SJ WorldNews - шаблон joomla Авто

Travel and Tours လုပ်ငန်းများ၏ အရောင်းပိုင်းကို အိုင်တီနည်းပညာဖြင့် မြှင့်တင် ဆောင်ရွက်ပေးမည်

Monday, 23 December 2019 10:01 font size decrease font size decrease font size increase font size increase font size

Hirokei Myanmar Systems Co., Ltd. မှ မြန်မာနိုင်ငံရှိ Travel and Tours လုပ်ငန်းများ၏ အရောင်းပိုင်းကို  အိုင်တီနည်းပညာဖြင့် မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းနှင့်ချိတ်ဆက်၍ Customer Re-lationship  Management  (CRM) System ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

CRM စနစ်က ဘယ်လိုမျိုးစီးပွားရေးတွေကို Update လုပ်မလဲ၊ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဖို့ ဘယ်လိုဝန်ဆောင်မှုတွေကို ချမှတ်မလဲဆိုတဲ့  Decision  Maker အတွက် သတင်း အချက်အလက်တွေကို စုစည်းပြီး ပံ့ပိုးပေးထား တာပါ””ဟု Hirokei Myanmar Systems Co.,Ltd. မှ Execu-tive Directorဒေါ်ဝင့်သန္တာအေး ကပြောသည်။

အဆိုပါ CRM သည် ကုမ္ပဏီအတွင်း ရှိ လှုပ်ရှားမှုများကို နေ့ရက်အတိအကျ သတ်မှတ်ကာ လုပ်ဆောင်နိုင်ခြင်း၊ အရောင်းအခွင့်အလမ်းနှင့် လှုပ်ရှားမှုဆိုင်ရာ အချက်အလက်များ၊ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုပိုင်းဆိုင်ရာ အချက်အလက်များ၊ အရောင်း အ၀ယ်ဆိုင်ရာ အချက်အလက်များ၊ တခြားသော ဈေးကွက်ချဲ့ထွင်ရေးဆိုင်ရာ အချက်အလက်များကို တစ်နေရာတည်း၌ စုစည်း သတ်မှတ်ပေးနိုင်မည်ဖြစ်သည်။

ယင်းစနစ်ကို မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံမှ ပညာရှင်များ စုစည်းထားသည့် Hirokei Myanmar Systems Co.,Ltd. က မြန်မာနိုင်ငံမှ   ခရီးသွား လုပ်ငန်းများအတွက် ယခုကဲ့သို့ စီစဉ်ထားခြင်း ဖြစ်သည်။

CRM သည် ကုမ္ပဏီနှင့် Customer ၊ Potential Customer များကြား ချိတ်ဆက်မှုနှင့် ရောင်းဝယ်မှုတို့ကို လွယ်ကူအောင် စီမံခန့်ခွဲပေးနိုင်သည့်အပြင် ကုမ္ပဏီအတွင်း လှုပ်ရှားမှုများနှင့် ရောင်းဝယ်မှု အဆင့်ဆင့် တို့ကိုလည်း အချိန်နှင့်တစ်ပြေးညီ သိရှိနိုင် ကြောင်း သိရသည်။

Kaykay

Read 145 times Last modified on Monday, 23 December 2019 10:02