SJ WorldNews - шаблон joomla Авто

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကဲဖြတ်မှုများ အတွက MPU နှင် RITZ တို့ ပူးပေါင်း လုပ်ဆောင်မည်

Thursday, 09 January 2020 10:30 font size decrease font size decrease font size increase font size increase font size

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကဲဖြတ်မှုများအတွက်  Myanmar  Payment Union (MPU) နှင RITZတို့ ပူးပေါင်း လုပ်ဆောင်ရန် ဇန်န၀ါရီ ၈ ရက်က ရန်ကုန်မြို့ရှိ Pan Pacificဟိုတယ်၌ သဘောတူစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။

““ကျွန်တော်တို့ရဲ့  ဆိုက်ဘာလုံခြုံရေးစနစ်ကို    လုံခြုံမှု ကောင်းမွန်လာအောင် ဥပမာ- ကျန်းမာရေး စစ်ဆေးတဲ့သဘောပေါ့။   ကြိုတင်စစ်ဆေးတဲ့ အတွက်ကြောင့် ဖြစ်လာနိုင်မယ့် အရာတွေကို     ကြိုတင်ကာကွယ်တယ်။ MPU  စနစ်ကို  ကြိုတင် စစ်ဆေးတယ်။ လိုအပ်တဲ့ အပိုင်းတွေကို ကာကွယ်မှုတွေ ပိုပြီး ပြုလုပ်မှာဖြစ်ပါတယ်”” ဟု MPU မှ Chief  Executive Officer ဦးဇော်လင်းထွဋ် ကပြောသည်။

MPU သည် အဓိကကျသော အခြေခံ အဆောက်အအုံများ  အတွက် ဆိုက်ဘာ လုံခြုံရေး အကဲဖြတ်မှုများ ပြုလုပ်ရန် RITZ သို့ လုပ်ငန်းအပ်နှံပြီး ပူးပေါင်း လုပ်ဆောင်မည်ဖြစ်သည်။

““အကယ်၍များ   ကျွန်တော်တို့ လုပ်ဆောင်တဲ့နေရာမှာ ပိုနေတဲ့ အပိုင်းတွေရှိပြီး  လုပ်ဆောင်မှု ကြန့်ကြာနိုင်တဲ့အပိုင်းတွေရှိရင် လျှော့ချသွားမှာပါ။ အဓိကက လုံခြုံမှုကို စစ်ဆေးပြီး သရုပ်ပြလုပ်ဆောင်မှု ပိုတိုးတက်အောင် လုပ်ပါ့မယ်”” ဟု ဦးဇော် လင်းထွဋ်ကပြောသည်။

လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာခြိမ်းခြောက်မှု ရှုခင်း၏ လျင်မြန်စွာ ဆင့်ကဲ ပြောင်းလဲလာမှုသည် စီးပွားရေးလုပ်ငန်းများ၏  တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုများနှင့် သုံးစွဲသူများ၏  အချက်အလက်များကို ကာကွယ်ရန် သိသိသာသာ ဖိအားပေးနေ ကြောင်း၊ ဆိုက်ဘာလုံခြုံရေး ချိုးဖောက်မှု အများစုသည် လူသိများသော အားနည်းချက်များကို အခွင့်ကောင်းယူသော်လည်း တချို့သောရိုးရာ အိုင်တီလုံခြုံရေး ဆိုင်ရာ ဖြေရှင်းနည်းများမှာ တွေ့ရှိရန် ခက်ခဲသော အနေအထားများ ရှိကြောင်း သိရသည်။

နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ဈေးရောင်းဝယ်ခြင်းမှအစ အွန်လိုင်းမှတစ်ဆင့် လုပ်ဆောင် လာကြပြီဖြစ်သောကြောင့် ယနေ့ခေတ်တွင် သတင်းအချက်အလက်များသည် အရေးကြီးလာကြောင်း၊ အဆိုပါ သတင်း အချက်အလက်များကို လုံခြုံပြီး   သုံးစွဲသူများ ပိုမိုသိရှိနိုင်စေရန် ရည်ရွယ် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

Read 471 times Last modified on Thursday, 09 January 2020 10:32