SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

နှလုံးခုန်သံကို လက်မှာ ပြန်ဖော်ပြပေးမယ့် အီလက်ထရွန်နစ် အရေပြား

Friday, 23 February 2018 09:27 font size decrease font size decrease font size increase font size increase font size

အီလက်ထရွန်နစ် အရေပြားဆိုတာ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို သိရှိနိုင်ရုံသာမက အများကမြင်တွေ့နိုင်ဖို့ ပြန်လည် ဖော်ပြပေးနိုင်တဲ့ အရာဝတ္ထု တစ်ခုဖြစ်ပါတယ်။ တိုကျိုတက္ကသိုလ်မှ သုတေသန ပညာရှင်တွေက နှလုံးခုန်သံလို အရေးကြီးတဲ့ လက္ခဏာ ရပ်တွေကို တိုင်းတာပြီး အချိန်နဲ့ တစ်ပြေးညီ ပြန်လည်ဖော်ပြ ပေးနိုင်တဲ့ အီလက်ထရွန်နစ် အရေပြားကို တီထွင်ခဲ့ပါတယ်။ အဲဒီအရေပြားကို သေးငယ်လှတဲ့ နာနို ဆန်ခါလျှပ်ခေါင်းနဲ့ မိုက်ခရို LED မီးတန်းတွေ ပါဝင်တဲ့ကျုံ့နိုင်၊ ဆန့်နိုင်တဲ့ဝါယာတွေနဲ့ ပေါင်းစပ်ထားပြီး ခန္ဓာကိုယ်ရဲ့ ကွေးညွတ်မှုနဲ့အတူ အခြေခံ ရုပ်ပုံတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

အီလက်ထရွန်နစ် အရေပြားကို စမတ်ဖုန်းတွေနဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်ပြီး ရရှိလာတဲ့ အချက်အလက်တွေကို အွန်လိုင်းအချက်အလက် သိမ်းဆည်းတဲ့နေရာတွင် သိမ်းဆည်း ထားနိုင်မှာ ဖြစ်ပါတယ်။ အချက်အလက်တွေကို လက်မှာဖော်ပြ ပေးပေမယ့်လည်း တာရှည် ဖော်ပြပေးမှာ မဟုတ်ဘဲ ခဏတာသာဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ လက်အရေပြားက ပုံမှန်အတိုင်း လှုပ်ရှားမှုတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အခုလို တီထွင်မှုက သဘောတရားအရ လုပ်ဆောင်မှု တစ်ခုတည်း မဟုတ်ကြောင်းနဲ့ နောက်သုံးနှစ် အတွင်းမှာ ပိုမိုကြီးမား တိကျတဲ့ မျက်နှာပြင်ပြည့် ဖော်ပြပေးနိုင်တဲ့ အီလက်ထရွန်နစ် အရေပြားကို တီထွင်နိုင်ဖို့အတွက် ရှေ့ပြေးလုပ်ဆောင်မှု ဖြစ်ကြောင်း ဒိုင်နစ်ပွန်ပရင့်တင်း ကုမ္ပဏီက ပြောပါတယ်။

 

Read 367 times Last modified on Friday, 23 February 2018 09:28