SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဆီးရီးယား၌ အမေရိကန် ကျောထောက်နောက်ခံ ကာ့ဒ်နယ်ခြားစောင့် တပ်တစ်ခု ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေသည့် တူရကီ

Wednesday, 17 January 2018 09:28 Written by  font size decrease font size decrease font size increase font size increase font size

၂ဝ၁၄ ခုနှစ်က ဆီးရီးယား ပြည်တွင်းစစ် ဖြစ်ပွားသည့်အချိန်တွင် အစ္စလာမ်မစ် နိုင်ငံတော် IS တို့ ပြည်တွင်းစစ်ကို အခွင့်ကောင်းယူကာ ထွက်ပေါ်လာပြီး တစ်ကမ္ဘာလုံးတွင် IS ဆိုသည့်စကားလုံးကို မကြားဖူးသူမရှိ သလောက်ဖြစ် ခဲ့သည်။ အီရတ်နိုင်ငံ တစ်ဝက်နီးပါးနှင့် ဆီးရီးယားနိုင်ငံတစ်ဝက် နီးပါးအထိ IS တို့သိမ်းပိုက်ထားနိုင်ကာ ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းခန့်မှ ရုရှားဦးဆောင်သည့်စစ်တပ်၊ အမေရိကန် ကျောထောက်နောက်ခံ ပေးထားသည့် ကာ့ဒ်များနှင့် အီရတ်စစ်တပ်တို့က နှိမ်နင်းနိုင်ခဲ့ကြသည်။

သုံးနှစ်ကြာဖြစ်ပွားခဲ့သည့် အဆိုပါစစ်ပွဲအတွင်း လူပေါင်းသောင်းချီ သေဆုံးကာလူ ၁၁ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထိုစစ်ပွဲအတွင်း အမေရိကန်နှင့် ရုရှားတို့ထက် တိုက်ပွဲကို ရှေ့တန်းမှ ထွက်တိုက်ခဲ့သူမှာ ကာ့ဒ်တို့ဖြစ် သည်။ အီရတ်တို့က ကာ့ဒ်တို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နေရာတစ်နေရာပေးမည်ဟု ဆိုသော်လည်း ၎င်းတို့ကိုယ်တိုင်ပင် ပြန်တိုက်ယူခဲ့သောကြောင့် ယခုအချိန်ထိ ကာ့ဒ်တို့က နိုင်ငံကိုယ်ပိုင် မရှိဖြစ်နေ ကြတုန်းဖြစ်သည်။ သို့သော် ယခု ကာ့ဒ်တို့အတွက် နေရာတစ်ခုထက်ပိုသည့် ကိုယ်ပိုင်စစ်တပ်ဖြင့် နယ်ခြားစောင့်ဟု အမည်ခံကာ ဆီးရီးယားနှင့်တူရကီ၊ အီရတ်နယ်စပ်တို့၌ စစ်တပ်ဖြင့် သြဇာရှိရှိနေခွင့် ရရှိကြမည်ဖြစ် သည်။ အမေရိကန်ကလည်း တရားဝင် ကျောထောက်နောက်ခံ ပေးမည်ဟု ကြေညာချက် ထုတ်ပြန်ထားကာ မကြာမီ အင်အားသုံးသောင်းရှိသည့် ကာ့ဒ်တပ်ဖွဲ့မှာ ဆီးရီးယား မြောက်ပိုင်း၌ ပေါ်ထွက်လာတော့မည်ဖြစ်သည်။ ထိုအရာကို အစိုးရိမ်ကြီး စိုးရိမ်နေရသူမှာ ကာ့ဒ်တို့ကို အစဉ်အမြဲနှိမ်ခဲ့ပြီး IS ကိုတိုက်မည်ဟု အကြောင်းပြခဲ့သည့် တူရကီပင်ဖြစ်သည်။

အကယ်၍ ကာ့ဒ်လက်နက်ကိုင် တပ်ဖွဲ့တစ်ခုသာ တူရကီနယ်စပ်၌ တပ်စွဲထားခဲ့မည်ဆိုလျှင် တူရကီသမ္မတ အာဒိုဂန်အနေဖြင့် ဆီးရီးယားရှိ ကာ့ဒ်များကိုရော နယ်စပ်၌ရှိသည့် ကာ့ဒ်တို့ကိုပါ ဗုံးကြဲချင်တိုင်း ဗုံးကြဲ၍ ရတော့မည်မ ဟုတ်။ ထို့ပြင် ၎င်း၏နိုင်ငံလုံခြုံရေးကိုပင် ခြိမ်းခြောက်နိုင်သည့် အနေအထားတစ်ခုအထိ အခြေအနေက ဖြစ်လာနိုင်သည်။ ထို့ကြောင့် ကာ့ဒ်မုန်းတီးရေး ဝါဒီသမား တူရကီသမ္မတ အာဒိုဂန်က ကာ့ဒ်စစ်တပ် တစ်ခုဖြစ်ပေါ်လာမည် ကို အသည်းအသန် ငြင်းဆန်နေခြင်းဖြစ်သည်။ အန်ကာရာ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် အာဒိုဂန်က ''ကျွန်တော်တို့မဟာမိတ်လို့ ခေါ်နေတဲ့ အမေရိကန်က ကျွန်တော်တို့ ရန်သူတော်တွေကို ကျွန်တော်တို့ နယ် စပ်မှာ လက်နက်တပ်ဆင်ပေးနေတယ်။ ဒါကတူရကီတွေကို မြေကြီးထဲကို ပို့ပေးမယ့် ရှေ့ပြေးနိမိတ်တွေပဲ''ဟု အမေရိကန်ကို တိုက်ရိုက်ဝေဖန်သည့် စကားလုံးများဖြင့် ထိုးနှက်ခဲ့သည်။ သို့သော် ပင်တဂွန်က ကာ့ဒ်တို့ကို IS နှိမ်နင်း ခဲ့သည့် လက်ဆောင်အဖြစ် အာမခံချက်ရှိသည့် နေရာတစ်ခုကို ပေးချင်နေသည်။ ထို့ကြောင့် အမေရိကန်တို့၏ ဆုံးဖြတ်ချက်ကို အာဒိုဂန်မည်သည့် နည်းနှင့်မျှ ပယ်ဖျက်၍ ရမည်မဟုတ်။ ထို့ပြင် နယ်ခြားစောင့်မည့် ကာ့ဒ်တပ်ဖွဲ့များ က အမေရိကန်၏ ညွှန်ကြားချက်ဖြင့်ပင် စစ်ဆင် ရေး တာဝန်များ ဆောင်ရွက်မည်ဖြစ်သဖြင့် အရှေ့အလယ်ပိုင်း၌ အမေရိကန်၏ အင်အားတစ်ရပ် ထပ်တိုးလာဦးမည်ဖြစ်သည်။

သို့သော် ထိုအရာက တူရကီအတွက် အဆိုးဆုံးဆိုသည့် အရာများဖြစ်သည်။ ရုရှားကျောထောက်နောက်ခံ ပေးထားသည့် ဆီးရီးယား အစိုးရကလည်း မည်သည့် လက်နက်ကိုင်တပ်ဖွဲ့ကိုမျှ ၎င်းတို့နိုင်ငံထဲ ထားမည်မဟုတ်ကြောင်း အာဆတ်က ကြိမ်းမောင်းထားပြီး အကယ်၍ ရောက်ရှိလာလျှင်လည်း ၎င်းအနေဖြင့် မောင်းထုတ်ပစ်မည်ဖြစ်ကြောင်း အမေရိကန်ကို ခြိမ်းခြောက်ထားသေးသည်။ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ဗ်ရော့က အမေရိကန်တို့ ဆီး ရီးယားကို ဆက်လက်ချုပ်ကိုင်ထားရန် ရည်ရွယ်ချက်ရှိပုံမရကြောင်း ပြောခဲ့ပြီး အမေရိကန်တို့ ကာ့ဒ်တို့အား ချုပ်ကိုင်ထားမည့်ပုံစံကို ထည့်သွင်း ပြောမသွားခဲ့ပေ။ အမေရိကန်နှင့် ရုရှားတို့ဆက်ဆံရေး မည်မျှပင် မကောင်းပြောပြော၊ ထရမ့်၏ လုပ်ရပ်များက ရုရှားအပေါ် မည်မျှပင် မကောင်းဟု ဝေဖန်ဝေဖန် တကယ်တမ်း ကောင်းနေသည့် ဆက်ဆံရေးလမ်းကြောင်း တစ်ခုက ပူတင်နှင့် ထရမ့်ကြားတွင်ရှိနေသည်။ ထို့ကြောင့် ဆီးရီးယားကဲ့သို့ နေရာမျိုး၌ နှစ်ဖက် ထိပ်တိုက် မတွေ့ကြဘဲ အရေး ပေါ်ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုကိုပင် ထားရှိခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် အမေရိကန်တို့ ကျော ထောက်နောက်ခံပေးထားသည့် ကာ့ဒ်တပ်ဖွဲ့ကို အာဆတ်က မည်မျှပင် တိုက်ထုတ် မည်ြေ ပာပြော ရုရှားတို့က မလုပ်နှင့်ဆိုလျှင် လှုပ်၍ပင် ရမည်မဟုတ်။ အာဆတ်တွင် ဆီးရီးယားကို ထပ်မံအုပ်ချုပ်ရန် ရုရှားပေးထား သည့်အသက်ပင်ရှိတော့သောကြောင့် ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ယခုအချိန်တွင် အာဆတ်တစ်ေ ယာက် မည်သည့်နေရာက အသက်ထွက်သွားရမှန်း မသိသည့် ဒုတိယ ဆဒမ်ဟူစိန်ဖြစ်နေလောက်ပြီ ဖြစ်သည်။ ယခုတော့ အာဏာရှင်အာဆတ်ဆိုသည့် ၎င်း၏ဂုဏ်ကို ဆက်လက်ချုပ်ကိုင် ထားနိုင်သေးသည်မှာ ရုရှား၏ ကျေး ဇူးကြောင့်ဖြစ်သောကြောင့် ၎င်း၏သဘောနှင့် ဘာမျှလုပ်၍မရပေ။ ရုရှားကလည်း ထရမ့်လက်ထက် အမေရိကန်နှင့် ဆက်ဆံရေး အဆင်မပြေမည့် လမ်းကြောင်းများကို ရွေးချယ်မနေသောကြောင့် မကြာမီ ဆီးရီးယား၊ တူရကီနှင့် ကာ့ဒ်နယ်စပ်တစ်လျှောက်၌ အမေရိကန် ကျောထောက်နောက်ခံ ပေးထားသည့် ကာ့ဒ်နယ်ခြားစောင့်တစ်ဖွဲ့တစ်ခု ပေါ်လာတော့မည်ဖြစ်သည်။ ယခု အမေရိကန်တို့ ရာချီသော ကာ့ဒ်တပ်ဖွဲ့ များကို စစ်သင်တန်းများပေးနေပြီး တစ် ဖွဲ့တစ်ခု ပုံမပေါ်လာမီကတည်းကပင် ၎င်း၏မဟာမိတ် တူရကီနှင့် ရင်ဆိုင်တွေ့နေရပြီဖြစ်သည်။ ယင်းတပ်ဖွဲ့အမည်ကို နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ (BSF) ဟုနာမည်ပေးထားပြီး ၂ဝ၁၈ ခုနှစ်ထဲတွင် ပေါ်ထွက်လာနိုင်မည် ဖြစ် ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ရှိန်းထက် Ref;world affair

Read 434 times
Rate this item
(0 votes)
Last modified on Wednesday, 17 January 2018 09:32