SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

နောက်ကင်မရာနှစ်လုံး ပါဝင်သည့် Galaxy မျိုးဆက်သစ် စမတ်ဖုန်း J8 အား ပြည်တွင်း၌ စတင်မိတ်ဆက်

Monday, 16 July 2018 09:18 font size decrease font size decrease font size increase font size increase font size

နောက်ကင်မရာနှစ်လုံး ပါဝင်တဲ့ Galaxy မျိုးဆက်သစ်စမတ်ဖုန်း J8 ကို ပြည်တွင်းဈေးကွက်မှာ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီစမတ်ဖုန်းသစ်မှာ Super AMOLED နည်းပညာပါရှိပြီး ခြောက်လက်မ အရွယ်အစားရှိ HD+ မျက်နှာပြင်နဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ Live Focus လုပ်ဆောင်ချက်နဲ့အတူ ချစ်စရာကောင်းတဲ့ စတေကာတွေ၊ တီထွင်ဆန်းသစ်တဲ့ Filter တွေ ကိုလည်း ထည့်သွင်းထားပါတယ်။ ကင်မရာပိုင်းမှာ 16MP ကင်မရာနဲ့ 5MP ကင်မရာတို့ ပါဝင်ပြီး Face Lock စနစ်နဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Galaxy J စီးရီးစမတ်ဖုန်းတွေက ပြည်တွင်းမှာ ရောင်းအားအကောင်းဆုံး ဖုန်းတွေဖြစ်ပါတယ်။ နောက်ပြီး Flagship ဖုန်းတွေမှာပါဝင်တဲ့ Live Focus လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းထားတဲ့အတွက် သုံးစွဲသူတွေ သဘောကျမှာပါ ဟု Samsung Myanmar ၏ Head Of IT and Mobile Group မှ ကိုဇာနည်ဝင်းထက်က ပြောသည်။ Galaxy J8 မှာ လက်ဗွေရာနဲ့ အသုံးပြုတဲ့စနစ်၊ Dual Messenger နဲ့ Dolby Atmos Surround အသံစနစ်တို့ ပါဝင်ပါတယ်။ ဘက်ထရီပိုင်းမှာ 3500 mAh ကိုအသုံးပြုထားပြီး RAM 3 GB နဲ့ Internal Memory 32 GB ပါရှိတဲ့အပြင် SD Card ထည့်သွင်းပြီး 256 GB အထိ တိုးချဲ့အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ အနက်ရောင်၊ ရွှေရောင်နဲ့ ခရမ်းရောင်တို့ကို ရွေးချယ်နိုင်ပြီး ဇူလိုင် ၂၃ ရက်ကစပြီး ငွေကျပ် ၃၆၉၀ဝ၀ နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Samsung Galaxy J8 မိတ်ဆက်ပွဲကို ဇူလိုင်၁၃ ရက်တွင် ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပခဲ့ပြီးဖြစ်သည်။

Read 350 times Last modified on Monday, 16 July 2018 09:18