SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ပိုမိုဆိုးရွားသော ကမ္ဘာကြီးဆီ တွန်းပို့နေသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်

Thursday, 18 January 2018 09:40 Written by  font size decrease font size decrease font size increase font size increase font size

၂ဝ၁၇ ခုနှစ်တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တက်လာသည့် နောက်ပိုင်း ကမ္ဘာပေါ်၌ အပြောင်း အလဲများစွာ ဖြစ်ပေါ်လာကာ အင်အားမမျှတမှုနှင့် စစ်ရေးအသားပေးမှုများက လူတိုင်းကိုစိုးရိမ်စေခဲ့သည်။ ထိုအရာများက အမေရိကန်က ပထမဆိုသည့် မူဝါဒကို အခြေခံ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်က ပထမဆိုသည့်နေရာတွင် နိုင်ငံရေး၊ စစ်ရေး၊ သြဇာအာဏာ အရာအားလုံးကို ဆိုလိုခြင်းဖြစ်ကာ ထိုအထဲမှ ထရမ့်အား ခြိမ်းခြောက်နိုင် သူများကိုလည်း ချေမှုန်းရေးဆိုသည့် လမ်းစဉ်တစ်ခုက ကပ်ပါလာခဲ့သည်။ ထို့ကြောင့် နောက်ပေါက်ခြိမ်းခြောက်သူများကို မလှုပ်နိုင်စေရန် ထရမ့်က ချုပ်ကိုင်နိုင်ရေး အကြမ်းနည်းတစ်မျိုး၊ အနုနည်းတစ်မျိုးဖြင့် ကြိုးပမ်းနေခြင်းဖြစ် သည်။

ထိုအရာများကပင် ထရမ့်ကြောင့် ပိုမိုအန္တရာယ်များသည့် ကမ္ဘာကြီးတစ်ခု ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ ၂၁ ရာစုတွင် လူသားတို့ကြောက်ရမည့် ဘုံအရာမှာ နျူကလီးယား စစ်နှင့် ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာကြီးပင် ပျက်နိုင် သည့် အရာနှစ်ခုဖြစ်သည်။ ထိုအရာနှစ်ခုစလုံးကို ထရမ့်က တစ်ပြိုင်နက်တည်း လျှောက် လှမ်းနေသောကြောင့် အခြေအနေမှာ တစ်နေ့တခြားပိုမိုဆိုးရွားလာကာ ရယူထားပြီးဖြစ်သည့် နျူကလီးယား သဘောတူညီချက်များကိုလည်း ထရမ့်က မလေးစားမလိုက်နာ၊ မြောက်ကိုရီးယား ဆိုလျှင်လည်း အနုနည်းထက် အကြမ်းနည်းကို ပိုမိုအသားပေးနေခဲ့သည်။ ထို့ကြောင့် ထရမ့်ဆိုသည်မှာ ပိုမိုအန္တရာယ်များသည့်ကမ္ဘာကြီးဆီ တွန်းပို့နေသူလား ဆိုသည့်မေးခွန်းများ ပင် ပေါ်ထွက်လာရတော့သည်။ ၂ဝ၂ဝ ပြည့်နှစ်အရောက် ကမ္ဘာ့ အပူချိန် ၂ ဒီဂရီဆဲလ်စီးရပ်စ်မကျော်လွန်စေရန် ထိန်းသိမ်းနိုင်ရေး ပြုလုပ်သည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ (COP21) မှနုတ်ထွက်၍ အမေရိ ကန်၌ပင် ကျောက်မီးသွေးစက်ရုံများ ပြန်လည် အသက်သွင်းကာ အလုပ်အကိုင်နှင့် စွမ်းအင်ကဏ္ဍကို ဖော်ဆောင်ခဲ့သည်။

ထို့ကြောင့် နိုင်ငံပေါင်း ၁ဝဝ ကျော်လက်မှတ်ရေးထိုး၍ အမေရိကန်၏ ဦးဆောင်မှုဖြင့် အကောင်အထည်ဖော်မည့် ၂ဝ၁၅ COP21 ရည်မှန်းချက်ကြားထဲ ရောက်မှ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်ရတော့သည်။ အဓိက လိုအပ်နေသည့် ရန်ပုံငွေကို အိုဘားမားအစိုးရလက်ထက်က COP21 သဘောတူညီချက် အကောင် အထည်ဖော်ရန် အမေရိကန်ဒေါ်လာ လေးဘီလီယံအထိ ရန်ပုံငွေထည့်ဝင်မည်ဟု အာမခံထားခဲ့သည်။ အိန္ဒိယကိုလည်း နျူက လီးယား ဓာတ်ပေါင်းဖိုများ တည်ဆောက်ပေးမည်ဟု အာမခံခဲ့သည်။ ယခု ထရမ့်ကြောင့် အရာအားလုံးက အစီအစဉ်မကျ ဖြစ်သွားကာ ရန်ပုံငွေအဓိက လိုအပ်ချက်ကြောင့်၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင် ပြင်သစ်သမ္မတမက်ခရွန်က ရန်ပုံငွေတိုးကောက်ရန် အစည်းအဝေးပြုလုပ်ကာ လှုံ့ဆော်ခဲ့ရသည်။ သို့သော် ဥရောပ၌ ၂ဝ၁၄ ခုနှစ် ဒုက္ခသည်ပြဿနာက ယခုအချိန်ထိ ရှိနေသေးသည့်အတွက် ထင်သလောက် ခရီးမပေါက်နိုင်ဖြစ်နေသည်။ COP21 မှအမေရိ ကန် ထွက်သွားသဖြင့် အမေရိကန်ဒေါ်လာ လေးဘီလီယံ ဆို သည့်နေရာကို ပြန်လည်အစားထိုးရန် ကြိုးစားသည်က ထင်သလောက်မလွယ်ကူပေ။

ထို့ကြောင့် COP21 မှထွက်သွားသည်က ကမ္ဘာကြီးကို ကုစားရန် ကြိုးစားနေသူများကို ထရမ့်က ဘေးကျပ် နံကျပ်ဖြစ်စေရန် လုပ်ဆောင်လိုက်သည်နှင့်တူကာ ပိုမိုအန္တရာယ်များသည့် ကမ္ဘာဆီသို့ အရောက်ပို့လိုက်သည်နှင့် တူသည်။ ထို့ပြင် အဆင်ပြေနေသည့် အီရန်နျူကလီးယား သဘောတူညီချက်ကိုလည်း ထရမ့်က ပျက်စီးအောင် လုပ်နေသည်မှာ ဥရောပနိုင်ငံများက သတိပေးနေရသည်အထိဖြစ်သည်။ ထရမ့်၏ အီရန်နျူကလီးယား သဘောတူညီချက်မှ ထွက်မည်ဆိုသည့် လက်လွတ်စပယ်စကားကြောင့် အီရန်ကလည်း ဒေါသထွက်ကာ ယခုသဘောတူညီချက်အတိုင်း ပေးရမည့် လွတ်လပ်ခွင့်များကို ထရမ့်ကမပေးသောကြောင့် အခြေအနေက ပိုဆိုးလျက်ရှိသည်။ ထို့ပြင် ထရမ့် ၏တောင်းဆိုချက် အသစ်များကလည်း အီရန်အပေါ် ပိုမို ဆိုးရွားသည့် လမ်းကြောင်းပေါ်သို့ ထပ်မံတွန်းပို့နေသကဲ့သို့ ဖြစ်နေကာ မကြာမီ အီရန်တို့ နျူကလီးယား လမ်းကြောင်းပေါ် ပြန်ရောက်လာဖွယ်ရှိသည်။

အီရန်ကိုဖိအားပေးသလောက် ထရမ့်က ဆော်ဒီကို ဦးစားပေးသည်။ ထို့ပြင် အစ္စရေးကို အကြီးစားထောက်ပံ့ သည်။ ထရမ့်၏ လုပ်ရပ်များက အီရန်နှင့်ဆော်ဒီ၊ အာရပ်နှင့် အစ္စရေးကို ရန်တိုက်ပေးသကဲ့သို့ ဖြစ်နေကာ ကြားထဲက လက်နက်ရောင်း၍ စီးပွားဖြစ်မည့် အစီအစဉ်ဖြစ်သည်။ သို့သော် စစ်ဆိုသည်မှာ ကမ္ဘာ၌ သေးသေးကြီးကြီး မရှိသင့်သည့် အရာတစ်ခုဖြစ်ကာ ထိုအရာကို ထရမ့်တောင့်တလျက်ရှိသည်။ အီရန်တို့ကလည်း ၎င်းတို့သာ နျူကလီးယား လမ်းကြောင်းပေါ် ပြန်လျှောက်ချင်လျှင် မကြာသည့် အချိန်အတွင်းမှာပင် ၎င်းတို့လုပ်ငန်းများကို ပြန်လည်စတင်နိုင်သည်ဟု ဆိုနေသည်။ ထို့ကြောင့် ထရမ့်၏ လုပ်ရပ်များကို လူတိုင်းက စောင့်ကြည့်နေရခြင်းဖြစ်သည်။ ယခုလည်း နျူကလီးယား စစ်ကိုစတင်နိုင်သည့် မြောက်ကိုရီးယားကို ထရမ့်က ဖိအားပိုပေးနေပြန်သည်။ ရယူထားနိုင်သည့် ဆွေးနွေးပွဲပင် ထရမ့်ကြောင့် ပျက်နိုင်သည့် အနေအထားဖြစ်သည်။၂ဝ၁၅ ခုနှစ်ကတည်းက ပြတ်တောက်သွားသည့် ဆွေးနွေးပွဲက ယခု၂ဝ၁၈ ခုနှစ်ကျမှ ပြန် လည်စတင်နိုင်ကာ ငြိမ်းချမ်းရေးအတွက် ထိုအရာကလမ်းစဖြစ်သည်။ ထိုအရာကို စွန့်ပစ်လျှင် နောက်ထပ် ဆွေးနွေးပွဲ ဆိုသည်မှာ လုပ်ချင်တာလုပ်တတ်သည့် ကင်မ်ဂျုံအွန်ကြောင့် မျှော်မှန်းမရ ဖြစ်သွားနိုင်ကာ တောင်ကိုရီးယားတို့လည်း ထိုအရာကို အလိုရှိမည် မဟုတ်ပေ။

ယခု ထရမ့်က တောင်ကိုရီးယားတို့ဘက်က တင်းမာမှုမရှိသောကြောင့် ဂျပန်နှင့်ပေါင်းကာ မြောက်ကိုရီးယားကို ထပ်မံဖိအားပေးရန် ကြိုးစားလျက်ရှိသည်။ မြောက်ကိုရီးယားတို့က နှစ်ဖက်ဆွေးနွေးပွဲကို ဂိမ်းတစ်ခုအဖြစ် ကစားနေ သည်ဟု ထရမ့်၏စကားများက ကင်မ်ဂျုံအွန်ကို ပေါက်ကွဲစေမည့် စကားများဖြစ်သည်။ ဆွေးနွေးပွဲ၏ ရလဒ်အဖြေကို သဲသဲကွဲကွဲသိရမှ ပြောသင့်သည့်စကားများဖြစ်သည်။ ထို့ကြောင့် ထရမ့်၏ ကမ္ဘာ့အင်အား ချိန်ခွင်လျှာကို စိုးမိုးေ သာ လုပ်ရပ်များက စစ်ပွဲများဆီသို့သာ တွန်းပို့နေသည့် ပုံစံပေါက်နေသည်။ နောက်ထပ်အဆိုးရွားဆုံး ဖြစ်လာနိုင်သည့် အချက်တစ်ခုက စစ်အေးခေတ်တစ်ခုဆီသို့ ပြန်ရောက်စေမည့် အဆိုးဆုံး စကားလုံးများဖြစ်သည်။ စစ်အေးေ ခတ်ဆိုသည်မှာ နျူကလီးယားစစ်ပွဲ မည်သည့်အချိန်မဆို စတင်နိုင်သည့် အဓိက လက်သည်ဖြစ်ကာ ယခုတစ်ကြိမ်ဆိုလျှင် ထရမ့်ရင်ဆိုင်ရမည့်နိုင်ငံများက ရုရှားနှင့်တရုတ် ဖြစ်သည်။ တရုတ်ကလည်း အမေရိကန်ဆိုလျှင် ကြည့်မရ၊ ထရမ့်ကလည်း တရုတ်ဆိုလျှင် ကြည့်မရ။ အိုဘားမားလက်ထက်က တောင်တရုတ်ပင်လယ်ပြင် အရေးမှာ ထရမ့်နှင့်သာဆိုပါက ထိပ်တိုက်တွေ့နိုင်သည့် အနေအထားထိ ရောက်ရှိသွားနိုင်မည်ဖြစ်သည်။ ထရမ့်က အလျှော့ပေးရေး သမားမဟုတ်သည့်အပြင် ညှိ နှိုင်းရေးသမားမဟုတ်ကြောင်းကို သမ္မတစဖြစ်ကတည်းက ယခုအချိန်ထိ လုပ်ရပ်များက သက်သေခံနေသည်။ ငြိမ်းချမ်းရေးဆိုသည့်အရာ အတော်များများကို ထရမ့်က ဖျက်ဆီးရန် ကြိုးစားနေသည်။ ထို့ကြောင့် ထရမ့်ဆိုသည်မှာ ပိုမိုဆိုးရွားသည့် ကမ္ဘာတစ်ခုဆီ တွန်းပို့နေသူလားဟု သံသယဖြစ်စရာ လူတစ်ဦးဖြစ်လာ နေပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။ ရှိန်းထက် Ref;BBC

Read 373 times
Rate this item
(0 votes)
Last modified on Thursday, 18 January 2018 09:45