SJ WorldNews - шаблон joomla Авто

ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၏ (၈)ကြိမ်မြောက် MCPA Day၌ ထုတ်ကုန်ပစ္စည်းများ ပြသထား

Friday, 16 August 2019 10:37 font size decrease font size decrease font size increase font size increase font size

ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၏  (၈)ကြိမ်မြောက် ကျင်းပသည့် MCPA  Day အခမ်းအနား၌ ကျောင်းသား၊ ကျောင်းသူများ၏ ထုတ်ကုန် ပစ္စည်းများကို ပါဝင်ပြသထားကြောင်း ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မီမီသက်သွင်၏ ပြောပြချက်အရ သိရသည်။

''အဓိကကတော့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ICT Industry မှာ ရှိတဲ့ပညာရှင် တွေကို ချိတ်ဆက်ပေးတဲ့ အခမ်းအနားဖြစ်ပါတယ်။ ပြခန်းတွေရှိတယ်။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တီထွင်ကြံဆမှုနဲ့ သူတို့ရဲ့  Product  တွေပြသထားတာ ရှိတယ်။ ကွန်ပျူတာ ပညာရှင်တွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ Seminarတွေအပြင်  Job Fair တွေလည်းရှိတယ်''ဟု ဒေါက်တာ မီမီသက်သွင် ကပြောသည်။

ရန်ကုန်  ကွန်ပျူတာတက္ကသိုလ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်များ အသင်းတို့ ပူးပေါင်း၍ MCPA  Day နှင့် fh Product  Show အခမ်းအနားကို သြဂုတ် ၁၄ ရက်က  ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၌ ကျင်းပခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားကို ကျောင်းပြီးဆုံးတော့မည့် ကျောင်းသား၊ ကျောင်းသူများအား ICT လူ့စွမ်းအား အရင်းအမြစ်နှင့် ICT Industry ရှိ ကုမ္ပဏီများနှင့် ချိတ်ဆက်ပေးရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး ပြခန်းပေါင်း ၅ဝ ခန့်ပြသထားသည်။ ယင်းသို့ဆောင်ရွက်ခြင်းမှာ ကျောင်းသား၊ကျောင်းသူများ၏   လုပ်ငန်းခွင် အတွေ့အကြုံနှင့် လေ့ကျင့်သင်ကြားမှုများ ရရှိစေရန်နှင့်  ကျောင်းသား၊ကျောင်းသူများ၏ စိတ်ကူးများနှင့်    တီထွင်ကြံဆမှုများကို အားပေးရန်ဖြစ်ကြောင်း သိရသည်။

 ကျောင်းသား၊ ကျောင်းသူများ၏ ထုတ်ကုန်ပစ္စည်းများမှာ လက်ရှိ အသုံးပြုနေသည့် IT ပစ္စည်းများ၊ IOD ကိုအခြေခံ၍ ထုတ်လုပ်ထားသည့် ပစ္စည်းများ၊  တောင်သူ လယ်သမားများအား အကျိုးပြုစေမည့် ပစ္စည်းများ၊    မြေပြိုမှုကို ခန့်မှန်းနိုင်သည့်  သုတေသနပစ္စည်းများ၊    နိုင်ငံအကျိုးပြု သုတေသန စီမံကိန်းများနှင့် ဂိမ်းတီထွင်ကြံဆ မှုများပါဝင်ကြောင်း သိရသည်။

Read 67 times Last modified on Friday, 16 August 2019 10:38