Print this page

သင်္ဘောသားများကို ရေကြောင်း လျှပ်စစ်နည်းပညာများ အခမဲ့ ဖြန့်ဝေပေးမည်

Tuesday, 24 December 2019 09:55 font size decrease font size decrease font size increase font size increase font size

ပြည်တွင်း ကမ်းရိုးတန်းသွားနှင့် ပြည်ပသင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင် ကြမည့် သင်္ဘောသားများကို  ရေကြောင်း လျှပ်စစ်နည်းပညာနှင့် ဗဟုသုတများ အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း   ရန်ကုန်မြို့ MICT  Park ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်၌  ဒီဇင်ဘာ ၂၂  ရက်က ကျင်းပသော   မြန်မာနိုင်ငံရေကြောင်း လျှပ်စစ်အင်ဂျင်နီယာများ အသင်းနှင့် ညီနောင်အင်ဂျင်နီယာ အသင်းအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲမှ သိရသည်။

““ခေတ်မီတိုးတက်လာတဲ့ ရေကြောင်း လျှပ်စစ်နည်းပညာတွေနဲ့ ဗဟုသုတတွေကို လူငယ်မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပေးတဲ့ အနေနဲ့ ရေကြောင်း လျှပ်စစ် နည်းပညာတွေကို အခမဲ့မျှဝေပေးမှာဖြစ်ပါတယ်”” ဟု မြန်မာနိုင်ငံ ရေကြောင်း လျှပ်စစ်အင်ဂျင်နီယာများ အသင်း   ဥက္ကဋ္ဌ ဦးညွန့်ဦး ကပြောသည်။

ပြည်ပသင်္ဘောများတွင် ဆန်းသစ်သော လျှပ်စစ်နည်းပညာများ ထည့်သွင်းအဆင့် မြှင့်တင် အသုံးပြုသည့်နည်းကို ကွန်ပျူတာ ထိန်းချုပ်စနစ်များ  ပြောင်းလဲလာသည့် အတွက်   လျှပ်စစ် အင်ဂျင်နီယာများ၏ အခန်းကဏ္ဍ  ပိုမိုကျယ်ပြန့် လာကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့   ရေကြောင်း အင်ဂျင်နီယာချုပ် ဦးမောင်မောင်အုန်း၊ ရေကြောင်းညွှန်ကြားရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စက်မှု)  ဦးစိုးနိုင်၊ မြန်မာနိုင်ငံ ရေကြောင်းအင်ဂျင်နီယာ အသင်း ဒုတိယဥက္ကဋ္ဌ ဦးအေးလွင်၊ ညီနောင် အင်ဂျင်နီယာအသင်းများမှ   ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

မျိုးဆက်သစ် ရေကြောင်းလျှပ်စစ်အင် ဂျင်နီယာများကို အရည်အချင်းပြည့်ဝစွာ မွေးထုတ်ပေးရာတွင် အထောက်အကူဖြစ်စေရန်   မြန်မာနိုင်ငံ ရေကြောင်းလျှပ်စစ် အင်ဂျင်နီယာများ အသင်းကို ၂၀၁၉ ခုနှစ် ဇွန်၂၇ ရက်က ဖွဲ့စည်း ထူထောင်ခဲ့ကြောင်း သိရသည်။          

မောင်မျိုး(ဧရာဝတီ)

Read 292 times Last modified on Tuesday, 24 December 2019 09:56