SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဒုံးကျည် စီမံကိန်း အတွက် ရန်ပုံငွေ အင်အား ထပ်မံတိုးမြှင့်ရန် အတည်ပြုပေးခဲ့သည့် အီရန် ပါလီမန်

Tuesday, 15 August 2017 11:51 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်လက်ထက်တွင် ပြည်တွင်း လူမျိုးရေးခွဲခြားမှုများ တစ်ဖန်ပြန်လည် ထကြွလာသကဲ့သို့မြောက်ကိုရီးယား အရေးကလည်း  ဆတ်ဆတ်ထိ မခံဖြစ်နေသည့်

အနေ အထားဖြစ်သည်။တည်ငြိမ်နေသည်ဟု ဆိုနိုင်သော အီရန် အရေးကိုလည်း ဒေါ်နယ်ထရမ့်က သွားဆွ ထားပြန်သဖြင့်ပြည်တွင်းရောပြည်ပပါ အမေရိ ကန် အရေးက မတည်ငြိမ်ဖြစ် နေသည်။

အဆိုးဆုံးမှာ  အီရန်ကိုနောက်ကြောင်းပြန်လှည့် သွားစေရန် ထရမ့်ကပြုလုပ်နေခြင်းဖြစ်သည်။ ၂ဝ၁၅ ခုနှစ် ဇွန်လက P5+1 ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏  သဘောတူညီချက်ဖြင့် အီရန် နှင့် နုကလီးယား သဘောတူ စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ စာချုပ်ထဲတွင် ဒုံးပျံ အရေးကရာ နှုန်းပြည့် ဖြေရှင်းနိုင်ခဲ့သည့်အနေ အထား ဟု  မဆိုနိုင်သော်လည်း  အီရန်ကို  အနောက် အင်အားကြီး နိုင်ငံတို့ ထွက်ပေါက်တစ်ခုပေးထားခဲ့သည်။

ထိုသို့ထွက်ပေါက်မပေးလျှင်လည်း အီရန်နျူကလီးယား သဘောတူညီချက်ရရှိ လာမည် မဟုတ် ပေ။ ထို့ကြောင့် နျူကလီးယား ထိပ်ဖူးတပ်ပစ်နိုင်သည့် တာဝေး ပစ် ဒုံးပျံမျိုး     ထပ်မံ မစမ်း သပ်ရန်ဆိုသည့်ပုံစံဖြင့်  အီရန်တို့ကို  အနောက်အုပ်စုကလွတ်လပ်ခွင့်ပေးထားခဲ့သည်။

ယခု ထိုပြ ဿနာကိုအစပြုကာ ထရမ့်ကအီရန် ၂ဝ၁၅ နျူကလီးယား သဘောတူညီချက်အား ချိုးဖောက် နေသည်ဟုဆိုပြီးအရေးယူပိတ်ဆို့မှုသစ်များကို ၎င်း ကိုယ်တိုင် ဦးဆောင်၍  လက်မှတ်ထိုး ချမှတ်သည်။ အီရန်က ကျဆင်းနေသည့် ၎င်း၏ စီးပွားရေးကိုပြန်လည်မြှင့်တင်နိုင်ရန် နုကလီးယားသဘော တူညီချက် ကို ရယူခဲ့ခြင်းဖြစ်သည်။

ယခု အီရန်တို့ ထရမ့်၏ ပိတ်ဆို့မှုသစ်များနှင့်ထပ်မံ ရင်ဆိုင်နေရပြန်သည်။ ထို့ကြောင့် အီရန် နိုင်ငံရေး သမားများ အဖို့ထရမ့်ကို ဒေါသထွက်နေကြသည်။ တစ် ချိန်တည်း မှာပင် ထရမ့်စိုးရိမ် နေ သည့် ဒုံးပျံစမ်းသပ်မှုအသုံးစရိတ်ကို ထပ်မံတိုးမြှင့်ရန် အီရန်ပါလီမန်က အတည်ပြု ပေးခဲ့ ကာ ဒုံးပျံစမ်းသပ်မှုတစ်ခုချင်း စီ အ တွက် အမေရိကန်ဒေါ်လာ သန်း ၂၆ဝ ကျော်ခွဲ တမ်းဖြစ်သည်။

ထိုပမာဏသည် အီရတ်နှင့် ဆီးရီးယားတို့၌ တပ်ဖြန့်ချထားသည့် ၎င်း၏လက်နက် ကိုင်တပ် ဖွဲ့များ အတွက်လည်းများစွာ အထောက် အကူဖြစ်စေသည်။ အီရန် တို့ က ၎င်းတို့ဒုံး ကျည် စမ်းသပ်မှုများသည် နုကလီးယားထိပ်ဖူးတပ်နိုင်သည့်ပုံစံများကို စမ်းသပ် နေခြင်း မဟုတ်ဘဲ သာမန် တာဝေးပစ်ဒုံးပျံ စမ်းသပ်သည့် ပုံ စံများ ကိုသာ စမ်းသပ်နေခြင်းဖြစ်သည်ဟု ယခင်က တည်း ကအတည်ပြုပြောကြားထားသည်။

သို့သော် ထရမ့်က  ယခင်ကတည်းက မွတ်စလင်ဆန့်ကျင်ရေးမူဝါဒသမားဖြစ်ပြီး အီရန်နှင့် ပတ်သက်လျှင်မည်သည့်ကောင်းကွက်ကိုမှ မမြင်သူဖြစ်သည်။

အီရန်ကို  အကြမ်းဖက်သမားစာရင်းတွင်သာအမြဲတမ်းထားကာ သမ္မတရွေးကောက်ပွဲမဲဆွယ် စည်းရုံးရေး ကာလများကပင် သူသာ သမ္မတဖြစ်လျှင် အိုဘားမား လက်ထက်က သဘောတူခဲ့ သည့်  အီရန်သဘောတူညီချက်ကို ပြန်လည်ပြင်ဆင်မည်ဟု ကြွေးကြော်ထားသူဖြစ်သည်။

အီရန်အရေးနှင့်ပတ်သက်လာလျှင် ထရမ့်မည်သည့် အချိန်ကမျှပျော့ပျောင်းခဲ့ခြင်း မရှိပေ။ ကာကွယ်ရေး ဝန်ကြီး ခန့်အပ်သည်ကို ပင်အီရန် အပေါ်သဘောထား တင်းမာသည့် မတ်တစ်ကို ခန့်အပ်ခဲ့သည် ကလည်း အီရန် အပေါ်သဘောထားပုံကိုမြင်သာနေသည်။

ယခု  အီရန်တို့ သည်းခံနိုင်သည့်အတိုင်းအတာကုန်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့်  အမေရိကန်မကြိုက်သည့် အရာများကိုထပ်မံ လုပ်ဆောင်နေခြင်းဖြစ် သည်။ အီ ရန်နိုင်ငံပိုင်ရုပ်သံက  အမေရိကသေဆုံးခြင်းဆိုသည့်ခေါင်းစဉ်ဖြင့်ယင်းသတင်းကို ကြေညာခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်ဘက်က ထပ်မံ တင်းမာလာ လျှင်အီရန်တို့ နု ကလီးယား စီမံကိန်းဘက်သို့ နောက်ပြန်ရောက်သွားနိုင်သည်။

၎င်း၏မဟာမိတ်မြောက်ကိုရီးယားဆို လျှင် နုကလီးယား ထိပ်ဖူးနှင့် တိုက်ချင်းပစ်ဒုံးပျံများကို   အောင်မြင်စွာပိုင်ဆိုင်ထားပြီဖြစ်သည်။ အမေရိကန်စစ် ဘက်ရေး ရာ ကျွမ်းကျင်သူများ၏ ခန့်မှန်း ချက် အရမြောက်ကိုရီးယား၌   ၂ဝ၂ဝ  ပြည့်နှစ်အရောက်တွင် ကလီးယား ထိပ်ဖူး အခု၂ဝ ပိုင်ဆိုင်နိုင် သည်ဟု ဆို ထားပြီးနု ကလီးယား ဗုံးအရေ အတွက်က ၅ဝ အထိ ပိုင်ဆိုင်ထား နိုင်သည်ဟု ဆိုသည်။

နောက်ဆုံးစမ်းသပ် ထားသည့် KN06 တိုက်ချင်းပစ်ဒုံးပျံက ၁၂ဝဝဝ ကီလိုမီတာအထိ ပစ်ခတ်နိုင်ပြီး အမေရိကန်သို့အရောက်ကောင်း စွာပစ်နိုင် သည့် အခြေ အနေတွင်ရှိသည်။ ထိုဒုံးပျံ ကိုသာ နျူကလီးယားထိပ်ဖူးတပ်ပေးလိုက်ပါက အမေရိကန်တို့ မတွေးရဲစရာဖြစ်သည်။ ထို့ ကြောင့် ဒေါ်နယ် ထ ရမ့်မြောက် ကိုရီး ယား ကို  လျှော့မတွက်ရဲခြင်းဖြစ်သည်။

အကယ်၍ နောက်ထပ်အီရန် တစ်နိုင်ငံသာ ထပ်မံပေါ်ပေါက်လာပါက အမေရိကန် အတွက် ကြောက် စရာရန်သူ တစ်ယောက်  ထပ်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံ တကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က အီရန်ကို နျူကလီးယားဆယ်စုနှစ်တစ်ခုခန့်   ထုတ် မရအောင်သန့်စင်ပြီးသား ယူရေနီယံများကို ရုရှားသို့ တင် ပို့စေပြီး  ဆယ်စုနှစ်နှင့်ချီ၍  အီရန်နျူကလီးယားကိုတားဆီးခဲ့သည်။

သို့သော် အီရန်တို့ တွင် နည်းပညာကရှိထားပြီးဖြစ်သည်။တစ်ချိန်တည်းတွင် မြောက်ကို ရီး ယား ကပါ အီရန်ကိုကူညီပေးမည်ဆိုလျှင် အီရန်လည်း နျူ ကလီး ယား ကိုပိုင်ဆိုင်သည့်နိုင်ငံ IAEA က ခန့်မှန်းသည့် အချိန်ထက်စောပြီးဖြစ်လာနိုင်သည်။ ထိုအချက်ကို ဒေါ်နယ်ထရမ့် ထည့်စဉ်းစား သင့်သည်။ရန်သူ တစ်ယောက် တည်း ရှိနေသည်ကို နှစ်ယောက်ဖြစ်အောင် ဒေါ် နယ်ထရမ့်လုပ်နေခြင်းဖြစ်သည်။

၎င်း၏သဘောက အရှေ့အလယ်ပိုင်းရှိ အီရန်ကိုထိန်းချုပ်ရန် ဆော်ဒီကို တာဝန် ပေးမည်ဖြစ်သည်။ ထို့ကြောင့် ဆော်ဒီကို လက်နက်အလုံး အရင်းနှင့်   ရောင်းနေပြီး အရှေ့ အလယ်ပိုင်းကို လွှတ်ပေးထားခြင်းဖြစ်သည်။ သို့သော်အီရန်ဆိုသည်မှာ လွှတ်ပေးထား ၍ကောင်းသည့်နိုင် ငံမဟုတ်။

ဂျက်တိုက်လေယာဉ် နည်းပညာနှင့်  ဒုံးပျံနည်းပညာမှာ ထိပ်တန်းရောက်နေသည့် နိုင်ငံဖြစ်သည်။ဆော်ဒီဆိုသည်မှာ အမေရိကန် စစ်လက်နက်ဖြင့်သာ လှုပ် ရှားနေရသည့်နိုင်ငံဖြစ်သည်။ အီရန်၏ စစ်အင်အားနှင့် အသုံးစရိတ်ကို အမေရိကန်တို့ပင်  မည်မျှအထိသုံးစွဲထားမှန်းမသိ။   လက်နက်အင်အားလည်း မည် မျှ ရှိ ထားမှန်း မသိပေ။ လက်ရှိအချိန်ထိ စမ်းသပ်ထားသည့် ခရုစ်ဇ် ဒုံးကျည်အများဆုံးရောက်နိုင်သည့်အကွာအဝေးမှာ မိုင်ပေါင်း ၃ဝဝဝ ကျော်အထိ ရှိနိုင်သည်။

အီ ရန်တို့သည် နည်းပညာဖွံ့ဖြိုးတိုးတက်မှုဘက်တွင်လည်းလျင်မြန်လေ့ရှိသည်။ ရုရှားနှင့်လည်း စစ်ဘက်တွင် ပူးပေါင်းနေသည့် အတွက် အီရန်စစ် အင်အား ကို လျှော့တွက်၍မရပေ။   ထရမ့်၏ လုပ်ရပ်များကို မခံနိုင်သည့် အဆုံးနောက်ကြောင်းပြန်လှည့်သွားလျှင် အမေရိကန် အတွက်နုကလီးယား ရန်သူနောက် တစ်ယောက် ထပ်မံ ပေါ်ပေါက်လာဦးမည်ဖြစ် ပါကြောင်း တင်ပြ လိုက်ရပါသည်။           

ရှိန်းထက်

Read 514 times
Rate this item
(0 votes)
Last modified on Thursday, 17 August 2017 08:37

Latest from