SJ WorldNews - шаблон joomla Авто

လူသားတို့အကျိုးကို ဆောင်ကြဉ်းပေးသော တီထွင်မှုများ(၂)

Saturday, 23 February 2019 12:47 font size decrease font size decrease font size increase font size increase font size

(၃) ဂီယာ

ဂီယာ သို့မဟုတ် ခွေးသွားစိပ် ဆိုသည်မှာ ဝင်ရိုးကိုဗဟိုပြု၍ လည်ပတ်ရသော စက်အစိတ်အပိုင်း တစ်ခုဟု ဆိုနိုင်သည်။ ထိုခွေးသွားစိပ်သည် အခြားသော ခွေးသွားစိပ်များနှင့် ချိတ်ဆက်လည်ပတ်ပြီးနောက် စက်ကိရိယာတစ်ခု၏  အလုပ်စွမ်းရည်ကို ဖြစ်မြောက်စေခြင်းဖြစ်သည်။

ရှေးအကျဆုံးအဖြစ် သတ်မှတ်နိုင်ပြီး ယနေ့တိုင် ထိန်းသိမ်းထားသော ဂီယာများမှာ အန်တီကိုင်သီရာ စက်ယန္တရားမှဖြစ်သည်။

ထိုစက်ယန္တရားသည်   အလွန်ရှေးကျပြီး ရှုပ်ထွေးသော စက်ပစ္စည်းဖြစ်သည်။ ယင်းစက်ကို ဂြိုဟ်များ တည်ရှိသည့်နေရာ သိရှိနိုင်စေရန် ဘီစီ ၁၅ဝ နှင့် ၁ဝဝ ကြားတွင် အသုံးပြုခဲ့ခြင်းဖြစ်သည်။

ဂီယာကို လုပ်ငန်းခွင်၌ အသုံးပြုခြင်းမှာ သူရဲကောင်း အလက်ဇန်းဒရီးယား လက်ထက် ရောမ လက်အောက်ခံ အီဂျစ်ပြည်တွင်ဖြစ်ပြီး အေဒီ ၅ဝ ပြည့်နှစ်တွင်ဖြစ်သည်။ သို့သော် ထိုဂီယာများကို အကြီးအကျယ် တီထွင်ခဲ့သူမှာ ဂရိပညာရှင်ကြီးဖြစ်သည့် အာခီမီးဒီးပင်ဖြစ်သည်။

ဂီယာကိုအသုံးပြုပြီး တီထွင်ခဲ့သည့် ရှေးဦး စက်ပစ္စည်းများမှာ အန်တီကိုင်သီရာ စက်ယန္တရား(ဘီစီ ၂ ရာစုခန့်)၊  တောင်ညွှန်း စစ်ရထား(အေဒီ ၂ဝဝ-၂၆၅)၊ ဂီယာ အသုံးပြုပထမဆုံး စက်နာရီ (၇၂၅ ခုနှစ်)၊   ဂီယာ တစ်စိတ် တစ်ပိုင်း အသုံးပြု ရေတင်စက် (၁၂ဝ၆ခုနှစ်)၊ ဆာလစ်ဘယ်ရီ ကက်သီဒရယ်နာရီ (၁၃၈၆)တို့ဖြစ်သည်။ ဆာလစ်ဘယ်ရီကက်သီဒရယ်နာရီမှာ ယနေ့တိုင် အလုပ်လုပ်သေးသည့် ရှေးအကျဆုံး ဂီယာအသုံးပြု စက်နာရီဖြစ်နေသည်။

ယခုကဲ့သို့ ဂီယာကို တီထွင်နိုင်ခြင်းကြောင့် စက်ဟူသော အရာများဖြစ်ပေါ်လာပြီး ယနေ့အချိန်တွင် အရွယ်အစား အမျိုးမျိုးနှင့် ပုံစံမတူသော ဂီယာများကို အသုံးပြုပြီး အမျိုးမျိုးသော စက်ကိရိယာများကို ဆန်းသစ်တီထွင် လာနိုင်ခြင်းဖြစ်သည်။

(၄) စက္ကူ

စက္ကူဆိုသည်မှာ ယနေ့အချိန်အခါတွင် လူသားများ အနေဖြင့် စာရေးခြင်း၊ ပုံနှိပ်ခြင်း၊ ထုပ်ပိုးခြင်း၊ သန့်ရှင်းရေး လုပ်ခြင်းနှင့် အလှဆင်ခြင်း အပါအဝင် အမျိုးမျိုးသော ရည်ရွယ်ချက်များဖြင့် မရှိမဖြစ် အသုံးပြုနေရပြီဖြစ်သည့် အရာဖြစ်သည်။

စက္ကူကို ပထမဆုံး တီထွင်ခဲ့သူမှာ တရုတ်လူမျိုးများဖြစ်ပြီး ဘီစီ ၂ ရာစုခန့်တွင်ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း သစ်သားပျော့ဖတ် စက္ကူထုတ်လုပ်မှုကို စတင်ခဲ့သူမှာ အေဒီ ၂  ရာစုခန့်  ဟန်မင်းဆက်ခေတ်မှ  မိန်းမစိုး ဟိုင်လွမ်ဖြစ်သည်ဟု သမိုင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ယနေ့ခေတ်တွင် သစ်သားပျော့ဖတ်နှင့် စက္ကူထုတ်လုပ်မှုသည် တစ်ကမ္ဘာလုံး အနှံ့ တွင်ကျယ်လာပြီး ဦးဆောင်ထုတ်လုပ်သူမှာ တရုတ်နိုင်ငံဖြစ်ကာ  ၎င်း၏နောက်တွင် အမေရိကန်နိုင်ငံရှိသည်။

၁၃ ရာစုနှစ်တွင် တရုတ်နိုင်ငံမှ စက္ကူထုတ်လုပ် အသုံးပြုမှု အသိပညာသည် အရှေ့အလယ်ပိုင်းမှ တစ်ဆင့် ဥရောပသို့ ရောက်ရှိသွားသည်။ ထို့နောက် ဥရောပသားများက ပထမဆုံးရေအား အသုံးပြုစက္ကူ စက်ရုံကို တီထွင်လိုက်နိုင်သည်။

ယနေ့ခေတ်သည် ကွန်ပျူတာကို အသုံးပြုသော နည်းပညာခေတ်ဖြစ်သည်ဟု ဆိုနေကြသော်လည်း ယခုအချိန်အထိ စက္ကူ၏ အသုံးဝင်မှုက နေရာယူထားဆဲဖြစ်သည်။စက္ကူကို အသုံးပြုမှုကြောင့်   လူသားတို့၏ နေ့စဉ်နေထိုင်မှု ဘဝကို ပိုမိုအဆင်ပြေလာစေသည်။

ထို့ပြင် ဆွေးမြည့်ပျက်စီး လွယ်သောအရာဝတ္ထု ဖြစ်သည့်အတွက် ပလတ်စတစ်ကဲ့သို့ သဘာဝ ပတ်ဝန်းကျင်နှင့် လူသားတို့အတွက် ဆိုးကျိုးမဖြစ်နိုင်ပေ။     

Read 361 times Last modified on Saturday, 23 February 2019 12:49