SJ WorldNews - шаблон joomla Авто

၂ဝ၁ ၈ ခုနှစ်၏ နဂါးခေါင်း အလှည့်များ

Thursday, 11 January 2018 12:14 Written by  font size decrease font size decrease font size increase font size increase font size

ရှေးမြန်မာလူမျိုးတွေက ခရီးသွားစရာ ရှိရင် နဂါးခေါင်းဘယ်ဘက်ကိုလှည့်သလဲဆိုတာ အထူး သတိထားတတ်ကြပါတယ်။ နဂါးခေါင်းလှည့်တဲ့ဘက်ရဲ့ ဆန့်ကျင်ဘက်ကိုသွားမိရင် နဂါးခံ တွင်း ထဲဝင်သလိုဖြစ်လိမ့်မယ်ဆိုပြီး အဲဒီလမ်းကို မသွားဘဲရှောင်ကြတာဖြစ်ပါတယ်။ ဥပမာ''နဝါဝါ့မြောက်''ဆိုတဲ့အတိုင်း နယုန်၊ ဝါဆို၊ ဝါခေါင်လတွေမှာနဂါးခေါင်းမြောက် ကိုလှည့် တာမို့ တောင် ဘက်ကို မသွားကောင်းဆိုတာမျိုးပါ။ တကယ်တော့ နဂါးဆိုတာ ကောင်းကင် ပေါ်မှာ တိမ်ကင်း စင်တဲ့ညဆိုရင် မြင်တွေ့ရတတ်တဲ့ မစ်လ်ကီးဝေး  နဂါးငွေ့တန်းကြယ် စုကြီးကို ခေါ်တာဖြစ် ပါ တယ်။

ကမ္ဘာ့နိုင်ငံရေးမှာတော့  နဂါးတွေလို ခံတွင်းကနေ  မီးလျှံထွက်လောက်အောင် သြဇာ အာဏာပြင်း လှတဲ့ အင်အားကြီးနိုင်ငံတွေရှိကြပါတယ်။  တချို့လည်း တစ်ကမ္ဘာ လုံးအတိုင်း အ တာနဲ့   သြဇာကြီးလှသလို တချို့ကျတော့ သူ့ဒေသအတွင်းမှာ သူကဘုရင်တစ်ဆူလိုပဲ ဖြစ်ကြပါတယ်။  ဒီနိုင်ငံတွေက တစ်ချက်လှုပ်ရှားလိုက်ရင် တရုတ်နဂါးကသလို  နဂါးဦးခေါင်း တစ်ချက် လှည့် တာ နဲ့ နောက်က နဂါးအမြီးနဲ့တူတဲ့ နိုင်ငံငယ်လေးတွေက   ဟန်ချက်ညီအောင်  

အဝေးကြီးပြေးလွှားကြရလေ့ရှိပါတယ်။ ဒါကြောင့်  နှစ်တစ်နှစ်မှာ နဂါးတွေဦးခေါင်း ဘယ်ဘက်ကို လှည့်မလဲဆိုတာ  နိုင်ငံငယ်လေးတွေအတွက်တော့ အတော်လေး အရေးကြီး ပါတယ်။

၂ဝ၁၈ ခုနှစ်အတွက် ကမ္ဘာနဲ့ချီပြီး ကိုင်လှုပ်နိုင်မယ့် နဂါးတွေကို   ကြည့်လိုက်တဲ့အခါ  အမေရိ ကန်၊  ဆော်ဒီအာရေဗျနဲ့ တရုတ်နိုင်ငံတို့ကို တွေ့ပါတယ်။

တစ်ကမ္ဘာလုံးကိုဖွမယ့် အမေရိကနဂါး၂ဝ၁၇ ခုနှစ်မှာ အာဏာရလာကတည်းက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဦးတည်ချက်က အမေရိကန်ပြည်ထောင်စုကို သြဇာအာ ဏာကြီး မား လာ အောင် ပြန်ပြီးလုပ်ဖို့ပါပဲ  To make America great again။ ဒါပေမဲ့ ဒီလိုလုပ်ရာမှာ အမေရိကန် စစ်သားတွေရဲ့ အသက်ပေါင်းများစွာကို စွန့်လွှတ် စတေး ရမယ့် စစ်ပွဲကြီး တွေ ကိုတော့  သမိုင်း သင်ခန်းစာအရ   ထပ်ပြီးဖန်တီးတော့မှာ    မဟုတ်ပါဘူး။ သူလုပ်ချင်တာကအမေရိ ကန်စီးပွားရေးကို တိုးတက်အောင်လုပ်မယ်၊   ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒကို ကျင့်သုံးမယ်၊ အပြင်ဘက်က အမေရိကန်နိုင်ငံထဲကိုလာပြီး  ရင်းနှီးမြှုပ်နှံ အောင်ကြိုးပမ်းမယ်၊  အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေ  တခြားမှာသွားပြီး ရင်းနှီးမြှုပ်နှံမှုမလုပ်အောင်  တားဆီး မယ်၊  အမေရိ ကန် လုပ်ပစ္စည်းတွေ  ပိုရောင်းရအောင်ကြိုးစားမယ်၊ အမေရိကန်နိုင်ငံထဲ တခြား သူတွေဝင်ရောက်တာကို  ကန့်သတ်မယ် စသည်ဖြင့်  အစစအရာရာ  အမေရိကန်သာ

ပထမဆိုတဲ့ မူဝါဒပါ။ အမျိုးသားလုံခြုံရေးမဟာဗျူဟာဆိုရင်လည်းအမေရိကန်သာလျှင် ကမ္ဘာပေါ် မှာ   နံပါတ်တစ်မဟာအင်အားကြီးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမယ်ဆိုတဲ့ ကြွေးကြော် သံကိုပဲ ဆက်ပြီး ဆုပ်ကိုင်ထားတာပါပဲ။  ခြိမ်းခြောက်မှုအန္တရာယ်နဲ့ပတ်သက်ပြီး  တရုတ် နဲ့ရုရှားကို  မဟာဗျူဟာပြိုင်ဘက်တွေလို့ သတ်မှတ်ထားပါတယ်။ အီရန်နဲ့  မြောက် ကိုရီးယား ကိုတော့ အန္တရာယ်ကောင်တွေလို့ သတ်မှတ်ထားပါတယ်။ IS နဲ့  အစွန်း ရောက် အကြမ်းဖက်အုပ်စုတွေကိုလည်း  အန္တရာယ်လို့ သတ်မှတ်ထားပါတယ်။

ဒီအချက်တွေပေါ်မူတည်ပြီး ထရမ့်ဘာလုပ်မယ်ဆိုတာ မှန်းဆနိုင်ပါတယ်။ ကမ္ဘာကြီးရဲ့ မ တည်ငြိမ်မှု က အမေရိကန်ရဲ့ အကျိုးစီးပွားဖြစ်တယ်လို့ အမေရိကန်စစ်ဘက် အရာရှိကြီး တစ်ဦး    ရေးဖူးတဲ့ အတိုင်း ကမ္ဘာတစ်ဝန်းမှာ  မတည်မငြိမ်ဖြစ်အောင်ဖွပြီးတော့မှ လက် နက်ရောင်းပြီး  စီးပွားရှာမှာဖြစ်ပါတယ်။ အမေရိကန်က  လက်နက်ရောင်းရာမှာ သိပ်ပြီးလက် လီစိတ်လေ့ မရှိဘဲ ချမ်းသာကြွယ်ဝတဲ့ အာရပ်နိုင်ငံတွေ၊ ဂျပန်၊ ကိုရီးယား၊  တရုတ်(တိုင်ပေ)၊  သြစတြေး လျစတဲ့ ဖောက်သည်အထည်ကြီးနိုင်ငံတွေကိုသာ အဆင့်မြင့်လက်နက်တွေ ရောင်းချပြီး ပိုက်ဆံကို  နင့်နေအောင်ရှာတာဖြစ်ပါတယ်။ ထရမ့်ရဲ့  ပထမသက်တမ်းတစ်နှစ် အတွင်းမှာ ပဲ အရှေ့အလယ်ပိုင်းမှာ ဆော်ဒီအာရေဗျကို စစ်လက်နက်  အမေရိကန်ဒေါ်လာ ၁၁ဝ ဘီလီ ယံဖိုး၊  ကာတာကို စစ်လေယာဉ် အမေရိကန်ဒေါ်လာ  ၁ဝ ဘီလီယံဖိုး၊  ဂျပန်ကို  ပက်ထရီ ယော့ဒုံးခွင်းဒုံးစနစ်နဲ့ F35 ဘက်စုံသုံး  တိုက်လေယာဉ်တွေ ဒါဇင်နဲ့ချီပြီးရောင်းဖို့နဲ့ အလားတူ တောင်ကိုရီးယားကိုလည်း F35 အစင်းရာနဲ့ချီပြီးရောင်းဖို့ စသည်ဖြင့်  လက် နက် ဈေးပွဲတော်ကြီး ဖွင့်တော့တာပါပဲ။ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ရဲ့စာရင်းအရ ၂ဝ၁၇  ခုနှစ် တစ်နှစ် တည်း မှာတင် အမေရိကန်ရဲ့လက်နက်ရောင်းချမှုတန်ဖိုးကအမေရိကန်ဒေါ်လာ ၅ဝ ဘီလီယံနီးပါးအတည်ပြုနိုင်ခဲ့ပြီး ရုရှားဘက်က လေ့လာမှုအရဆိုရင်တော့ အမေရိ ကန် ဒေါ် လာ ၆ဝ ဘီလီ ယံကျော် ရှိနိုင်တယ်လို့ဆိုပါတယ်။

ထရမ့်ရဲ့ မူဝါဒတွေကိုအခြေခံပြီး နောင်လှမ်းလာမယ့် အမေရိကန်ရဲ့  ခြေလှမ်းတွေကို သုံးသပ်ရမယ်ဆိုရင် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့ကိုတော့ စစ်ရေးအရ ထိပ်တိုက် ရင် ဆိုင်မှာမဟုတ်ဘဲကိုယ်စားလှယ် (Proxy) တွေနဲ့ အလုပ်ရှုပ်အောင် ပြဿနာတွေ ပေးပြီး ထိန်းထားမှာဖြစ်ပါတယ်။ အီရန်နဲ့ မြောက်ကိုရီးယားတို့ကိုတော့ လုပ်စားရမယ့် အကွက် တွေအဖြစ် သတ်မှတ် ထားဦးမယ့်သဘောရှိပါတယ်။

 ဒီနှစ်နိုင်ငံကိုအန္တရာယ်ကောင်တွေအဖြစ် ထုတ်ပြပြီး မြွေအလမ္ပာယ်ပြပြီးတော့ ဆေးရောင်း မယ့်သဘောပါပဲ။ အခုလည်း အရှေ့အလယ်ပိုင်းနဲ့ အာရှ-ပစိဖိတ်မှာ အတော်လေး လက် နက်ရောင်း လိုက်ရပြီဖြစ်လို့  ပဋိပက္ခသိပ်ကြီးထွားပြီး  အမေရိကန်ဝင်ပါရတဲ့ အဖြစ်မျိုး မရောက် အောင် အလျှော့အတင်းလေးတွေနဲ့ ကစားမယ့်သဘောရှိလာတယ်။

IS အကြမ်းဖက် အဖွဲ့နဲ့ ပတ်သက်လို့ကတော့ အီရတ်နဲ့ဆီးရီးယားမှာ ပြိုကွဲသွားတဲ့ ငနဲတွေ ပင်လယ် ကူးပြီး  အမေရိကန်ထဲကိုရောက်မလာအောင်  ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဖယ် ထုတ် တား ဆီးဖို့က အမေရိကန်ရဲ့ အကျိုးစီးပွားဖြစ်ပါလိမ့်မယ်။

တပ်ပျက်ISတွေ အာဖရိက တစ်ဝိုက် မှာပဲခိုခို၊  အာဖဂန်နစ္စတန်ကိုပဲသွားသွား၊ အရှေ့ တောင်အာရှအထိပဲလာလာ၊ ရုရှားနဲ့  ကော့ကေးဆပ်ဘက်ကိုပဲ လှည့်လှည့် အမေရိကန်မြေကို  မထိ သရွေ့ကတော့ အေးအေးဆေးဆေးပဲ သတင်းလေးပေး၊  ငွေလေးထောက်ပံ့ပြီးနေလို့ရတယ်။ ဖြစ်နိုင်တာကတော့IS တွေက နီးစပ်ရာ၊ လုံခြုံရာ၊ ဘာသာတူလည်းဖြစ်တဲ့ အသိုက် ဟောင်း    အာဖဂန်နစ္စတန်ကိုအများစုသွားပြီး ခိုလှုံကြဖို့အလားအလာများပါတယ်။ အဲဒါဆိုရင်  IS နဲ့  တာလီဘန်တပ်ပေါင်းစု ဖြစ်လာပါလိမ့်မယ်။

အရှေ့အလယ်ပိုင်းက  ဇာတ်ဆရာဆော်ဒီ အရှေ့အလယ်ပိုင်းဒေသမှာတော့ ဇာတ်ဆရာက ဆော်ဒီ အာရေဗျပါ။ပိုပြီးတိတိကျကျပြောရရင်တော့ ဆော်ဒီကိုလက်တွေ့ ကိုင်တွယ်အုပ် ချုပ်နေ တဲ့ အိမ်ရှေ့မင်းသား ဘင်ဆယ်မန်ဖြစ်ပါတယ်။ ဘင်ဆယ်မန်က  အသက်ငယ်ငယ်နဲ့အချိန် တိုအတွင်းမှာ ထိပ်တန်းရောက်အောင်တက်လာခဲ့သလို အနာဂတ်မှာလည်း  အရှေ့ အလယ်ပိုင်းဒေ သရဲ့ဦးဆောင်သူ၊ အဲဒီကမှ အစ္စလာမ်မစ်ကမ္ဘာရဲ့ခေါင်းဆောင်အဖြစ်ကို တက်လှမ်းဖို့ မျှော်မှန်းထားပုံရပါတယ်။ ၂ဝ၁၇ ခုနှစ်အတွင်း  ဘင်ဆယ်မန်က နိုင်ငံရေးအရ  ပိုပြီး အာ ဏာခိုင်မြဲအောင် စီနီယာကျတဲ့ အိမ်ရှေ့မင်းသား ဦးလေးကို ဖယ်ရှားပြီး   အကျယ် ချုပ်ချ ထားလိုက်တယ်။

ပြိုင်ဘက်ဝါရင့်မင်းသားကြီးတွေကို အဂတိလိုက်စားမှုနဲ့ထိန်းသိမ်းတယ်။ ပြီးမှ  လျော်ကြေး အမေရိ ကန်ဒေါ်လာ ဘီလီယံပေါင်းများစွာယူပြီး ပြန်လွှတ်လိုက်တယ်။ ရေနံခေတ်လွန် ဆော်ဒီ အာရေ ဗျ အတွက် စီးပွားရေးအခြေခံပြီး  ကမ္ဘာကိုတံခါးဖွင့်ဖို့ ကြိုးစားလာတယ်။ 

ဒေသတွင်းမှာတော့ ဆော်ဒီရဲ့ပစ်မှတ်က အီရန်ပါ။ ပြောရရင်အရှေ့အလယ်ပိုင်းတစ်ခွင်လုံးမှာ ဆော်ဒီနဲ့ အီရန်တို့   အသေအလဲအားပြိုင်နေကြတယ်လို့  ဆိုရမှာပါ။

လက်တွေ့ကျကျ ပထဝီနိုင်ငံရေးအရ အင်အားမျှခြေကို တွက်ဆမယ်ဆိုရင်တော့ အီရန် ဘက်က အားသာတယ်လို့ဆိုရမှာပါ။ လူဦးရေကို ကြည့်ရင် ရှီးယိုက်အများစုဖြစ်တဲ့ အီရန်က  သန်း ၈ဝ၊  အလားတူ  ရှီးယိုက်အာရပ် လူများစုနေထိုင်တဲ့ အီရတ်က ၃၇ သန်း   (အဲဒီထဲမှာ ရှီးယိုက်က ၆၅ ရာခိုင်နှုန်း)၊ တစ်ဖက်မှာတော့   ဆွန်နီအုပ်စုထဲမှာ   လူဦးရေ အများဆုံးဖြစ်တဲ့ဆော်ဒီက ၂၈  သန်း၊ ကျန်တဲ့ယူအေအီး၊ ကာတာ၊  ကူဝိတ်ဆိုတဲ့ နိုင်ငံလေးတွေက စုစု ပေါင်းမှ  နိုင်ငံသားအစစ်   နှစ်သန်းကျော်လောက်ပဲရှိတာမို့  စာမဖွဲ့လောက်ပါဘူး။ စီးပွားရေး မှာ တော့  ဆော်ဒီနဲ့ ဆွန်နီ အာရပ်ရေနံအုပ်စုက သာတာပေါ့။ ဒါပေမဲ့ စစ်အင်အားကျတော့ အီရန် ကို လျှော့တွက်လို့မရဘူး။  သူ့မှာ နှူကလီးယားနဲ့ ဒုံးပျံနည်းပညာ ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။    

နိုင်ငံရေးမှာကျတော့လည်း ဆွန်နီ-ရှီးယိုက်ဘာသာရေးအကွဲပေါ်မှာ မူတည်ပြီး  အရှေ့ အလယ်ပိုင်း ဒေသထဲမှာရှိတဲ့ တခြားနိုင်ငံတွေရဲ့ နိုင်ငံရေးမှာ ဆော်ဒီနဲ့ အီရန်တို့ ပါဝင်ပတ် သက် အားပြိုင်နေကြတာပါ။

အီရတ်မှာဆိုရင်  ရှီးယိုက်အစိုးရနဲ့ လူထုကလည်း ရှီးယိုက်များလို့  အီရန်ကသာပါတယ်။ ဆီးရီး ယားမှာတော့ အီရန်က ရှီးယိုက် အာဆတ်အစိုးရနဲ့ မဟာမိတ်ဖြစ်ပြီး ဆော်ဒီကတော့ အာဆတ် ဆန့် ကျင်ရေး ဆွန်နီအုပ်စုတွေကို  ထောက်ခံအားပေးနေတာဖြစ်ပါတယ်။  အာဆတ်အစိုးရက ရုရှားနဲ့ပါ မဟာမိတ်ဖွဲ့ထားလို့  ရုရှားရဲ့စစ်အင်အားနဲ့  ဆွန်နီအုပ်စုတွေကို  ဖိ ထားနိုင် လို့ အီရန် ဘက်က ဆီးရီးယားမှာ အားသာတယ်လို့ဆိုနိုင်ပါတယ်။   ဆီးရီးယားမှာ အီရန်နဲ့ အတူ   လက်ဘနွန်က  ရှီးယိုက်အုပ်စုဖြစ်တဲ့ ဟစ်ဇ်ဘိုလာတွေလည်းပါဝင် တိုက်ခိုက် နေပါတယ်။ လက် ဘနွန် မှာ အစိုးရက အင်အားသြဇာသိပ်မရှိတော့ ဟစ်ဇ်ဘိုလာကို ကြောက်နေ ရတာဖြစ်ပါတယ်။ ယီမင်မှာတော့  တိုင်းပြည်ပျက်နေတာဖြစ်လို့ ဆော်ဒီက ကိုယ်တိုင် ဝင်ရောက်ကျူးကျော် အင် အား သုံးပြီး  ဆွန်နီအုပ်စု ဘက်က ဝင်တိုက်ပေးနေသလို ရှီးယိုက် ဟူသီသူပုန်တွေဘက်က   အီရန်က အားပေးထောက်ပံ့နေပါတယ်။

အမေရိကန်အတွက်ကတော့ အရှေ့အလယ်ပိုင်းမှာ ဆွန်နီနဲ့  ရှီးယိုက်၊ ဆော်ဒီ နဲ့အီရန် တို့ပြိုင် ဆိုင်နေကြတာက သူကိုယ်တိုင်နဲ့သူ့ရဲ့အဓိကမဟာမိတ်   အစ္စရေးအတွက်လည်း လုံခြုံ၊ သူ လည်း လက်နက်ရောင်းရတာမို့ ယာလည်းညက်  ကြက်လည်းပန်းဖြစ်ပြီး တစ်ချက်ခုတ် နှစ် ချက်ပြတ် အမြတ်ထွက်စေတယ်လို့ ဆိုရမှာပါ။

အာရှ-ပစိဖိတ်ဒေသက တရုတ်-အမေရိကန် အားပြိုင်မှု၂ဝ၁၇  ခုနှစ်  အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့(၁၉)ကြိမ်မြောက် ပြည်လုံးကျွတ် ကွန်ဂရက်မှာ တရုတ်နိုင် ငံကို ၂ဝ၂ဝ ပြည့်နှစ်ကျရင် ဘက်ပေါင်းစုံက ဖွံ့ဖြိုးတိုးတက်ပြီး   ကြွယ်ဝတဲ့  နိုင်ငံဖြစ် အောင်လုပ်မယ်။ ၂ဝ၅ဝ ပြည့်နှစ်ရောက်ရင် ကမ္ဘာကိုလွှမ်းမိုးနိုင်တဲ့ ကမ္ဘာ့ ဦးဆောင်အင် အားကြီးနိုင်ငံဖြစ်ရစေ မယ်လို့  သမ္မတရှီကျင့်ဖျင်က  တရားဝင်ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒါက တရုတ်နိုင်ငံကို ဒေသတွင်းအင်အားကြီးနိုင်ငံအဖြစ်ကနေ  ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် လှမ်း တက်ဖို့  စတင်တာ ထွက် တဲ့ သေနတ်ဖောက်အချက်ပေးသံဖြစ်သလို၊ အမေရိကန် အတွက်လည်း လှုပ်နှိုးလိုက်တဲ့ အသံဖြစ်သွားပါတယ်။  ကမ္ဘာ့အင်အားကြီးဦး ဆောင်နိုင်ငံ အဖြစ်လှမ်းတက်ဖို့ တရုတ် ရဲ့နည်းလမ်းကတော့ ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်သွယ် (One Belt One Road)အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကတော့အရှေ့ကမ္ဘာခြမ်းကုန်းမြေကြီး တစ်ခု လုံးကို  ရေကြောင်း ကုန်းကြောင်းကနေ ကွန်ရက်ဖြန့်ကြက်ပြီး တရုတ်ကဦးဆောင်ကာလူမှု စီး ပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမယ့်အစီအစဉ်ပါ။

တရုတ်နဲ့ အမေရိကန် အားပြိုင်ပွဲထဲမှာမီးပွင့်မီးပွားပြဿနာအဖြစ် အသုံးချရမှာကတော့ ကိုရီး ယားကျွန်းဆွယ်ကိစ္စ၊တရုတ်-ဂျပန်တင်းမာမှု၊ တရုတ်(တိုင်ပေ)လွတ်လပ်ရေးလှုပ်ရှားမှုနဲ့ တောင် တရုတ်ပင်လယ်ပြဿနာတွေဖြစ်ပါလိမ့်မယ်။   ဒီကိစ္စအားလုံးမှာ အမေရိကန်က မဟာ စစ် ပွဲကြီးဖြစ်ရလောက်အောင် ထဲထဲဝင်ဝင်အင်အားသုံးလုပ်ဆောင်စရာအကြောင်းမရှိပါဘူး။

War Economics အရ အမေရိကန်မှာ စစ်ကြီးတစ်ခု တိုက်ရလောက်အောင် ပိုက်ဆံ မရှိပါ ဘူး။ မြောက်ကိုရီးယားကလည်း အဏုမြူလက်နက်နဲ့ ဒုံးပျံတွေပိုင်ထားပေမယ့် ကြောက် ကန် ကန်ဖို့လောက်ပဲဖြစ်ပြီး အမေရိကန်ကို   တကယ်တမ်းစစ်ဖြစ်ဖို့ ဆန္ဒရှိတာမဟုတ်ပါဘူး။  ဒီစစ်ကို   တိုက်လို့ နှစ်ဖက်စလုံးအတွက်လည်း အကျိုးမရှိပါဘူး။ တရုတ်-ဂျပန် တင်းမာမှုဆိုတာ က လည်း စိတ်ခံစားမှုပေါ် မူတည်နေတာဖြစ်ပြီး ခိုင်မာတဲ့  အမျိုးသားအကျိုးစီးပွား ပဋိပက္ခ မရှိပါဘူး။ တရုတ်(တိုင်ပေ)ကိစ္စမှာလည်း တရုတ်မရှိဘဲ တရုတ်(တိုင်ပေ)မှာ ရပ်တည်ဖို့ ခက်နေပြီဖြစ် လို့  စစ်ဖြစ်စရာမရှိပါဘူး။ တောင်တရုတ်ပင်လယ်ကိစ္စမှာတော့ တရုတ်က  လုံးဝ အလျှော့ပေးမယ့်ပုံမပေါ်ပါဘူး။ နိုင်ငံရေးနဲ့ပဲ ဖြေရှင်းမယ့်သဘောရှိပါတယ်။ အမေရိကန် အနေ နဲ့  တောင် တရုတ် ပင်လယ်လို အမိမြေနဲ့ မိုင်ထောင်ချီကွာဝေးနေတဲ့နေရာမှာ အင်အား သုံးထိပ် တိုက်တွေ့ဖို့ ရေရာတဲ့အကြောင်းရင်းခံနဲ့ အကျိုးစီးပွားမရှိသလို အောင်မြင်ဖို့လည်း ခက်ခဲပါ တယ်။ ဒါကြောင့် တရုတ်ကို နှောင့်ယှက်ကန့်ကွက်ရုံလောက်ပဲ လုပ်နေတာဖြစ် ပါတယ်။သုံးသပ်ချက်ခြုံပြီးသုံးသပ်ရမယ်ဆိုရင်  ရှေ့လာမယ့်အနာဂတ်ရေတိုကာလအတွက်   မှန်း ဆ ချက်တွေ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အမေရိကန်က  သူ့ရဲ့ပြည်တွင်းဦးစားပေးမှုဝါဒကို  ဆက်ပြီးဆွဲကိုင်လာဦးမှာပါ။ အပြင်ဘက် မှာသူ ကိုယ်တိုင် စစ်ဖြစ်တဲ့အထိ ဝင်ပါမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဓိကမဟာဗျူဟာ  အင် အားပြိုင် ဘက်ဖြစ်တဲ့ တရုတ်ကိုတော့  သူ့တိုင်းပြည်အနားစွန်ဒေသမှာ  အလုပ်များနေအောင် ပြဿနာတွေ ဖန်တီးထားဦးမှာဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာလည်း အီရန်ကို ဦးတည် ပစ်မှတ် ထားပြီး ဆော်ဒီနဲ့ပူးပေါင်းလုပ်ကြံဖို့ ကြိုးစားနေဦးမှာပါ။ ဆွန်နီအုပ်စုထဲမှာလည်း  အရှုပ် အထွေးတွေဖြစ်အောင် ဆက်ပြီးဖွနေဦးမှာဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းကတော့  ပိုပြီးဆူပူရှုပ်ထွေးလာနိုင်ပါတယ်။  ဆော်ဒီ-အီရန် တင်းမာမှု ၊ ဆွန် နီ-ရှီး ယိုက်ပဋိပက္ခ၊ အစ္စရေး- ပါလက်စတိုင်းအရှုပ်အထွေး၊  ဆော်ဒီ-ကာတာ အားပြိုင် မှု စတဲ့ပြ ဿနာပေါင်းစုံက ဆက်ပြီးကြီးထွားလာနေနိုင်သလို ပုရွက်အုံကို  တုတ်နဲ့ အထိုး ခံလိုက်ရတဲ့ ISလိုအကြမ်းဖက်လှုပ်ရှားမှုတွေလည်း ပြောက်ကျားအသွင်ပြောင်းပြီးအဖျက် အမှောင့် အကြမ်းဖက် လုပ် ရပ်တွေဖြန့်ကြက်လုပ်ဆောင်လာနိုင်ပါတယ်။  ဒီဆူပူမှုအကျိုး ဆက် ကို အိမ်နီးချင်းဥရောပက ခံစားရဖွယ်ရှိပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာတော့  မဟာဗျူဟာအရ အမေရိကန်-တရုတ်အားပြိုင်မှုကို ဆက်ပြီး တွေ့ ရဖွယ်ရှိပါတယ်။ ကိုရီးယားပြဿနာကတော့ တင်းအားလျှော့ဖို့  လမ်းကြောင်း ရှာကြ ပါလိမ့် မယ်။ ဒီနေရာမှာတရုတ်ရဲ့ကဏ္ဍက အရေးပါလာပါလိမ့်မယ်။ ကျန်တဲ့ပြဿနာ တွေက တော့သိပ်စိုးရိမ်စရာမရှိပါဘူး။  ပိုဆိုးသွားမှာမဟုတ်ပေမယ့် ပြေလည်သွားမှာတော့ မဟုတ် ဘဲရှိမြဲ  ရှိနေကြဦးမှာပါ။ တပ်ပျက် IS တွေကတော့   အရှေ့အလယ်ပိုင်းနဲ့  အာဖရိကအရှေ့ပိုင်းမှာ ပြန့်ကျဲသွားသလို     ဥရောပထဲကိုလည်း စိမ့်ဝင်ဖို့ကြိုးစားနိုင်ပါတယ်။ 

ခိုအောင်းမျိုးပွားနိုင်ဖို့ အလားအလာရှိတဲ့နေရာတွေကတော့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အလယ် အာရှ ၊ တောင်အာရှ (ဘင်္ဂလားဒေ့ရှ် ပတ်ဝန်းကျင်ဒေသများ)နဲ့  အရှေ့တောင်အာရှ (ဖိလစ် ပိုင်- မလေးရှား -အင်ဒိုနီးရှား သုံးပွင့်ဆိုင်တြိဂံဒေသများ)ဖြစ်ပါတယ်။

ဒါကတော့ရေတိုအနာဂတ်အတွက်သုံးသပ်ချက်ဖြစ်ပါတယ်။ ၂ဝ၂ဝ ပြည့်နှစ် နောက်ပိုင်း ရေနံရုပ်ကြွင်းလောင်စာခေတ်ကုန်သွားတဲ့အခါ ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ကြီးကြီး မားမားဖြစ်ပေါ်လာနိုင်တဲ့အလားအလာကို စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း တင်ပြ လိုက် ရပါတယ်။   

ကိုကိုလှိုင်

Read 618 times
Rate this item
(0 votes)
Last modified on Thursday, 11 January 2018 12:27