SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဗြိတိန်-ပြင်သစ် ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်းမှု ဘယ်လို ဖြစ်လာပြီလဲ

Friday, 19 January 2018 09:04 Written by  font size decrease font size decrease font size increase font size increase font size

ဗြိတိန်တော်ဝင်လေတပ်မှ ရဟတ်ယာဉ်များကို မာလီနိုင်ငံသို့စေလွှတ်မှု၊ အက်စတိုးနီးယားနိုင်ငံသို့ ပြင်သစ် တပ်ဖွဲ့ဝင်များစေလွှတ်မှုနှင့် နှစ်နိုင်ငံထောက်လှမ်းရေး ခေါင်းဆောင်များ၏ ထောက်လှမ်းရေး သတင်းအချက် အလက်များ မျှဝေမှုတို့က ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ဖြစ်လာသည့်အခါ ဗြိတိန်-ပြင်သစ် နှစ်နိုင်ငံ ကြားနားလည်မှုက ၎င်းတို့၏ နိုင်ငံရေးခေါင်းဆောင်များ နှစ်ပတ်လည်တွေ့ဆုံမှုတွင် ရှားရှားပါးပါး ပိုမိုနီးကပ် လာပြီဖြစ်သည်။ နှစ်နိုင်ငံေ ခါင်းဆောင်ဟောင်းများဖြစ်သည့် ဒေးဗစ်ကင်မရွန်းနှင့် နီကိုးလပ်ဆာကိုဇီတို့ သဘောတူထားသော ၂ဝ၁ဝ ပြည့်နှစ် လန်ကန်စတာဟောက် သဘောတူညီချက် အကောင်အထည် ဖော်ရေး နှင့်ပတ်သက်ပြီးလက်ရှိ ခေါင်းဆောင် များဖြစ်သည့် ထရီဆာမေနှင့် မက်ခရွန်တို့ကြား နှစ်ပတ်လည် တွေ့ဆုံမှု ကို ပြင်သစ်နိုင်ငံ၌ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသည့် ဗြိတိန်၏ ဥရောပသမဂ္ဂ၊ ကုန်သွယ်ရေးနှင့် ဒုက္ခသည်အရေးတို့မှ နုတ်ထွက်မှုသည် ၎င်းတို့နှစ်ဦးကြားဆွေးနွေးမှုတွင် မပါမဖြစ်အရေးပါသည့် အကြောင်းအရာဖြစ်လာသည်။ ပြင်သစ် သမ္မတ မက်ခရွန်အေ နဖြင့် ကာလေးဒေသတွင်ရှိသော ဒုက္ခသည်များကို ဗြိတိန်မှ လက်ခံပေးရန်နှင့် နှစ်နိုင်ငံကြား တွင်ရှိသည့် အင်္ဂလိပ်ရေလက်ကြား နယ်စပ်လုံခြုံရေးအတွက် ငွေကြေးပိုမိုပေးအပ်ရန် တိုက်တွန်းထားသည်။ သမိုင်းကြောင်းအရ ကြည့် မည်ဆိုလျှင် နှစ်စဉ်ပြုလုပ်သည့် အဆိုပါတွေ့ဆုံမှုသည် လုံခြုံရေးနှင့်ပတ်သက်၍ ပြုလုပ်ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း အလားတူပင်ဖြစ်သည်။ IS စစ်သွေးကြွ အဖွဲ့၏ ခြိမ်းခြောက်မှု အန္တရာယ် ဆက်လက်တည်ရှိနေမှု၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် အနောက်အာဖရိကတို့တွင် ဖြစ်ပွားနေ သည့်ပဋိပက္ခများ၊ ဘောလ်တစ်နှင့် ယူကရိန်းဒေသ၌ ရုရှားနိုင်ငံ၏လုပ်ဆောင်မှုများ၊ အီရန်အရေးကဲ့သို့ အတ္တ လန္တိတ်ဖြတ်ကျော် မတူကွဲပြားမှုများ ထွက်ပေါ်လာမှုစသည့် လုံခြုံရေး ပြဿနာများသည်လည်း ဗြိတိန်နှင့် ပြင်သစ်ကြား နှစ်နိုင်ငံဆက်ဆံရေးတွင် မဖြစ်မနေပါဝင်ရသည့် အကြောင်းအရာများဖြစ်သည်။

ဗြိတိန်သည် ဥရောပသမဂ္ဂမှ နုတ်ထွက်ပြီးသည့် အချိန်တွင်လည်း လုံခြုံရေးအခြေအနေများနှင့် ပတ်သက် လာလျှင် ပြင်သစ်အတွက် အဓိကလုပ်ဖော်ကိုင်ဖက် နိုင်ငံအဖြစ် တည်ရှိနေဆဲဖြစ်သည်။ ပြင်သစ်နိုင်ငံရေး သုတေသီ ဒိုမီနစ်မော်ဆီက ၎င်းတို့နှစ်နိုင်ငံသည် အနီးကပ်ဆုံးသော မိတ်ဖက်နိုင်ငံများ ဖြစ်သော်လည်း ပြိုင်ဘက်များဖြစ်ကြောင်း၊ ဗြိတိန်က ဥရောပသမဂ္ဂမှ နုတ်ထွက်သောကြောင့် ပြင်သစ်အတွက် ပြိုင်ဘက် ဖြစ်လာကြောင်း၊ သို့သော် အမေရိကန်၏ ဟာကွက်ကြောင့် ထွက်ပေါ်လာသည့် နိုင်ငံတကာ အကြမ်းဖက် ဝါဒကိုတွန်းလှန်ရန် အနီးကပ်ဆုံးသော မိတ်ဖက်နိုင်ငံများဖြစ်ကြောင်း ပြောထားသည်။ ဗြိတိန်နှင့် ပြင်သစ်တို့ သည် IS စစ်သွေးကြွအဖွဲ့၏ ညွှန်ကြား ချက်ကြောင့် ထွက်ပေါ်လာသော သို့မဟုတ် ယင်းစစ်သွေးကြွ အဖွဲ့ အပေါ်သစ္စာခံသောလုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသည့် အကြမ်းဖက် တိုက်ခိုက်မှုများကို မကြုံစဖူးလက်တွဲ ကာ ပူးပေါင်းရင်ဆိုင်ခဲ့ကြသည်။ ယခုပြုလုပ်သည့် ဆွေးနွေးပွဲတွင်လည်း ဗြိတိန်နှင့်ပြင်သစ်တို့၏ ပြည်တွင်း နှင့်ပြည်ပ ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲများကြား ငါးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုလည်း ပါဝင်ခဲ့သည်။ ၎င်းတို့အနေဖြင့် ပြီးခဲ့သည့်နှစ်တွင် တခြားအရာများထက် မန်ချက်စတာ၊ ဘာစီလိုနာနှင့် လန်ဒန်တို့၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သင်ခန်းစာ ဖော်ထုတ်ချက်ကို ဆွေးနွေးကြ သည်။

နှစ်နိုင်ငံကြား အကြမ်းဖက်ဝါဒချေမှုန်းရေးနှင့် ပတ်သက်၍ ပြင်သစ်ထောက်လှမ်းရေး အရာရှိများအတွက် ဗြိတိန်ထောက်လှမ်းရေး ဌာနဖြစ်သည့် MI5 က အမြဲတမ်းတံခါးဖွင့်ထားပြီး ဗြိတိန်ထောက်လှမ်းရေး အရာရှိ များကလည်း ပြင်သစ်ထောက်လှမ်းရေး ဌာနချုပ်ဖြစ်သည့် DGSI သို့ အချိန်မရွေး သွားရောက်နိုင်သည်။ ထိုသို့ နှစ်နိုင်ငံကြား ထောက်လှမ်းရေးနှင့် ပတ်သက်၍ ရင်းနှီးမှုရှိသည့်အပြင် ဥရောပသမဂ္ဂတွင်လည်း အ လားတူထောက်လှမ်းရေး သ တင်းအချက်အလက်များ မျှဝေရသည့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအဖွဲ့ (CTG) ရှိသည်။ ထို့ကြောင့် ဗြိတိန်က ဥရောပသမဂ္ဂမှ နုတ်ထွက်သည့်အခါ ဥရောပသမဂ္ဂရဲတပ်ဖွဲ့ (Euro pol) ကဲ့သို့ ဥရောပသမဂ္ဂ၏ လုံခြုံရေး အဖွဲ့အစည်းများကို နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မပြုတော့မည်ကို စိုးရိမ်နေရသော်လည်း အတွင်းသိများ၏ ပြောဆိုချက်အရ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ယခင်အတိုင်းသာ ဆက်လက်တည်ရှိနေမည်ဟု သိရ သည်။ ဥရောပသမဂ္ဂ လုံခြုံရေးဆိုင်ရာ မဟာမင်းကြီး ဆာဂျူလီယန်ကင်းက အကြမ်းဖက်မှုသည် ဥရောပ နိုင်ငံများတွေ့ကြုံနေရသည့် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်း၊ ထို့ကြောင့် ဗြိတိန်နှင့် မပူးပေါင်းဘဲ အကြမ်းဖက်မှု တိုက် ဖျက်ရေးကို အောင်မြင်စေရန် မည်သူမျှ အာမခံနိုင်စွမ်းရှိမည် မဟုတ်ကြောင်း ပြောသည်။

ကာကွယ်ရေးပိုင်းကို ကြည့်မည်ဆိုလျှင် ဗြိတိန်က ကာကွယ်ရေးအသုံးစရိတ်ကို ဖြတ်တောက်ထားသော်လည်း နှစ်နိုင်ငံစလုံးက ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့် ထားဆဲပင်ဖြစ်သည်။ မာလီနိုင်ငံနှင့် တခြားဆာဟာရနိုင်ငံများတွင် ပြင်သစ်က ဂျီဟတ်စစ်သွေးကြွများကို ချေမှုန်းနေသည်မှာ ငါးနှစ် ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ဗြိတိန်၏အကူအညီကို ပြင်သစ်ကတောင်းခံထားသည်။ ယခုအခါ ထိုအကူ အညီကို ပြင်သစ်ကရရှိပြီဖြစ် သည်။ ဗြိတိန်က မာလီနိုင်ငံရှိ ပြင်သစ်၏ စစ်ဆင်ရေးများကို ကူညီရန် တော် ဝင်လေတပ်မှ Chinook သယ်ယူပို့ဆောင်ရေးလေယာဉ် သုံးစင်းကို စစ်သည်ဦးရေ ၅ဝ သို့မဟုတ် ၆ဝ နှင့်အတူ မာလီနိုင်ငံသို့စေလွှတ်မည်ဖြစ်သည်။ ထို့ပြင် အပြန်အလှန်အနေဖြင့် ပြင်သစ်က အက်စတိုးနီးယား နိုင်ငံ၌ ဗြိတိန်က ဦးဆောင်ပြုလုပ်နေသော စစ်ဆင်ရေးသို့ တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဖြစ်သည်။ အက်စတိုးနီးယားနိုင်ငံ၌ ဗြိတိန်တပ်ဖွဲ့ဝင် ၈ဝဝ ခန့်က NATO ၏ အရှေ့ဘက်စစ်မျက်နှာကို ကာကွယ် နေကြ ခြင်းဖြစ်သည်။ ထို့ပြင် ဗြိတိန်နှင့်ပြင်သစ်တို့သည် အနာဂတ်မောင်းသူမဲ့ လေယာဉ်များအတွက် ပူးတွဲမောင်း သူမဲ့လေယာဉ်စနစ်များကို ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။ ပြင်သစ် ဗိုလ်မှူး ချုပ် တစ်ဦးက ဗြိတိန်ရှိ တပ်မ တစ်ခုတွင် အကြီးအကဲအဖြစ် နှစ်လကြာ တာဝန်ယူထားပြီး ဗြိတိန်ဗိုလ်မှူးချုပ် တစ်ဦးကလည်း ပြင်သစ်ရှိ တပ်မတစ်ခုတွင် အလားတူတာဝန်ကို ယူထားသည်။ ဆက်လက်ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်နိုင်ငံပူးပေါင်း ကြားဖြတ်တိုက်ခိုက်ရေးတပ်ဖွဲ့ကို တပ်ဖွဲ့ဝင်တစ်သောင်းဖြင့် ဖွဲ့စည်းနိုင်ရန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကိုလည်း လုပ်ဆောင်လျက်ရှိသည်။ ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် အင်္ဂလိပ်ရေလက် ကြားဖြတ်ကျော်နှစ်နိုင်ငံဖြစ်သည့် ဗြိတိန်နှင့်ပြင်သစ်တို့ကြား ပြည်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေး ထောက်လှမ်းရေးအေဂျင်စီများဖြစ်သည့် MI6 နှင့် DGSE တို့ကြားတွင် ချိတ်ဆက်ဆောင်ရွက်မှုများရှိသည်။ ဗြိတိန်က ထောက်လှမ်းရေး အချက်အလက်မျှဝေမှုနှင့် ပတ်သက်၍ အမေရိကန်နှင့် ဆက်ဆံရေး ရှိသော်လည်း ပြင်သစ်၊ ဂျာမနီ၊ စပိန်နှင့် တခြားဥရောပ နိုင်ငံများရှိ ထောက်လှမ်းရေး အေဂျင်စီများနှင့် ခိုင်မာ သောပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် အစီအစဉ်များ ချမှတ်ထားသည်။ ယခုအခါ ဗြိတိန်နှင့် ပြင် သစ်ကြားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်း ကာလ အတွင်း သိသာထင်ရှားသော တိုးတက်မှုများ ရရှိလာပြီဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ထက်မြတ် Source: BBC

Read 342 times
Rate this item
(0 votes)
Last modified on Friday, 19 January 2018 09:19