SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တူရကီ တိုက်လေယာဉ်များကို ပစ်ချမည်ဟု သတိပေးလိုက်သည့် ဆီးရီးယား

Monday, 22 January 2018 09:34 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် ပထမဆုံး အင်္ဂလိပ်တို့က စစ်ရေးအရလွှမ်းမိုးရန် ကြိုးစားသည်။ ၁၈ဝဝ ပြည့်နှစ်ကျော် ထိုအချိန်များက အမေရိကန်တို့၏ အိမ်ဖြူတော်ပင် အင်္ဂလိပ်တို့လက်ထဲ၌ မီးရှို့ခံခဲ့ ရသေးသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ကမ္ဘာကို စစ်ရေးအရရော စီးပွားရေးအရပါ လွှမ်းမိုးရန် ကြိုးစားလာသူက အမေရိကန်ပင်ဖြစ်သည်။ ယခု အမေရိကန်၏နေရာကို ဆက်ခံရန် ထပ်မံကြိုးစားလာသူက တရုတ်နိုင်ငံဖြစ် ပြီး ၎င်းတို့၏ စီးပွားရေးအင်အားကို အခြေခံကာ စစ်ရေးကို ကမ္ဘာအနှံ့ခြေဆန့်ရန် ကြိုးစားနေသည်။ အင်္ဂလိပ် တို့က နှစ်ပေါင်းရာချီ လွှမ်းမိုးနိုင်ခဲ့ပြီး ယခုအမေရိကန်တို့ကတော့ ဒုတိယကမ္ဘာစစ် ပြီးကတည်းကဆိုလျှင် နှစ်ပေါင်း ၆ဝ ကျော် လွှမ်းမိုးထားနိုင်ခဲ့သည်။ ယခု တရုတ်တို့၏ တွန်းအားကြောင့် အမေရိကန်တို့ မဟာမိတ် အင်အား တစ်ယောက်ပြီးတစ်ယောက် ယုတ်လျော့လာနေသည်။ အာရှ၊ အာဖ ရိကသာမက ယခု ဥရောပနှင့် အမေရိကတိုက်အထိပင် ပါလာပြီဖြစ်သည်။ ထိုကြားထဲတွင် ရုရှား၏ နိုင်ငံခြားရေး မူဝါဒအပြောင်းအလဲများက ဟန်ချက်ညီညီနှင့် လျင်မြန်စွာ ရှေ့တက်လာနေသည့်အတွက် အမေရိကန်တို့မှာ ပိုဆိုးနေသည်။ အရှေ့အလယ်ပိုင်းကို ဒေါက်တိုင်တစ်တိုင်ကဲ့သို့ အမေရိကန်အတွက် ပံ့ပိုးပေးနေသူ အဓိက မဟာမိတ်ကြီး တူရကီက ယခု အမေရိကန်ကို တိုက်ရိုက်ဝေဖန်နေပြီး ပထမအကြိမ် အိုဘားမားအစိုးရ၊ ယခုထရမ့်လက်ထက်တွင် တူရကီနှင့် အမေရိကန်တို့၏ ဆက်ဆံရေးက အဆိုးရွားဆုံး အချိန်တစ်ခုဟု ဆိုရမည်ဖြစ်သည်။

ထရမ့်က တူရကီကိုဂရုမစိုက်ဘဲ တူရကီ၏ရန်ဘက် ကားဒစ်တပ်တို့ကို အမာခံကျောထောက် နောက်ခံပေးကာ ကူညီနေသည်။ တူရကီသမ္မတအာဒိုဂန်က အကြမ်းဖက် စစ်တပ်တစ်ခုကို ဖန်တီးနေသည်ဟု အမေ ရိကန်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။ သို့သော် အမေရိကန်တို့က တူရကီကို ဂရုမစိုက်ဘဲ ကားဒစ် နယ်စပ်တပ်ဖွဲ့ဖွဲ့စည်းရေးကို စိုင်းပြင်းနေသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတေလာဆင်က အင် အား သုံးသောင်းရှိသည့် ကားဒစ်နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို ငြင်းဆန်ထားသော်လည်း လက်ရှိတွင် အမေရိကန်စစ်ဘက်က ကားဒစ်တို့ကို လေ့ကျင့်ရေးများပင် ပေးနေပြီဖြစ်သည်။ ကားဒစ်တို့ကို ဘုံရန်သူ ဟုယူဆ ထားသည့်အာဒိုဂန်က ချက်ချင်းပင် ကားဒစ်တို့ကို အမြစ်ဖြတ်ရန် ကြိုးစားလာနေပြီ ဖြစ်သည်။ ယခု နေ့စဉ် တိုက်လေယာဉ်များ ပျံသန်းစေပြီး ဆီးရီးယားနယ်ထဲဝင်ကာ ဗုံးကြဲစေသည့် အာဒိုဂန်က ယခင် ကဗုံးကြဲသည်မှာ မဆန်းသော်လည်း ယခု ဆီးရီးယားနှင့် ထိပ်တိုက်တွေ့တော့မည် ဖြစ်သည်။ ရုရှားကျောထောက်နောက် ခံနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ ရထားသည့် ဆီးရီးယားက တူရကီတို့ ၎င်း နယ်ထဲထိုးဝင်ပြီး ကားဒစ်တို့ကို ဗုံးကြဲနေသည်မှာ ၎င်းတို့နိုင်ငံကို စော်ကားရာရောက်ကြောင်းနှင့် ၎င်းတို့ဆီ၌ အချိန်မရွေးပစ်ချ နိုင်သည့်လေကြောင်းရန် ကာကွယ်ရေးစနစ်များရှိကြောင်း တူရကီကို သတိပေး လိုက်ပြီဖြစ်သည်။

ထို့ပြင် တူရကီတို့ ဗုံးကြဲနေသည်မှာလည်း အာဖရင်ဒေသဖြစ်သောကြောင့် ထိုနေရာတွင် ဆီိးရီးယားစစ် အခြေစိုက်စခန်း တစ်ခုရှိသည်။ ထိုစစ်အခြေစိုက်စခန်း ရှိနေလျက်နှင့်ပင် တူရကီတို့က အထဲထိဝင်ကာ ဗုံးကြဲနေသောကြောင့် ဆီးရီးယားပုံရိပ်က အလိုလိုပင် ကျဆင်းနေပြီဖြစ်သည်။ ယခု ဆီးရီးယားတို့ တူရကီ တိုက်လေယာဉ်များကို ကြိုက်သည့် အချိန်ပစ်ချမည်ဖြစ်ကြောင်း သတိပေးလိုက်ခြင်းဖြစ်သည်။ တစ်ဖက် တွင် ကားဒစ်တို့ကို အမေရိကန်တို့က ပံ့ပိုးနေပြီး အမေရိကန် မဟာမိတ်တူရကီတို့ကလည်း ဗုံးကြဲနေသည်။ ထိုအချိန် ကြားနေနိုင်ငံက ရုရှားပင်ဖြစ်သည်။ ရုရှားကမကြာသေးမီက တူရကီကို လေကြောင်းရန် ကာ ကွယ် ရေးစနစ် S400 များရောင်းချရန် သဘောတူထားသည့် နိုင်ငံဖြစ်ကာ စစ်ရေးအရ ပိုမိုနီးကပ်စွာ ဆက်ဆံသည့် အဆင့်သို့ ထိုနှစ်နိုင်ငံက ရောက်ရှိနေပြီဖြစ်သည်။ ယခင်အချိန်များက အိုဘားမားက အာဒိုဂန် ဘက်က လိုက်ခဲ့သောကြောင့် အခြေအနေက ပို၍တင်းမာခဲ့ကာ ရုရှားက တူရကီ ကုမ္ပဏီများကို ၎င်းနိုင်ငံထဲမှ နှင်ထုတ်ခဲ့၍ တူရကီသို့ ရေနံရောင်းချနေမှုကို ရပ်တန့်ခဲ့သည်။ အရှေ့အလယ်ပိုင်းတွင် နောက်ထပ် စစ်ပွဲတစ်ပွဲ ထပ်ရောက်လာဦးမည်လားဟု မေးခွန်းထုတ်ရလောက်သည်အထိ ရုရှားနှင့် တူရကီတို့ တင်းမာခဲ့ကြသည်။ ယခုအခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ကာ အမေရိကန်နှင့် တူရကီဆက်ဆံရေးက ပိုဆိုး လာပြီး တူရကီနှင့် ရုရှားဆက်ဆံရေးက ပိုကောင်းလာနေပြီဖြစ်သည်။ ယခင်အခြေအနေကထက် ရုရှားနှင့် တူရကီတို့၏ ဆက်ဆံရေးက ပိုအဆင်ပြေလာကာ ရုရှားဘက်ကိုသာ တူရကီရောက်သွားလျှင် အကြီး မားဆုံး စစ်ရေးအင်အား တစ်ခုကို အမေရိကန်တို့ ဆုံးရှုံးရမည်ဖြစ်ပြီး ထိုအချိန်ဆိုလျှင် နေတိုးဘက်ကိုလည်း တူရကီတို့လှည့်ကြည့်မည် မဟုတ်ပေ။

ရုရှားက တူရကီကို အလေးထား ပေါင်းနေရခြင်းမှာ အမေရိကန်နှင့် နေတိုး၏ အမာခံ မဟာမိတ်ဖြစ်နေသော ကြောင့်ဖြစ်သည်။ နေတိုးဆိုသည်မှာလည်း ၎င်းကိုတိုက်ရန် အမေရိကန်တို့ မွှေးပေးလိုက်သည့် မီးနှင့်တူ သော ဥရောပစစ်တပ်ပင်ဖြစ်သည်။ အမေရိကန်ဆိုသည်မှာလည်း ၎င်းစစ်အေး ခေတ်ဘုံရန်သူဖြစ်သောကြောင့် တူရကီကို အရယူရန် ရုရှားကြိုးစားနေခြင်းဖြစ်သည်။ ထိုအခြေအနေကိုသာ အမေရိကန် တို့ မထိန်းနိုင်လျှင် ကားဒစ်ကိုအကြောင်းပြပြီး တူရကီတို့ ရုရှားဘက်ကို ရောက်သွားရန်သာရှိသည်။ ထိုအခါ ရုရှားတို့ အင်အားက အရှေ့အလယ်ပိုင်းတစ်ဝိုက်တွင် ပိုမိုအင်အားကြီးလာပြီး ကမ္ဘာ့ ချိန်ခွင်လျှာမှာ ပိုမိုအင်အားကြီးသည့် နေရာတစ်နေရာ မကြာမီ မြန်မြန်ဆန်ဆန်ဖြင့် ရရှိလာမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Ref;world affair ရှိန်းထက်

Read 337 times
Rate this item
(0 votes)
Last modified on Monday, 22 January 2018 09:42