SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံမှ အချိုးကျပိုင်ဆိုင်သည့် Myanmar Sat2 ဂြိုဟ်တုကို မူလသတ်မှတ်ရက်တွင် လွှတ်တင်နိုင်ခြင်း မရှိဘဲ သြဂုတ် ၃ ရက်၌ လွှတ်တင်မည်

Wednesday, 31 July 2019 09:14 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံမှ အချိုးကျပိုင်ဆိုင်သည့် Myanmar Sat2 ဂြိုဟ်တုကို မူလသတ်မှတ်ထားသည့် ရက်တွင် လွှတ်တင်နိုင်ခြင်း မရှိဘဲ သြဂုတ် ၃ ရက်၌ လွှတ်တင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီး ဌာန  သတင်း အချက်အလက်  နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန    ဂြိုဟ်တုဆက်သွယ်ရေးဌာန    အင်ဂျင်နီယာချုပ် ဦးဝင်းအောင် ၏ပြောပြချက်အရ သိရသည်။

အဆိုပါဂြိုဟ်တုကို  ဇူလိုင် ၂၄ ရက်က တောင်အမေရိကတိုက်ရှိ  ဂိုင်ယာနာနိုင်ငံ စံတော်ချိန်  ညနေ ၄ နာရီခွဲ (မြန်မာနိုင်ငံ စံတော်ချိန် ဇူလိုင် ၂၅ ရက်၊ နံနက် ၂ နာရီ)တွင်  လွှတ်တင်ရန် စီစဉ်ထားသော်လည်း ဇူလိုင် ၁ဝ ရက်တွင်  အာရပ်စော်ဘွားများ ပြည်ထောင်စု၏  ဂြိုဟ်တုကို လွှတ်တင်သည့်   ဒုံးပျံများ ပျက်ကျသဖြင့် ဆက်လက် လွှတ်တင်မည့် ဂြိုဟ်တုများအတွက် ပြန်လည်စစ်ဆေးနေသောကြောင့်  သတ်မှတ်ရက်တွင် လွှတ်တင်နိုင်ခြင်း မရှိဘဲ ယင်းဂြိုဟ်တုကို သြဂုတ် ၃ ရက်၌ ဂိုင်ယာနာနိုင်ငံ ကော်ရိုးကမ်းခြေမြို့ရှိ Arianespace ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ  လွှတ်တင်မည်ဖြစ်ကြောင်း  သိရသည်။

လက်ရှိလွှတ်တင်မည့် Myanmar Sat2 အမည်ရှိ ဂြိုဟ်တုအတွက်  မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းကို အရစ်ကျချေးငွေစနစ်ဖြင့် ထည့်ဝင်ထားကြောင်း၊ ယင်းချေးငွေကို ၂ဝ၁၈ ခုနှစ်က ၃ဝ ရာခိုင်နှုန်း ပေးသွင်းရပြီး ၂ဝ၁၉ ခုနှစ်တွင် ၅ဝ ရာခိုင်နှုန်းနှင့် ၂ဝ၂ဝ ပြည့်နှစ်တွင် ၂ဝ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်သည်။

ယင်းဂြိုဟ်တုသည်  နည်းပညာ အဆင့်မြှင့်တင်ထားသည့် ဂြိုဟ်တုဖြစ်ပြီး  မိုဘိုင်းလ်နှင့် အင်တာနက် ဆက်သွယ်ရေးများအတွက် ဝန်ဆောင်မှုပေးမည်ဖြစ်ကာ  ကျေးလက်ဒေသ များနှင့် တောင်ပေါ်ဒေသများအထိ ဖြန့်ဝေပေးနိုင် မည်ဖြစ်၍  ဆက်သွယ်ရေး လိုင်းများ ပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း သိရသည်။  

Read 90 times Last modified on Wednesday, 31 July 2019 09:15