SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

i Phone သုံးစွဲသူများအတွက် iOS Application အသစ်မိတ်ဆက်

Wednesday, 04 April 2018 08:40 font size decrease font size decrease font size increase font size increase font size

Health and Fitness Application မှ i Phone သုံးစွဲသူများအတွက် iOS Application အသစ်ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ iPhone Application ကို Apple Store မှတစ်ဆင့် အလွယ်တကူ Download ရယူနိုင်ပြီး သုံးစွဲသူများ အဆင်ပြေစေရန် Updated Version တွင် လုပ်ဆောင်ချက် အသစ်များကိုပါ ထပ်မံထည့်သွင်း ပေးထားသည်။

''သုံးစွဲသူတွေ အခက်အခဲမရှိ သုံးစွဲနိုင်ဖို့ ရန်ကုန်မှာရှိတဲ့ Gym တွေနဲ့ Fitness Center တွေ အားလုံးနီးပါး ဒီ Application ထဲမှာရှိပြီး ငွေကြေးအားဖြင့် ပုံမှန်တစ်ရက်စာ ဈေးနှုန်းတွေရဲ့ ၂ဝ ရာခိုင်နှုန်းကနေ ၄ဝ ရာခိုင်နှုန်းအထိ သက်သာစေမှာပါ။ FLEXIBLE PASS ကို ဒီထက်မက ပိုမိုကောင်းမွန်ပြီး သုံးစွဲသူတွေ အကျိုးကျေးဇူး ရရှိနိုင်စေဖို့ ဆက်လက် ဖန်တီးမှာပါ'' ဟု FLEXIBLE PASS ၏ Founder နှင့် CEO Mr. Sully Bholat (Htet Aung Latt) ကပြောသည်။ လက်ရှိတွင် FLEXIBLE PASS ဖြင့် စာရင်းပေးသွင်းကစားသူ ၁ဝဝဝ ကျော်ရှိနေပြီး FLEXIBLE PASS Mobile Application ကို အသုံးပြုကာ ရန်ကုန်မြို့ရှိ Gym များ၊ Fitness Center များနှင့် Hotel ၅ဝ ကျော်တို့တွင် Gym ကစားခြင်း၊ Zumba ၊ Yoga စသည့် Fitness Class ပေါင်း ၁ဝဝ ကျော် တက်ရောက်နိုင်သည့် အပြင်ရေကူးခြင်း၊ လက်ဝှေ့ထိုးခြင်း၊ Indoor Skydiving နှင့် Rock Climbing တို့ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Read 447 times Last modified on Wednesday, 04 April 2018 08:41