LALAKYI Mobile Application ကို ရှေ့ဆောင်အင်တာနက်နှင့် မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှုများ၊ မီဒီယာ၊ ဆောက်လုပ်ရေး ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးသော လုပ်ငန်းစုကြီး တစ်ခုဖြစ်သည့် Global Technology Group ၏ အခွဲဖြစ်သော Global Innovations Media မှ နည်းပညာများကိုအသုံးပြုကာ ပြုလုပ်ထားခြင်းဖြစ်သည်။ Global Innovations Media အနေနဲ့ အခုလိုလုပ်ရတာက ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသား တွေကို အဓိကထားပြီး လုပ်တာပါ။ မြန်မာဇာတ်ကားကောင်းတွေကို အွန်လိုင်းကနေ အလွယ်တကူ ကြည့်စေချင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ပူးပေါင်းပြီး အွန်လိုင်းမှာပြသမယ်။ သူတို့ရဲ့ လမ်းညွှန်မှုအောက်ကနေ သွားတာပေါ့နော်။ အဓိကကတော့ ထုတ်လုပ်ရေးတွေနဲ့ ပိုပြီးချိတ်ဆက်ထားတာပါ။ နိုင်ငံတကာ ဇာတ်ကားတွေကိုလည်း ကြည့်ရှုနိုင်မှာပါ'' ဟု ကိုငြိမ်းချမ်းကျော်က ပြောသည်။ အဆိုပါ LALAKYI Mobile Application တွင် မြန်မာဇာတ်ကား ၈ဝ ရာခိုင်နှုန်း၊ အင်တာနေရှင်နယ် ဇာတ်ကား ၂ဝ ရာခိုင်နှုန်း ထားရှိမည်ဖြစ်ပြီး Mobile Phone ၊ Tablet နှင့် Laptop စသည်တို့ဖြင့် အွန်လိုင်းမှ ကြည့်ရှုနိုင်ကြောင်း သိရသည်။

Read 995 times Last modified on Thursday, 22 February 2018 09:32