SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ရေတပ်၏စွမ်းဆောင်ရည်ကို ဒေသတွင်း၌သာမက ကမ္ဘာ့ရေပြင်များသို့ပါ ချဲ့ ထွင် လာမည့်တရုတ်

Sunday, 07 January 2018 11:01 Written by  font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံသည် ပင်လယ်သမုဒ္ဒရာ စိုးမိုးရေးအတွက် ၄င်းတို့၏ ပင်လယ်ပြာရေတပ်ဖွဲ့ (Blue Water Navy) ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်သည့်အနေဖြင့် တတိယမြောက် ပြည်တွင်းဖြစ်လေယာဉ်တင် သင်္ဘောတစ်စင်းကို စတင်တည်ဆောက်နေပြီဖြစ်သည်။ တရုတ်အစိုးရသည် ၄င်းတို့၏ တတိယမြောက်ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘော တစ်စင်း ထပ်မံတည်ဆောက်မည့် အစီအစဉ်ကို တလျှန်းသင်္ဘောကျင်း၌နိုင်ငံ၏ ပထမဆုံးသော လေယာဉ်တင်သင်္ဘောကြီး တည်ဆောက်ပြီးစီးပြီးနောက် တစ်နှစ် အကြာတွင် စတင်လိုက်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံက ၄င်းတို့ပြည်တွင်း၌ တည် ဆောက်သည့် လေယာဉ်တင်သင်္ဘောများတွင် ယူကရိန်းနိုင်ငံမှ ဝယ်ယူလာ ခဲ့သည့် ယခင်ဆို ဗီယက်ခေတ်သုံး လေယာဉ်တင်သင်္ဘော မပါဝင်ပေ။ တရုတ်ခေါင်းဆောင် များသည် ၄င်းတို့၏ ရေပိုင်နက်အတွင်း၌သာမက ကမ္ဘာ့သမုဒ္ဒရာကြီးများနှင့် ပင်လယ် ရေပိုင်နက်များအထိ သွားရောက်ကာ စစ်ဆင်နိုင်ရေးအတွက် ၄င်းတို့၏ ရေတပ် အင်အားကို မကြာမီနှစ်များအတွင်းက သိသိသာသာ မြှင့်တင်လာသည်ကို တွေ့ရ သည်။ ထို့ကြောင့် တရုတ်အစိုးရသည် ယူကရိန်းမှဝယ်ယူပြီး နိုင်ငံအတွင်း၌ ပြန်လည် မွမ်းမံပြင်ဆင်ခဲ့သည့် လျှောင်းနင်အမည်ရှိ လေယာဉ်တင်သင်္ဘောကို အသုံးပြုရသည့် ရည်ရွယ်ချက်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရေတပ်မှ အရာရှိနှင့် စစ်သည်များအနေဖြင့် လေယာဉ်တင်သင်္ဘောအသုံးပြု၍ စစ်ဆင်ခြင်းကို အသားကျ လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။ ယူကရိန်းမှ လေယာဉ်တင် သင်္ဘောအပျက်ကို ဝယ်ယူစဉ်ကတည်းက တရုတ်ခေါင်းဆောင်များ၏ စိတ်ထဲတွင် တစ်နေ့နေ့၊ တစ်ချိန်ချိန်၌ ထိုသို့သော လေယာဉ်တင်သင်္ဘောကြီးများကို တရုတ်သင်္ဘောကျင်းများ၌ တည်ဆောက်မည်ဟူသော ရည်ရွယ်ချက်မှာ ထိုစဉ် ကတည်းကပင် ရှိနေပြီးသားဖြစ်သည်ဟု လေ့လာသူများက ပြောကြားထားသည်ကို တွေ့ရသည်။ အကြောင်းမှာ တရုတ်နိုင်ငံက Varyag အမည်ရှိ အဆိုပါယူကရိန်း သင်္ဘောကြီးကို ဝယ်ယူပြီး ပြန်လည်မွမ်းမံရာတွင် ယူကရိန်းမှ ကျွမ်းကျင်သူများကို ငှားရမ်းခဲ့ရပြီး သင်္ဘောတည်ဆောက်ရာတွင် ၄င်းတို့၏ နည်းပညာအကူအညီများစွာကို ရယူခဲ့ရခြင်းကြောင့်ပင်ဖြစ်သည်။ ကမ္ဘာ့ပင်လယ်၊ သမုဒ္ဒရာများကို စိုးမိုးရေးအတွက် အဆင့်မြင့် လေယာဉ်တင်သင်္ဘောနည်းပညာကို မဖြစ်မနေပိုင်ဆိုင်ရန် လိုအပ်သည် ဟူသောအချက်ကို တရုတ်ခေါင်းဆောင်များက ကောင်းစွာနားလည်သဘောပေါက် ထားသည်။ တရုတ်အစိုးရသည် ၄င်းတို့၏ ပထမဆုံးပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘောဖြစ်သည့်   Type 001A ကို ပြီးခဲ့သည့် ဧပြီ ၂၆ရက်က ရေတပ်တွင် အသုံးပြုရန် စမ်းသပ်မောင်းနှင်ခဲ့ပြီးဖြစ်သည်။ အလားတူပင် ဒုတိယမြောက် မျိုးဆက် သစ်ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောဖြစ်သည့် Type 002 ကိုလည်း တရုတ် အစိုးရက မကြာမီလများအတွင်း သို့မဟုတ်၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလခန့်တွင် ရေချသွားရန် စီစဉ်ထားသည်ဟု တရုတ်အစိုးရ၏အာဘော်ဖြစ်သည့် The Global Times သတင်းစာက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဖော်ပြခဲ့သည်။ အဆိုပါ  Type 002 လေယာဉ်တင်သင်္ဘောသည် တရုတ်အင်ဂျင်နီယာများက ပြည်တွင်း၌ တည်ဆောက်ခဲ့သည့် ဒုတိယမြောက် လေယာဉ်တင်သင်္ဘောဖြစ်သည်။ ယင်းလေယာဉ် တင်သင်္ဘောသည် လျှောင်းနင်လေယာဉ်တင်သင်္ဘောနှင့် ဆင်တူပြီး သင်္ဘော၏ မောင်းနှင်နိုင်သည့်အရှိန်မှာ အလွန်ထူးခြားမှုရှိသည်ဟု စစ်ဘက်ကဆိုသည်။ လက်ရှိ တွင် နိုင်ငံ၏ တတိယမြောက်ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောဖြစ်သည့် Type 003 ကို ရှန်ဟိုင်းမြို့ရှိ ကျန်းနန်သင်္ဘောကျင်း၌ တည်ဆောက်လျက်ရှိပြီး ယင်းသင်္ဘောကြီး သည် နည်းပညာအားဖြင့် ယခင်က တည်ဆောက်ထားသည့် လေယာဉ်တင်သင်္ဘော နှစ်စင်းထက် ပိုမိုမြင့်မားသည့်အပြင် သင်္ဘောကို တည်ဆောက်ရာတွင်လည်း ပိုမိုခက်ခဲ မှုရှိသည်ဟု ဆိုထားသည်။ တရုတ်အစိုးရသည် အဆိုပါ Type 003 သင်္ဘောအား ရေတပ်၏ ပျံသန်းမှုအကွာအဝေးကို ချဲ့ထွင်ရာတွင် အသုံးချသွားဖွယ်ရှိသည်။ တစ်နည်း အားဖြင့်ဆိုရပါမူ ယင်းသင်္ဘောပေါ်တွင် နောက်ဆုံးပေါ်တိုက် လေယာဉ်များကို ဖြန့်ကြက်အသုံးပြုမည်ဟု မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့က ခန့်မှန်း ထားသည်။ ထို့ပြင် အဆိုပါလေယာဉ်တင်သင်္ဘောကို တည်ဆောက်ရသည့် တရုတ် နိုင်ငံ၏ ရည်မှန်းချက်တစ်ရပ်မှာ အမေရိကန်အစိုးရကအထူးကျွမ်းကျင်စေရန် နှစ်ပေါင်း များစွာကြိုးပမ်းနေသည့် လျှပ်စစ်သံလိုက်စနစ်ကို အသုံးပြုရန်ပင်ဖြစ်သည်။ အမေရိကန် ရေတပ်သည် လေယာဉ်တင်သင်္ဘောအခြေပြုနိုင်ပြီး ဘက်စုံအသုံးပြုနိုင်သည့် F/A-18

Super Hornet တိုက်လေယာဉ်ကို လျှပ်စစ်သံလိုက်တွန်းကန်အား အသုံးပြုကာ သင်္ဘောမှ ထွက်ခွာပျံသန်းခြင်းကို ပြီးခဲ့သည့်နှစ်က အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီဖြစ် သောကြောင့် ယင်းစနစ်ကို အောင်မြင်စွာအသုံးပြုနိုင်ခြင်းသည် အနာဂတ်ရေတပ် စစ်ဆင်ရေးကို ကောင်းစွာထိန်းချုပ်နိုင်မည့် အလားအလာရှိ စွမ်းဆောင်ရည်တစ်ရပ် အဖြစ် တရုတ်ခေါင်းဆောင်များက ရှုမြင်လျက်ရှိသည်။ နောက်တစ်ချက်မှာ တရုတ် နိုင်ငံသည် ၄င်းတို့၏ပြည်မအခြေပြု တိုက်ခိုက်ရေး လက်နက်စနစ်များ၏ ပစ်ခတ် နိုင်သည့် အကွာအဝေးကို တိုးချဲ့ရန်၊ ထောက်လှမ်းရေး၊ စောင့်ကြည့်ရေး၊ ကင်းထောက် ရေးအပြင် အီလက်ထရွန်နစ် စစ်ပွဲစနစ်များကိုပါ အသုံးပြုနိုင်ရန်အတွက် လေယာဉ်တင် သင်္ဘောများကို အသုံးချရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ အလားတူ တရုတ်နိုင်ငံသည် ၄င်းတို့၏အဝင်၊ အထွက်ပိတ်ဆို့ရေး Anti-Acess/Area Denial စွမ်းဆောင်ရည်ကို ပိုမိုတိုးမြှင့်လုပ်ဆောင်နေပြီး အရေးပေါ်အခြေအနေများ ဖြစ်ပွားခဲ့ပါက ရန်သူ၏ တပ်ဖွဲ့များအနေဖြင့် အနောက်ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဝေဟင်၊ ရေကြောင်းနှင့် အာကာသနယ်ပယ်အတွင်းသို့ ဝင်ရောက်တပ်ဖြန့်ကြက်ခြင်း သို့မဟုတ် စစ်ရေးအရ လှုပ်ရှားခြင်းကို တားဆီးနိုင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းလျက်ရှိသည်။ တရုတ်ခေါင်းဆောင်များသည် အဆိုပါ ရည်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရေတပ်၌ ၂ဝ၃ဝ ပြည့်နှစ်ခန့်တွင် လေယာဉ်တင်သင်္ဘောလေးစင်းကို တပ်ဖြန့်အသုံးပြုရန် ရည်မှန်းထားသည်။ လက်ရှိတွင် ယူကရိန်းမှ ဝယ်ယူမွမ်းမံထားသည့် လျှောင်းနင်လေယာဉ်တင်သင်္ဘော တစ်စင်းတည်းသာ ရေတပ်တွင် အသုံးပြုလျက်ရှိသော်လည်း မဝေးတော့သည့် အနာဂတ်ကာလတွင် ပြည်တွင်းဖြစ်လေယာဉ် တင်သင်္ဘောများကို ထပ်မံဖြန့်ကြက် အသုံးပြုကာ ရေတပ်အင်အားလွှမ်းမိုးရေးကို လုပ်ဆောင်လာမည်ဖြစ်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် ၄င်းတို့၏ပင်လယ်ပြာရေတပ်စွမ်း ဆောင်ရည်ကို ဒေသတွင်း၌ သာမက ကမ္ဘာ့ရေပြင်များသို့ပါ တိုးချဲ့နိုင်မည့်အလားအလာရှိနေပေသည်။ ။

Read 397 times
Rate this item
(0 votes)
Last modified on Sunday, 07 January 2018 11:04