SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

Snapdragon 845 Processor ပါဝင်မည့် Xiaomi Mi Mix 2S

Tuesday, 27 February 2018 09:48 font size decrease font size decrease font size increase font size increase font size

Xiaomi ကုမ္ပဏီက Mi Mix 2 ရဲ့ နောက်ဆက်တွဲ စမတ်ဖုန်းဖြစ်တဲ့ Mi Mix 2S နဲ့ပတ်သက်ပြီး ထုတ်ဖော်ကြေညာလိုက်ပါတယ်။ Mi Mix 2S မှာ Snapdragon 845 Processor ကို အသုံးပြုမယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ ကုန်ပစ္စည်း ထုတ်လုပ်မှု ညွှန်ကြားရေးမှူး ဒိုနိုဗန်ဆန်းက တွစ်တာ အကောင့်ကနေတစ်ဆင့် ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လောလောဆယ်မှာ ဖုန်းရဲ့ကျန်ရှိတဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရ သေးပေမယ့် မတ် ၂၇ ရက်မှာ ထုတ်ပြန်ကြေညာမယ်လို့ ဆိုပါတယ်။ Mi Mix 2 မှာတော့ မျက်နှာပြင်အရွယ်အစား ၅ ဒသမ ၉ လက်မှိပြီး အနားမဲ့ မျက်နှာပြင် ပုံစံမျိုးဖြစ်ပါတယ်။ Processor အနေနဲ့ Snapdragon 835 ကိုတပ်ဆင်ပေးထားပြီး 6 GB ရှိတဲ့ RAM ကို အသုံးပြုထားပါတယ်။ Storage အနေနဲ့ 64 GB ၊ 128 GB နဲ့ 256 GB ဆိုပြီး သုံးမျိုး ရွေးချယ်နိုင်ပါတယ်။ Mi Mix 2 ကို အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့မှာ စတင်ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅ဝဝ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Read 419 times Last modified on Tuesday, 27 February 2018 09:48