SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

Screenshot တည်းဖြတ်သည့် လုပ်ဆောင်ချက် ပါဝင်သော Google App

Friday, 23 February 2018 09:26 font size decrease font size decrease font size increase font size increase font size

Google App Version အသစ်မှာ Screenshot တွေကို တည်းဖြတ်နိုင်တဲ့ လုပ်ဆောင်ချက်အသစ် တစ်ပါတည်း ပါဝင်လာပြီဖြစ်ပါတယ်။ Version အသစ်ဖြစ်တဲ့ 7.21 မှာ ဒီလုပ်ဆောင်ချက် ပါဝင်လာတာဖြစ်ပြီး Edit and Share Screenshot ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို လုပ်ဖို့ Google App ရဲ့ Setting ကနေတစ်ဆင့် Accounts and Privacy ဆိုတဲ့နေရာကို သွားရပါမယ်။ ဒီလုပ်ဆောင်ချက်ကို စတင် အသုံးပြုကြောင်း အတည်ပြုလိုက်ပြီဆိုတာနဲ့ Google App ရဲ့ဘယ်လို နေရာမျိုးတွေမှာမဆို သင်ရိုက်ကူးလိုက်တဲ့ Screenshot ရဲ့ အောက်ခြေမှာ ဒီ Screenshot ကို တည်းဖြတ်ပြီး မျှဝေဖို့အတွက် လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက် ပေါ်လာပါတယ်။ ဒီနေရာမှာ သင့်အနေနဲ့ ရိုက်ကူးထားတဲ့ Screenshot ကို တည်းဖြတ်ချင်လား ဒါမှမဟုတ် တခြားသူတွေနဲ့ မျှဝေချင်လား ဆိုတဲ့ ရွေးချယ်ခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။ Screenshot ကို တည်းဖြတ် ချင်တယ်ဆိုပြီး ရွေးချယ်လိုက်တယ်ဆိုရင်ပဲ Screenshot ကို လိုအပ်သလိုဖြတ်တာ၊ ဒီ Screenshot အပေါ်မှာ စာရေးတာတို့ လုပ်နိုင်မှာဖြစ်ပြီး မျှဝေချင်တယ်ဆိုရင် မျှဝေလိုကြောင်း အတည်ပြုချက်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

Read 421 times Last modified on Friday, 23 February 2018 09:26