SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အနောက်ဘက်ကမ်း၌ အခြေစိုက်အိမ်ရာ ၁ဝဝဝ စီမံကိန်း ဆောင်ရွက်နေသည့် အစ္စရေး

Monday, 15 January 2018 09:23 Written by  font size decrease font size decrease font size increase font size increase font size

အာရပ်-အစ္စရေးစစ်ပွဲ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးစစ်ပွဲများမှာ ၁၉၆၇ ခုနှစ် ခြောက်ရက်ကြာ စစ်ပွဲနှင့် ၁၉၇၃ ခုနှစ် စစ်ပွဲတို့ဖြစ်သည်။ ၁၉၆၇ ခုနှစ် စစ်ပွဲတွင် အစ္စရေးတို့ နယ်မြေအကြီးအကျယ် ရလိုက်သည့် အဖြစ်ေ ကြာင့် နာမည်ကြီးခဲ့ကာ ၁၉၇၃ ခုနှစ် စစ်ပွဲတွင် အစ္စရေးတို့ စစ်ရှုံးနိမ့်လုနီးပါးဖြစ်ခဲ့ပြီး မိုရှေဒါယန်းကို လူကြိုက်နည်းစေခဲ့သည့်အဖြစ်ကြောင့် ပို၍နာမည်ကြီးခဲ့သည်။ သို့သော် သမိုင်းတစ်လျှောက် တိုက်ခဲ့သည့်စစ်ပွဲတိုင်း အစ္စရေးတို့ သည် အာရပ်တို့ကို ရာနှုန်းပြည့် အနိုင်ပိုင်းခဲ့ကာ ၎င်းတို့ ၁၉၆၇ ခုနှစ်က သိမ်းခဲ့သည့်နေရာများကိုလည်း ပြန်လည်လက်လွတ် မဆုံးရှုံးရအောင် ထိန်းထားနိုင်ခဲ့သည်။ အစ္စရေး ပြဿနာဟုဆိုလိုက်သည်နှင့် တွဲမြင်လိုက်သည်က အနောက်ဘက် ကမ်းဒေသဖြစ်သည်။ ထိုနေရာကို အစ္စရေးတို့ ပါလက်စတိုင်းတို့ဆီမှ ရရှိခဲ့ကာ ၁၉၆၇ ခုနှစ်နောက်ပိုင်း တရားမဝင်ဘူးဟု မည်သူကပြောပြော အိမ်ရာများ ဆောက်လုပ်ခဲ့ကြသည်။

၁၉၆၇ ခုနှစ်ကတည်းက အဆောက်အအုံပေါင်း၂၃ဝ ကို တည်ဆောက်ကာ ဂျူးလူမျိုးဦးရေ ခြောက်သိန်း အထိ နေထိုင်စေခဲ့သည်။ ထိုအခြေချအိမ်ရာများကို နိုင်ငံတကာမှ အပြင်းအထန် ကန့်ကွက်ကြသော်လည်း မည်သို့ပြောပြော အစ္စရေးတို့က ဂရုမစိုက်ခဲ့ပေ။၂ဝ၁၇ ခုနှစ် နိုဝင်ဘာလတုန်းကလည်း အခြေချအိမ်ရာ ၃ဝဝ ထပ်မံတည်ဆောက်ရန် အစ္စရေးလွှတ်တော်က အတည်ပြုပေးပြီး ပါလက်စတိုင်းတို့ အတွက်ကတော့ လက်မခံနိုင်အောင်ဖြစ်ခဲ့သည်။ ၂ဝ၁၄ ခုနှစ်တုန်းကလည်း အစ္စရေးတို့ တရားမဝင်သည့် အိမ်ရာများ တည်ဆောက်ခဲ့သောကြောင့် ပါလက်စတိုင်းနှင့် ငြိမ်းချမ်းရေးစကားဝိုင်းများ ပျက်စီးခဲ့ရသည်။ ယင်းဆွေးနွေးပွဲများက ယခုအချိန်ထိ ပြန်မစနိုင်သေးဘဲ ပါလက်စ တိုင်းတို့က အရှေ့ဂျေရုဆလင်ကို ၎င်းတို့၏မြို့တော်အဖြစ် သတ်မှတ် လိုသောကြောင့်ဖြစ်သည်။ သို့သော် အစ္စရေးတို့က ဂျေရုဆလင်ကို လုံးဝခွဲခြမ်းစိတ်ဖြာ ပေးမည်မဟုတ် ကြောင်း ပါလက်စတိုင်းတို့ကို ကြေညာခဲ့သောကြောင့် နှစ်ဖက်ဆက်ဆံရေး ပိုဆိုးခဲ့သည်။ ထိုကြားထဲ ၂ဝ၁၇ ခုနှစ်တွင် အမေရိကန်၌ သမ္မတထရမ့်တက်လာသောအခါ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ် ကာ အမေရိကန်သံရုံးကိုပင် တဲလ်အဗစ်မှ ဂျေရုဆလင်သို့ ပြောင်းရွှေ့တော့မည်ဖြစ်သည်။

ကုလသမဂ္ဂကပင် အမေရိကန်နှင့် အတိုက်အခံလုပ်ကာ ထရမ့်၏လုပ်ရပ်ကို တားဆီးခဲ့ပြီး ထရမ့်က ပထမဆုံး ၎င်း၏ဗီတိုအာဏာကို အစ္စရေးအတွက် အသုံးချခဲ့သေးသည်။ ထို့ကြောင့် အစ္စရေးအတွက် ပိုမိုအင်အားဖြစ်စေကာ နောက်ထပ်အိမ်ရာများ ထပ်မံတည်ဆောက်ရန် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်ခဲ့သည်။ ယခုနောက်ဆုံး ပေါ်ထွက်လာသည့် သတင်းများအရ အစ္စရေးပါလီမန်က အနောက်ဘက် ကမ်းဒေသ၌ အခြေစိုက် အိမ်ရာ ၁ဝဝဝ အပြည့် တည်ဆောက်ရန် ထပ်မံအတည်ပြုပေးခဲ့သည်ဟု ဆိုနေပြန်သည်။ အစ္စရေးတို့ ရာနှုန်း ပြည့်အခြေချပြီး ယင်းနယ်မြေကို တစ်လက်မပင် အပါမခံနိုင်ကြောင်းကို ပါလက်စတိုင်းအပါအဝင် တစ်ကမ္ဘာလုံးသို့ သွယ်ဝိုက်ကြေညာ လိုက်ခြင်းဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ်ကျော်ကာလများက အရှေ့ဂျေရုဆလင် တည်ရှိသည့် အယ်လ်ကွတ်ဒေသကို ပါလက်စတိုင်းမြို့တော်အဖြစ် သတ်မှတ်ပေးမည်ဟု ပဋိညာဉ်ထုတ် ပြန်ထားခဲ့ဖူးသည်။ သို့သော် အစ္စရေးအစိုးရ အ ဆက်ဆက်နှင့် ပြည်သူတို့ ယူဆထားသည်က ကုလသမဂ္ဂဆို သည်မှာ အာရပ်တို့က ၎င်းတို့ကို ပင်လယ်ထဲသို့ မောင်းထုတ်အောင် လုပ်နေသည့်အဖွဲ့ဟုမြင်သည်။

ထို့ကြောင့် မိုရှေဒါယန်းကိုယ်တိုင်ပင် ကုလသမဂ္ဂကို အစ္စရေးနိုင်ငံအား မျိုးပြုတ်အောင်လုပ်မည့် အဖွဲ့ဟုဆို ဖူးသည်။ ယခုတော့ ထရမ့်လက်ထက် အစ္စရေးကို အမေရိကန် အပြည့်အဝထောက်ခံကြောင်း ထင်ထင်ရှားရှား မြင်နေရပြီဖြစ်သည်။ သို့ဖြစ်၍ အစ္စရေးတို့ ရရှိထားသည့်နေရာမှ နယ်မြေများကို အခြေစိုက်အိမ်ရာ စီမံကိန်းများ ထပ်တိုးပြီးရင်း ထပ်တိုးဆောက်လုပ်နေခြင်းဖြစ်သည်။ အကယ်၍ မီဒီယာများ ပြောနေသည့် အနောက်ဘက်ကမ်း၌ အစ္စရေးအိမ်ရာ ၁ဝဝဝ ပြည့်စီမံကိန်းသာ အကောင်အထည်ဖော်ပါက နိုင်ငံတကာနှင့် အစ္စရေးတို့ ထပ်မံထိပ်တိုက်တွေ့ ရဦးမည်ဖြစ်သည်။ သို့သော် အစ္စရေးသည် အစကတည်းက ကုလသမဂ္ဂ နှင့် နိုင်ငံတကာကို ဂရုစိုက်သည့်နို င်ငံမဟုတ်ပေ။ ၎င်း၏လူမျိုး၊ ၎င်း၏နိုင်ငံအတွက်သာ အရင်ကြည့်သည့် အစ္စရေးဖြစ်သည်။ ထို့ကြောင့် ဇီယွန်ဝါဒဆိုပြီး ကမ္ဘာပေါ်၌ နာမည်ကြီးခဲ့ကာ ယခုတော့ အရှေ့အလယ်ပိုင်း၌ ဂျူးလူမျိုးများကို လူတိုင်းထိမရသည့် တစ်ခု တည်းသော နျူကလီးယားပိုင်ဆိုင်သည့် ဘုရင်ဖြစ်နေပြီဖြစ် သည်။ နျူကလီးယားပိုင်ဆိုင်ကြောင်းကို တရားဝင်မကြေညာ ထားသော်လည်း ၁၉၇ဝ ပြည့်နှစ်ကျော်ကတည်းက ရရှိထားပြီဟု အမေရိကန်တို့ပင် ယုံကြည်ထားရသည်။ ထို့ကြောင့် အာရပ်သန်းတစ်ထောင်ကို အစ္စရေး ဆယ်သန်းကျော်က သတ်နိုင်သည်ဟု ဂျူးလူမျိုးတို့က ကြုံးဝါးထားခြင်းဖြစ်သည်။ ထိုအချက်ကြောင့် နောက်ပိုင်း ဂျူးလူမျိုးတို့ကို အာရပ်တို့ ရန်မစရဲတော့ခြင်းဖြစ်သည်။

အကယ်၍ အစ္စရေးသာ နျူကလီးယား မပိုင်ဆိုင်သေးပါက အာရပ်-အစ္စရေး စစ်ပွဲကြီးများက ယခုအချိန်ထိပင် ကမ္ဘာပေါ်၌ ပေါ်ပေါက်နေဦးမည်ဖြစ်သည်။ အာရပ်တို့က ဆွန်နီနှင့်ရှီးယိုက်ဟု ဘာသာကွဲသော်လည်း ဂျူးလူမျိုးများနှင့် ပတ်သက်လာလျှင် အားလုံးက အတူတကွလက်တွဲကာ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ကြမည်မှာ သေချာသည်။ ယခုကမ္ဘာပေါ်၌ လူဦးရေတိုးပွားမှု အများစုစာရင်းတွင် ဂျူးလူမျိုးများလည်း ထိပ်ဆုံးမှ ပါဝင်လာပြီး ဂျူးလူမျိုးအင်အားကို တိုးချဲ့နေသည်ဟုပင် ဆိုနိုင်သည်။ သို့သော်မွတ်စလင်နှင့် ခရစ်ယာန်တို့၏ နောက်တွင်ရှိနေသေးပြီး အာရပ်တို့ကိုတော့ မည်သည့်နည်းနှင့်မျှ မီနိုင်ဦးမည်မဟုတ်ပေ။ အနာဂတ်စီမံကိန်းနှင့် ပတ်သက်၍ အစ္စရေးတို့က အာရပ်တို့ ထက်သာသည်ဟု ဆိုနိုင်သည်။ သို့ဖြစ်၍ ရသမျှအခွင့်အရေးတို့ကို အမိအရအသုံးချပြီး နိုင်ငံတကာမှ ကန့်ကွက်နေသည့် အနောက်ဘက်ကမ်း၌ အစ္စရေးတို့ အိမ်ရာများကို တစ်ဆင့်ပြီးတစ်ဆင့် ထပ်မံတိုးမြှင့် တည်ဆောက်နေခြင်ြး ဖစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ရှိန်းထက် Ref;world affair

Read 354 times
Rate this item
(0 votes)
Last modified on Monday, 15 January 2018 09:26