SJ WorldNews - шаблон joomla Авто

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးမှုအစီအစဉ် ၂ဝ၁၉ ပြိုင်ပွဲကျင်းပ

Monday, 11 February 2019 09:50 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဖေဖော်ဝါရီ  ၁ဝ                                                                                                    

မြန်မာနိုင်ငံတစ်ဝှမ်းရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များနှင့် အိုင်တီပညာကောလိပ်များ၊ ပုဂ္ဂလိကကျောင်းများမှ   နည်းပညာစွန့်ဦး တီထွင်လိုသော လူငယ်များ၊ ကဏ္ဍအသီးသီးမှ ထူးချွန်သော လူငယ်များကို  မြေတောင်မြှောက်ပေးရန် အတွက် ရည်ရွယ်ကျင်းပသည့် မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးမှုအစီအစဉ် ၂ဝ၁၉  ပြိုင်ပွဲကို  ယနေ့တွင် ရန်ကုန်မြို့ MICT Park ၌ ကျင်းပသည်။

ပြိုင်ပွဲတွင် အသင်းပေါင်း  ၁၅ သင်း ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိသည့် အသင်းက စီးပွားရေး လုပ်ငန်းများကို စတင်လုပ်ကိုင်နိုင်စေရန်  ဆုကြေးငွေအပြင် ကုမ္ပဏီမှတ်ပုံ တင်ခွင့်ရရှိခြင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်  စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး  အထောက်အကူပြု စင်တာဖြစ်သော Kanaung Hub တွင်   ခြောက်လတာ အခမဲ့ ရုံးနေရာနှင့်အတူ နည်းပညာပိုင်းတွင် အောင်မြင်မှုရရှိနေသည့် စီးပွားရေးလုပ်ငန်း ငယ်လုပ်ကိုင်နေသူများနှင့် အနီးကပ် အလုပ်လုပ်ကိုင်ရမည့် အခွင့်အလမ်းများ  ရရှိမည် ဖြစ်သည်။

ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများကို နယ်ပယ်အသီးသီးတွင် အောင်မြင် မှုရရှိနေသူများ ဖြစ်ကြသည့် ဒေါက်တာ ထွန်းသူရသက်၊ ဦးအောင်ချစ်ခင်၊ ဦးထူးမြင့်နောင်၊ ဒေါ်ချိုသီရိမောင်နှင့် ဒေါက်တာထက်ရီတို့က စီးပွားရေး လုပ်ငန်းအတွက် ပညာများ၊ ကိုယ်ရည်ကိုယ်သွေးများ မြင့်မားလာစေရန် လမ်းညွှန်ပြသခြင်းနှင့် လုပ်ငန်း တစ်ခု စတင်လည်ပတ်နိုင်ရန် လိုအပ်သည့် လမ်းညွှန်ချက်များကို အနီးကပ်ပို့ချပေးထားပြီး ပြိုင်ပွဲဝင်အသင်းများက စက်ရုပ်တီထွင် အသုံးချမှုနည်းပညာ၊   အင်္ဂလိပ်ဘာသာ သင်ယူနိုင်သည့် စက်ကိရိယာ၊  Turbo  ဂျက် အင်ဂျင်တီထွင်မှု လုပ်ငန်း၊ စက်သုံးဆီ အရောင်းဆိုင်ကို ဆီဖြည့်ခြင်းစနစ်၊ စားသောက်ကုန် ထုတ်လုပ်မှု  Application ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ အချက်အလက်စသည့်  နည်းပညာဆိုင်ရာများကို ယှဉ်ပြိုင်ခြင်းဖြစ် ကြောင်း သိရသည်။

Read 349 times Last modified on Monday, 11 February 2019 09:51