SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

မိသားစု အရေးနှင့်ပတ်သက်လာလျှင် တော်ဝင် မင်းသားများပင် ဝေဖန်ချက်မပေးနိုင်သည့် ဆော်ဒီ ဘုရင်မိသားစု

Thursday, 17 August 2017 12:05 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာပေါ်တွင် အလျှို့ဝှက်ဆုံးမိသားစုဟု နာမည်ကြီးလှသည့်  ဆော်ဒီမိသားစု အကြောင်း  နာမည်ကြီးစေသည့်သတင်းတစ်ပုဒ် ယမန်နေ့က ပေါ်ထွက်လာသည်။

ဆော်ဒီ၏ ပျောက် ဆုံးမင်း သား များဟူသောခေါင်းစီးဖြင့် ပေါ်ထွက်လာခြင်းဖြစ်ပြီး ထိုမင်းသားများ  ဥရောပသို့   ရောက် နေစဉ်မှာပင် ပျောက်ကွယ်သွားခြင်းဖြစ်သည်။

ဥရောပတွင်  ယခင်ကဆော်ဒီမင်းသားလေးဦးရှိပြီး ယခု ဂျာမနီနိုင်ငံ၌   နေထိုင်သည့် တစ်ဦး သာရှိ တော့သည်။ ကျန်သည့်သုံးဦးမှာ  သတင်းအစအနမရဘဲ  ပျောက်ဆုံးသွားကြပြီဖြစ်သည်။

 ပထမဆုံးပျောက်ဆုံးသွားသည့်မင်းသားက ဆူလ်တန်ဘင်တူရကီဖြစ်သည်။ ဆွစ်ဇာ လန်နိုင် ငံ၌ နေထိုင်ပြီး ဆော်ဒီမိသားစုအုပ်ချုပ်ရေးပိုင်း၏  လာဘ်စားသည့်အကြောင်းအရာများ၊ လူ့ အခွင့် အရေး ချိုးဖောက်မှုများနှင့်ပတ်သက်ကာ နိုင်ငံတကာမီဒီယာများနှင့်  အင်တာဗျူး များပြု လုပ်၍ဆော်ဒီဖွဲ့စည်းပုံတချို့ကို  ပြောင်းလဲရန်   တောင်းဆိုခဲ့သူဖြစ်သည်။

 သို့သော် လုံခြုံရေးကောင်းလှသည်၊ အကြမ်းဖက်မှုမရှိ နေချင်စဖွယ်ကောင်းလှသည်ဆိုသည့် ဆွစ်ဇာလန်တွင် မင်းသားဆူလ်တန်ပြန်ပေးဆွဲခံရပြီး ဆော်ဒီသို့ အပို့ခံခဲ့ရသည်။   မျက်နှာဖုံး တပ် များက မင်း သားဆူလ်တန်ကို ဂျီနီဗာရှိ ဟိုတယ်တစ်ခုထဲမှာပင်  ပြန်ပေးဆွဲကာ  ဂျီနီဗာ လေ ယာဉ်ကွင်းသို့ပို့ပြီး   ထိုမှတစ်ဆင့်စင်းလုံးငှားလေယာဉ်ဖြင့်  ဆော်ဒီသို့ပြန် ပို့ခဲ့ခြင်းဖြစ် သည်။ဆော် ဒီရောက်တော့ လေယာဉ်ကွင်းမှာ လက်နက်ကိုင်စစ်သားများက အဆင်သင့်စောင့်ကြ သည်။  ထိုအချိန်မှစ၍ ပထမဆုံးဆော်ဒီမင်းသားပျောက်ဆုံးမှုစတင်ခဲ့သည်။ မင်းသားဆူလ် တန် ၏ ဝန် ထမ်းပြောပြ ချက်အရ မင်းသားကို နံနက်စာစားရန်စောင့်နေသော်လည်း  ပေါ်မလာခဲ့သဖြင့် နောက်ဆုံးမင်းသားပျောက်ဆုံးသည်ကိုသိပြီး ခဏကြာတော့ မမျှော်လင့် ထားသည့် ဧည့်သည်နှစ်ဦး ဟို တယ်သို့ရောက်ရှိလာခဲ့သည်ဟုဆိုသည်။   ထိုသူနှစ်ဦးမှာ ဆွစ်ဇာ လန်နိုင်ငံဆိုင်ရာ  ဆော်ဒီသံအမတ်နှင့် ဟိုတယ်မန်နေဂျာတို့ဖြစ်သည်ဟုဆိုသည်။

 ဒုတိယ ပျောက်ဆုံးသွားခဲ့သည့် မင်းသားကတော့  တူရကီဘင်ဘန်ဒါဖြစ်သည်။ တစ်ချိန် ကဆော် ဒီရဲ တပ်ဖွဲ့တွင်   အကြီး အကဲတစ်ယောက်ဖြစ်ပြီး   တော်ဝင် မိသားစုကို ဝေဖန်၍  ဘုရင် ကထောင် ချ ခဲ့သူဖြစ်သည်။ ထောင်မှလွတ်လာတော့ ဆော်ဒီမှပဲရစ်သို့ထွက်ပြေးလာပြီး၂ဝ၁၂ ခုနှစ်တွင် ဆော်ဒီသက်ဦး ဆံပိုင် ဘုရင်စနစ်၏ အကျင့်ပျက်မှုများနှင့် လို အပ်နေသည့်ပြုပြင်ပြောင်း လဲမှု များ၊     အုပ်ချုပ် သူများ ကိုယ်တိုင်ကအကျင့်ပျက်ခြစားနေသည့်အကြောင်းကို YouTube မှာ ဗီဒီယိုများတင်ပြီး ပွင့်ပွင့် လင်းလင်းဝေဖန်သည်။

 ရဲအရာရှိတစ်ဦးဖြစ်ခဲ့သောကြောင့်လျှို့ဝှက်ချက်များစွာကိုသိသည့် ဆော်ဒီမင်းသားတူရကီသည်မီဒီယာကိုအသုံးချပြီး ဆော်ဒီအုပ်ချုပ်ရေးကိုဝေဖန်သော ဗီဒီယိုများကိုအင်တာနက်တွင် လွှင့် တင် ခဲ့သည်။

သို့သော် အရေးကြီးသည့်အစိတ်အပိုင်းများနှင့်အသေးစိတ်ကျကျပါဝင်လိမ့်မည်မဟုတ်ပေ။ အရေးကြီးဆုံး အရာများနှင့် အသေးစိတ်အချက်အလက်များကသူ ပြန်ပေးဆွဲခံ ရပြီးသည့် နောက်မှ ဖွင့်ချပြပါဆိုပြီး  သူ့သူငယ်ချင်းကိုပေးသွားခဲ့သည့်  မိတ္တူစာအုပ်ထဲတွင် ယခုအချိန် ထိရှိနေ မည်ဖြစ်သည်။

 မင်းသားတူရကီသည် ၂ဝ၁၅ ခုနှစ် ဇူလိုင်လအထိ ဝေဖန်ရေးဗီဒီယိုများကို တင်ခဲ့ပြီး ထိုနောက် ပိုင်းတွင်ပျောက်ခြင်းမလှပျောက်သွားခြင်းဖြစ်သည်။  အချိန် အတော်ကြာ ပျောက် ဆုံးနေခဲ့ သည့်   မင်းသား တူရကီအကြောင်းက မော်ရိုကို သတင်းတစ်ပုဒ်မှာ  မထင်မရှား ပါလာသည်ကို မည်သူကမျှသိပ်သတိမထားမိခဲ့ချေ။ မော်ရိုကိုတွင် မင်းသားတူရကီကို ဖမ်း ဆီး ထား သည် ဆို သည့် သတင်းဖြစ်သည်။မော်ရိုကိုသို့လာလည်သည့်မင်းသားကိုပြင်သစ်သို့အပြန်မှာ မော်ရိုကို အာဏာပိုင်များက  ဖမ်းဆီးလိုက်ပြီး ဆော်ဒီအစိုးရ၏တောင်းဆိုချက်အရ မော်ရိုကို တရားရုံး ချုပ်၏ ဆုံးဖြတ် ချက်ဖြင့် ပြည်တော်ပြန်ပို့ပေးလိုက်သည်ဆိုသည့်သတင်းဖြစ်သည်။ ထိုအချိန်ကတည်းက ဒုတိယ မင်းသာတူရကီလည်း   ထာဝရပျောက်ဆုံးခဲ့သည်။

 မင်းသားက သူပြန်ပေးဆွဲခံရမည်  သို့မဟုတ် လုပ်ကြံသတ်ခံရမည်ကို ကြိုသိနေသည်။ ထို့ကြောင့် သူ့သူငယ်ချင်းတစ်ဦးကို သူရေးသားထားသည်ဆော်ဒီအုပ်ချုပ်ရေးပိုင်းစနစ် အကျင့် ပျက်ခြ စားပုံ၊ လူ့အခွင့်အရေးချိုးဖောက်ပုံများ   ရေးထားသည့်စာအုပ်မိတ္တူကိုပေးထားခဲ့ပြီး သူမရှိတော့ သည့်နောက်ပိုင်းမှ လူသိရှင်ကြားထုတ်ဝေပါဟု မှာထားခဲ့သည်။

သူ့အချစ်ဆုံးသူငယ်ချင်းကတော့ ဘလော့ဂ်ဂါဝေးလ်အယ်လ်ခါလစ်ဖ်ဖြစ်သည်။ မင်းသား တူရကီ ၏ စာအုပ်မိတ္တူကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုမလားဆိုသည်ကို စောင့်ကြည့်ရဦး မည်ဖြစ် သည်။

တတိယ ပျောက်ဆုံးသွားခဲ့ရသည့် မင်းသားကတော့ နိုင်ငံရေး အသိုင်းအဝိုင်းနှင့်လည်း  ပတ်သက်သည့်နောက်ပိုင်းမှ  မင်းသားတစ်ပါးဖြစ်သည်။  သို့သော်၂ဝ၁၄ ခုနှစ်မှစ၍  ဆော်ဒီ ဘု ရင်မိ သားစု အရေးနှင့်ပတ်သက်သည့်ဝေဖန်ချက်များကို တွစ်တာတွင် စတင် ရေးသားလာခဲ့သည်။ ထို့ပြင် အုပ်ချုပ်ရေးပိုင်းမှ အာဏာချိုးဖောက်အလွဲသုံးစားလုပ်နေသည့်   ဆော်ဒီ ဘုရင့်မျိုးနွ ယ်များ ကိုလည်း  အရေးယူရန်တောင်းဆိုခဲ့သည်။

၂ဝ၁၅ ခုနှစ် စက်တင်ဘာလမှာ မင်းသားဆော့ဒ်ဘင်ဆာရစ်အယ်လ်နာဆာအတွက်  သူ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် စာသားတချို့ကို သူ့အကောင့်တွင် လူသိရှင်ကြားဖြစ် အောင် လုပ်ပေးခဲ့သည်။ ဆော်ဒီအာရေးဗျ၏ ဆူလ်တန်ဘုရင်မင်းဆက်ကိုဖယ်ရှားပေးရန်  အလိုရှိ သည်ဆိုသည့် အမည်မဖော်လိုသောမင်းသားတစ်ပါးရေးသည့်စာကို  မင်းသားဆော့ဒ်ဘင်ဆာရစ်က သူ့ တွစ် တာတွင် တင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် အီတလီမှဆော်ဒီမြို့ တောရီယက်သို့  ဆော်ဒီထောက်လှမ်းရေးများ၏ ပြန်ပေးဆွဲ ဖမ်း ဆီးခေါ်ဆောင်သွားမှုကိုခံခဲ့ရပြီး တတိယမြောက်ဘုရင်မိသားစုကို ဝေဖန်သည့် ဆော်ဒီ မင်း သားလည်း နိဂုံးချုပ်ခဲ့ပြီဖြစ်သည်။ ယခုနောက်ဆုံး ကျန်ခဲ့သည့်မင်းသားက၂ဝ၁၃ ခုနှစ်က ဆော်ဒီ မှ ဂျာမနီသို့ပြောင်းရွှေ့လာခဲ့သည့် မင်းသားခါလတ်ဘင်ဖာဟန်ဖြစ်သည်။

၂ဝ၁၃ ခုနှစ် ဂျာမနီကို ရောက်ပြီးကတည်းက  ဆော်ဒီဘုရင်စနစ်ကိုဆန့်ကျင်သည့်စာသားများ၊ ဗီဒီယိုများကိုသာ   တစိုက်မတ်မတ် ရေးသားလာသူဖြစ်ပြီး ယခုအချိန်မှာ မင်းသားခါလတ် လည်း ကျီး လန့်စာစားနေရသည့်ဘဝဖြစ်နေသည်။  သူ့ကိုဆော်ဒီထောက်လှမ်းရေးများမည်သည့် အချိန်လာဖမ်းမလဲဆိုသည်ကို စိတ်ပူနေရသည်။

သူတို့အထင်ကြီးနေသည့် ဥရောပအသိုင်းအဝိုင်းကလည်း သူတို့ကိုအကာအကွယ်မပေးနိုင်။ ထိုဥရောပအသိုင်းအဝိုင်းကပင် ဆော်ဒီဘုရင်မိသားစုဘက်ပါနေသေးသည်။ ထို့ကြောင့် ဂျာမနီ တွင် နေထိုင်သည့်မင်းသားခါလတ်လည်း စိုးတထိတ်ထိတ်ဖြင့်နေရခြင်းဖြစ်သည်။

အနောက်ကမ္ဘာခြမ်းမှာ  ဆော်ဒီ၏အရင်းနှီးဆုံးအင်အားကြီး  မဟာမိတ်နှစ်ဦးကိုပြပါဆိုလျှင် အမေရိကန်နှင့်ဗြိတိန် တို့ကိုပြရမည်ဖြစ်သည်။ ထို့ပြင် ကျန်သည့်ဥရောပနိုင်ငံများကလည်း ဆော် ဒီ နှင့် ရင်းနှီး သည့် မဟာမိတ်ဆက်ဆံရေးကရှိနေသေးသည်။

ထို့ကြောင့် ဆော်ဒီမင်းသားများ  ဥရောပရှိ မည်သည့်နိုင်ငံပဲရောက်ရောက် ဆော်ဒီဘုရင်မ သားစုကို ဝေဖန်ခဲ့လျှင် နောက်ဆုံးသူ့နိုင်ငံထဲကိုပဲ ပြန်ရောက်ပြီး လုံးဝပျောက်ကွယ် သွားရခြင်းဖြစ် ပါကြောင်း တင်ပြလိုက်ရပါသည်။                 

 

 

Read 473 times
Rate this item
(0 votes)
Last modified on Thursday, 17 August 2017 12:14

Latest from