SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဘရူနိုင်းနှင့် စစ်ရေးကဏ္ဍ ပူးပေါင်းနိုင်ရန် ကြိုးပမ်းနေသည့် ဂျပန်

Monday, 14 August 2017 09:17 Written by  font size decrease font size decrease font size increase font size increase font size

အာဆီယံတွင် စစ်ရေးစစ်ရာနှင့် ပတ်သက်လာလျှင် သတင်းမထွက်ဆုံး နိုင်ငံကို ပြပါဆိုလျှင် ဘရူနိုင်း နိုင်ငံကို ထိပ်ဆုံးမှ လက်ညှိုးထိုးပြ ရမည်ဖြစ်သည်။ ထိုနည်းတူ စစ်အသုံးစရိတ် ကလည်း အမေရိကန် ဒေါ်လာ ၁ ဘီလီယံပင် မပြည့်ဘဲ သန်း ၅ဝဝ ကျော်သာရှိသည်။ အမေရိကန်နှင့် စစ်ရေးအရ ဆက်ဆံမှု အနည်းငယ်ရှိပြီး စင်ကာပူ၊ အမေရိကန်တို့နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှု လောက်ကိုသာ ပါဝင်ထားသည့် နိုင်ငံဖြစ်သည်။

ထို့အတူ စစ်ဘက်သတင်း အချက်အလက် များကို လူသိမခံဘဲ နိုင်ငံခြားစစ်ရေး ဆက်ဆံမှု များကိုလည်း သုံးသပ်သည့် နိုင်ငံဖြစ်သည်။ ယခုဂျပန်နှင့် စီးပွားရေး ဆက်ဆံမှုသာ မကဘဲ စစ်ရေး ဆက်ဆံမှုဘက်ကို အလေးပိုလာသည်။ မကြာသေးမီက ဂျပန် စစ်လေယာဉ်များ ဘရူနိုင်း လေဆိပ်သို့ ရောက်ရှိလာပြီး အာဖရိကသို့ သွားရောက်မည့် ခရီးတွင် တစ်ထောက်နားခြင်း ဖြစ်သည်။ ဂျပန်သည် ၂ဝ၁၅ ခုနှစ်တွင် ပြည်ပစစ် အကူအညီပေးရေး လုပ်ငန်းစဉ်များနှင့် ၎င်းစစ်ဘက်ကို နယ်ပယ်ချဲ့ထွင် လာလျက်ရှိသည်။ အဓိက အကြောင်း ရင်းက တောင်တရုတ် ပင်လယ်ပြင်တွင် တရုတ်တို့ သြဇာကြီးထွား လာမှုနှင့် အာဆီယံကို စီးပွားရေး အရသာမက စစ်ရေးအရပါ လွှမ်းမိုးနိုင်ရန် ကြိုးစားလာသောကြောင့် ဖြစ်သည်။ အာဆီယံတွင် တရုတ်၏ လွှမ်းမိုးမှုကင်းသည့် နိုင်ငံပြပါဆိုလျှင် ဘရူနိုင်းကိုသာ ပြရမည် ဖြစ်သည်။ အဓိက ကုန်သွယ်ဖက် နိုင်ငံက ဂျပန်၊ တောင်ကိုရီးယား၊ သြစတေးလျ၊ အိန္ဒိယနှင့် နယူးဇီလန်တို့ ဖြစ်ပြီး ထိုအထဲမှာမှ ကုန်သွယ်ရေး ရာခိုင်နှုန်း အများဆုံး ၄၆ ဒသမ ၅ ရာခိုင်နှုန်းကို ဂျပန်က ပိုင်ဆိုင်ထားသည်။ သို့သော် တရုတ်တို့က ဘရူနိုင်းကို လွှမ်းမိုးနိုင်ရန် ခြေလှမ်းများက စတင်လာပြီ ဖြစ်သည်။ ယခု ဘရူနိုင်း၏ အဓိက သွင်းကုန် တင်သွင်းသည့် နိုင်ငံတွင် တရုတ်က စင်ကာပူပြီးလျှင် ဒုတိယ နေရာကိုယူလာ ပြီးနောက်ပိုင်းတွင် စစ်ရေးတွင်ပါ ပါဝင်လာမည် ဖြစ်သည်။

ထိုအဖြစ်မျိုးကို ထိုင်းတွင် ဂျပန်တို့ ခံထားရသည့် ဥပမာ ကလည်းရှိသည်။ ၂ဝ၁၅ ခုနှစ်နှင့် အစောပိုင်း ကာလများက ထိုင်း၏ အဓိက ကုန်သွယ်ဖက် နိုင်ငံသည် ဂျပန်ဖြစ်သည်။ ၂ဝ၁၆ ခုနှစ်နောက်ပိုင်းတွင် ဂျပန်၏ နေရာသို့ တရုတ်က ဝင်ယူသွားကာ ကုန်သွယ်ရေးနှင့် စစ်ရေးတွင် တရုတ်ကထိပ်ဆုံး နေရာများကို အကုန်လုံး ဝင်ယူသွားသည်။ ထို့ကြောင့် ယခု  တရုတ်လွှမ်းမိုးမှု များနေသည့် အာဆီယံတွင် ဂျပန်တို့ နေရာတစ်နေရာ ရရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ၂ဝ၁၃ ခုနှစ် အာဆီယံ ကာကွယ်ရေး ညီလာခံ ဘရူနိုင်း၌ ကျင်းပသည့် အချိန်တွင် စစ်ရေးအရ ဘရူနိုင်းနှင့် ဂျပန်တို့ စတင်ထိတွေ့ရန် အကြောင်းဖန်လာခဲ့သည်။ သို့သော်   ဂျပန်တို့ ထိုအချိန်တုန်းက ပြည်ပစစ်ရေး ချိတ်ဆက်မှုကို တားမြစ်ထားသည့် အခြေခံ ဥပဒေက အသက်ဝင်နေဆဲ ဖြစ်သောကြောင့် ထင်သလောက် ခရီးမတွင်နိုင်ခဲ့ပေ။ ၂ဝ၁၅ ခုနှစ် ရောက်မှသာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ကြိုးပမ်းမှုကြောင့် အာရှတွင် တရုတ်စစ်ရေးကို တန်ပြန်နိုင်ရန် ဂျပန်ပါလီမန်က အာဘေး၏ ဖွဲ့စည်းပုံတွင် စစ်ရေးပြင်ဆင်ရေး အဆိုကို  အတည်ပြု ပေးခဲ့ခြင်းဖြစ်သည်။

လျင်မြန်စွာပင် နိုင်ငံပြင်ပ၌ ချက်ချင်း တာဝန် ထမ်းဆောင်နိုင်ရန် အာဘေး စီစဉ်ခဲ့ပြီး အာဖရိကဘက်သို့ ငြိမ်းချမ်းရေး တပ်သားများ စေလွှတ်ခဲ့သည်။ ထို့ပြင် အာဖရိက လုံခြုံရေးအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ချက်ချင်း မတည်ပေးခဲ့ကာ ဂျပန်တို့သည် ငြိမ်းချမ်းရေး တပ်ဖွဲ့ကို ပြည်ပသို့ တပ်ဖြန့် ချထားနိုင်ရန် စီစဉ်ခဲ့သည်။ ယခု ဘရူနိုင်းသို့ပါ စစ်ရေးအရ အခြေချရန် ဂျပန်တို့ ကြိုးစားနေပြန်သည်။ ဖြစ်နိုင်လျှင် ဘရူနိုင်းနှင့် အပြန်အလှန် စစ်ရေး လေ့ကျင့်မှုများကို ဂျပန်တို့က ပြုလုပ်ချင်နေပြီး ဂျပန်တပ်ဖွဲ့များကို ဘရူနိုင်းမြေတွင် တပ်ဖြန့်ချထားချင်နေသည်။ စစ်အသုံးစရိတ် ကိုလည်း ဂျပန်တို့ ဘီလီယံ ၅ဝ နီးပါးအထိ ရောက်လာအောင် လေးကြိမ်တိုင်တိုင် မြှင့်တင်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အပြီး အမေရိကန်တို့ ရှေ့မှောက် စာချုပ်ချုပ်ဆိုခဲ့သည့် စာချုပ်အရဆိုလျှင် ဂျပန်စစ်ဘက် ကိုယ်ပိုင် ကာကွယ်ရေး တပ်မတော်သာ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံပြင်ပ ခြေချခွင့်ရမည် မဟုတ်ပေ။ သို့သော်   အမေရိကန်တို့ အာရှတွင် တရုတ်ကို ချိန်ခွင်လျှာ ညှိနိုင်ရန် ၎င်းမဟာမိတ် ဂျပန်၏ စာချုပ် ချိုးဖောက်ပြီး စစ်ရေး လှုပ်ရှားမှုများကို မသိချင်ယောင် ဆောင်နေခဲ့ကာ ဂျပန်ကိုလွှတ်ထား ပေးခဲ့သည်။ ဂျပန်တို့ကလည်း  စစ်ရေးခြေလှမ်းများက ကျဲကျဲလှမ်းခဲ့သည်။ ပြည်တွင်းမှာပင် စစ်ရေး နည်းပညာများကို ဖွံ့ဖြိုးအောင် ယခင်ကတည်းက လှုပ်ရှားခဲ့ပြီး ယခုရဟတ်ယာဉ် တင်သင်္ဘောကိုပင် ဂျပန်တို့ ပိုင်ဆိုင်နေပြီ ဖြစ်သည်။

ထို့ပြင် နိုင်ငံတကာ အဆင့်မီ တိုက်လေယာဉ် နည်းပညာကိုပါ ဂျပန်တို့ ပိုင်ဆိုင်ရန် နီးစပ်နေပြီ ဖြစ်ကာ ယခုရှေ့ပြေး အနေဖြင့် ဂျပန်တို့၏ ကိုယ်ပိုင် ShinshinX2 က အောင်မြင်မှုများစွာကို ပိုင်ဆိုင်နေပြီဖြစ်သည်။ တိုက်လေယာဉ် နည်းပညာကို Stealth အထိရောက်အောင် ဂျပန်တို့ ကြိုးပမ်းနေပြီး အမေရိကန်၏ F22 ကို ဝယ်ယူရန်အထိ ကြိုးစားခဲ့ကြသည်။ သို့သော် အမေရိကန်က ၎င်းနည်းပညာကို ခိုးယူခံရမည် စိုး၍ မရောင်းခဲ့ပေ။ သို့သော် ကနဦး ပျံသန်းမှုက ဂျပန်တို့ကို အောင်မြင်မှုများစွာ ပေးခဲ့ပြီး အမေရိကန် ဘီလီယံပေါင်း များစွာ ရင်းနှီးမြှုပ်နှံရကျိုး နပ်စေခဲ့သည်။ နိုင်ငံတကာ လေ့လာသုံးသပ်သူ များက တိုက်လေယာဉ် လောကတွင် မကြာမီ ဂျပန်တို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာမည်ဟု ဆိုခဲ့သည်။ ယခု ဂျပန်တို့၏ ကိုယ်ပိုင်ကာကွယ်ရေး တပ်မတော်ဆိုသည့် စကားလုံးသည် နာမည် အဖြစ်သာ ရှိသည်။ နိုင်ငံတကာ အဆင့်မီ ရင်ပေါင်တန်းနိုင်ပြီး အကန့်အသတ်မရှိ ပြည်ပသို့ သွားရောက် စစ်ဆင်ခြင်း၊ ကူညီပေးခြင်းများကို လုပ်နိုင်နေသည့် တပ်မတော် ဖြစ်နေပြီဖြစ်သည်။ တရုတ်၏ စစ်ရေးအရ ခြိမ်းခြောက်မှုများကို ခံခဲ့ရသည့် နောက်ပိုင်းတွင် ဂျပန်တပ်မတော်သို့    ဝင်ရောက်မှုနှုန်းသည် သိသိသာသာ မြင့်တက်လာပြီး ဂျပန် စစ်အင်အားလည်း ၂၂ဝဝဝဝ အထိရောက် ရှိလာခဲ့သည်။ ယခင်က စစ်ရေးနှင့် ပတ်သက်လာလျှင် ဘာသိဘာသာ နေချင်ခဲ့သည့် ဂျပန်တို့သည် ၎င်းနိုင်ငံကို ခြိမ်းခြောက်မှုများ ရှိလာသည့် အတွက် စစ်ရေး စိတ်ဓာတ်များ ဝင်ရောက် လာပြီဖြစ်သည်။ ဂျပန်ပိုင်နက် အတွင်းသို့ တရုတ်ဂျက် တိုက်လေယာဉ်များ မကြာခဏ ဝင်ရောက် လာနေခြင်းက ဂျပန် အချုပ်အခြာ အာဏာကို ထိခိုက်လာခြင်း၏ ထင်ရှားသည့် ဥပမာဖြစ်သည်။ ထို့ပြင် အရှေ့တရုတ် ပင်လယ်ပြင်တွင် တရုတ်တို့ စစ်လက်နက်များနှင့် ရေဒါများကို တပ်ဖြန့်ချထားခဲ့ပြီး ဂျပန်နှင့် စစ်ဖြစ်လာလျှင် ဆိုသည့် အချက်ကိုလည်း ထည့်သွင်း တွက်ချက်ထားပြီး ဖြစ်သည်။ အရှေ့တရုတ် ပင်လယ်ပြင်တွင် စစ်ရေးအရ အပိုင်နိုင်ဆုံး အခြေအနေ ရထားခဲ့ပြီးမှသာ ယခု တောင်တရုတ် ပင်လယ်ပြင်ဘက်သို့ တရုတ်တို့ လာခြင်းဖြစ်သည်။ တောင်တရုတ် ပင်လယ်ပြင်တွင် ကျွန်းတု ဆောက်ပြီး စစ်အခြေစိုက် စခန်းများ ပြုလုပ်ခြင်းသည် ၂ဝ၁၃ ခုနှစ် အရှေ့တရုတ် ပင်လယ်ပြင်ကို အပိုင်သိမ်းခဲ့ခြင်းနှင့် ယှဉ်လျှင် နောက်ကျလွန်းနေသည်။ ထိုအချိန်တုန်းက ဂျပန်တို့ တရုတ်တို့၏ ဗျူဟာကို မရိပ်မိခဲ့ဘဲ စစ်အသုံးစရိတ် ကိုလည်း မတိုး၊ စစ်ရေးကိုလည်း သိပ်စိတ်ဝင်စားပုံ မပြခဲ့ပေ။ ၂ဝ၁၄ ခုနှစ် တောင်တရုတ် ပင်လယ်ပြင်ကို တရုတ်တို့ ရောက်လာမှသာ ဂျပန်တို့ သိရှိသွားပြီး အလျင်မြန်ဆုံး စစ်ရေးဖြန့်ကြက်မှု များနှင့် စစ်ရေးအရ ချည်နှောင်နိုင်မည့် နိုင်ငံများကို ယခုအချိန်ထိ လိုက်ရှာနေခြင်း ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

ရှိန်းထက်

Read 618 times
Rate this item
(0 votes)
Last modified on Thursday, 17 August 2017 08:29