SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ထရမ့် သမ္မတ သက်တမ်းတစ်နှစ် ရှိလာပြီဖြစ်သော်လည်း အဆင်မပြေသေးသည့် အမေရိကန်-ရုရှား ဆက်ဆံရေး

Tuesday, 23 January 2018 09:53 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန်၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် သမ္မတ ဒေါ်နယ်ထရမ့်တက်လာသည့်အချိန်မှစ၍ အမေရိကန်၏ ကမ္ဘာ့အင်အားချိန်ခွင်လျှာ အပြောင်းအလဲဖြစ်မည်ဟု လူတိုင်းက ထင်ကြေးပေးခဲ့ကြသည်။ အဓိကအ ကြောင်းက ရုရှားသမ္မတပူတင်နှင့် ထရမ့်တို့အချင်းချင်း အဆင်ပြေနေသည့် ဆက်ဆံရေးကြောင့်ဖြစ်သည်။ ၂ဝ၁၆ ခုနှစ် အမေရိကန်မဲဆွယ်ပွဲများအတွင်း ထရမ့်က ၎င်းသမ္မတဖြစ်လျှင် ရုရှားနှင့်ဆက်ဆံရေးကို ဦးစားပေးမည်ဟု အကြိမ်ကြိမ်ပြောခဲ့ပြီး ဥရောပကို မသိမသာ လစ်ဟာထားခဲ့သည်။ ထို့ပြင် ထရမ့်က ပူတင်ကို အလွန်တော်သည့်လူတော်ဟု ချီးကျူးခဲ့ဖူးကာ ထိုအချိန်က ရုရှားတို့ ခရိုင်းမီးယား အရေးဖြစ်ထား သည့် နှစ်နှစ်ဆိုသော အချိန်သာရှိသေးသည့်အတွက် အမေရိကန် ဒီမိုကရက်တစ်တို့က ထရမ့်နှင့် ပူတင် အနီးကပ် ဆက်ဆံသွားမည်ကို စိုးရိမ်ခဲ့ကြသည်။ ထိုနည်းတူ ဥရောပနှင့်ကုလသမဂ္ဂတို့ကလည်း ထရမ့်ကို စောင့်ကြည့် ကြကာ နောက်ဆုံး ထရမ့်သမ္မတဖြစ်ပြီး တစ်နှစ်ဆိုသည့်အချိန် ယခုကာလအထိဖြစ်သည်။ ထရမ့် ကလည်း  ၎င်းပြောထားသည့်အတိုင်းပင် ရုရှားနှင့် အကောင်းဆုံး ဆက်ဆံရေးဖြစ်လာစေရန် စတင် ကြိုးပမ်းသည်။ သို့ သော်ထိုအချိန် ဆီးရီးယား၌ IS တို့နှင့် ရုရှား၊ ဆီးရီးယားတစ်ဖက်၊ အီရတ်၊ ကားဒစ်နှင့် အမေရိကန်တို့က တစ်ဖက် သုံးဖက်အပြိုင်အဆိုင် စစ်ဖြစ်နေကြသည့် အချိန်ဖြစ်သည်။

ရုရှားစစ်ဘက်နှင့် အမေရိကန်စစ်ဘက်တို့သည် တစ်နိုင်ငံတည်းမှာပင် မတူညီသည့် ဆန့်ကျင်ဘက်အဖြစ် စစ်တိုက်နေကြဆဲဖြစ်သည်။ ထရမ့်အတွက်  ရုရှားနှင့် အနီးကပ်ဆက်ဆံရန်က မဖြစ်နိုင်လောက်အော င်ဖြစ် နေရသည်။ နှစ်နိုင်ငံစစ်ရေး အရေးပေါ်အသုံးပြုရန် လမ်းကြောင်းတစ်ခုကို ပူတင်နှင့်ထရမ့်တို့ ဖုန်းပြောပြီး ဖွင့်ဟခဲ့ကြသည်။ သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင် ရုရှားက အမေရိကန် ရွေးကောက်ပွဲကို ဝင်ေ ရာက် နှောင့်ယှက်သည်ဆိုသောစွပ်စွဲချက်ဖြင့် ဝါရှင်တန်က ရုရှားသံတမန်များကို အမေရိကန်မှ နှင်ထုတ်လိုက် သည်။ ရုရှားတို့ကလည်း အပြန်အလှန်ပင် အမေရိကန်သံတမန်များကို ပြန်လည် နှင်ထုတ်လိုက်ကာ နှစ်နိုင်ငံ ဆက်ဆံရေးက ပြန်လည် အေးခဲသွားရပြန်သည်။

ရုရှားသံတမန်များကို လွှတ်တော်က တိုက်ရိုက်ဆုံးဖြတ်ချက်ဖြင့် နှင်ထုတ်လိုက်သည့်အတွက် ထရမ့်လည်း ဘာမျှမတတ်နိုင်ဖြစ်ခဲ့ကာ တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်ခဲ့သည်။ နောက်တစ်ကြောင်းက ရုရှားကို အမေရိကန် က နောက်ထပ်အရေးယူပိတ်ဆို့မှုသစ်များ၂ဝ၁၇ ခုနှစ်တွင် ထပ်မံချမှတ်လိုက်ခြင်းဖြစ်သည်။ သြဇာရှိသည့် ဒီမိုကရက်တစ် လွှတ်တော်အမတ် တစ်ဦး၏ ဦးဆောင်မှုဖြင့် စစ်ရာဇဝတ်မှုခေါင်းစဉ်တပ်ကာ ရုရှားကို နောက် ထပ်အရေးယူ ပိတ်ဆို့မှုများ ချမှတ်လိုက်ခြင်းကိုလည်း ထရမ့်မတားဆီးနိုင်လိုက်ပေ။ အမေရိကန်၌ ကုန်သွယ်ရေးကို သမ္မတက တိုက်ရိုက်စီမံခွင့် ရသည်ဆိုသော်လည်း အရေးယူပိတ်ဆို့မှုများ ချမှတ်ထား လျှင်တော့ သမ္မတလည်း ဘောင်ကျော်ပြီး လုပ်လို့မရပေ။

ထို့ကြောင့် ထရမ့်၏ ရုရှားနှင့် ဆက်ဆံရေး တိုးတက်အောင်လုပ်မည့် လုပ်ရပ်များက အရာမထင်ဖြစ်ခဲ့ရသည်။ သို့သော်လည်း ထရမ့်က ၎င်း၏ လုပ်ပိုင်ခွင့်အားလုံး အသုံးချပြီး ရုရှားအရာရှိများကို ချမှတ်ထားသည့် ပြည်ဝင်ခွင့်နှင့် အရေးယူပိတ်ဆို့မှု အနည်းငယ်ကို ဖယ်ရှား ပေးခဲ့သေးသည်။ သို့သော် ထိုအရာများက နှစ်နိုင်ငံဆက်ဆံရေးဆိုသည့် ထုထည်ကြီးကို ပီပြင်အောင် ရုပ်လုံးဖော်မပေးနိုင်ပေ။ ထို့ကြောင့်၂ဝ၁၇ ခုနှစ် ဒီ ဇင်ဘာလက ရုရှားသမ္မတ ပူတင်ပြောသည့် မိန့်ခွန်းတွင် ထရမ့်၏ ရုရှားနှင့် အဆင်ပြေအောင် ဆောင်ရွက်နေ သောနည်းလမ်းများက ယခုအချိန်ထိ အရာမထင်သေးကြောင်း ပွင့်ပွင့်လင်းလင်း ပြောကာယခု အမေရိကန်က ယူကရိန်းကို လက်နက် ရောင်းမည်ဟု ကွန်ဂရက်က တရားဝင်အသိအမှတ်ပြု ပေးလိုက်တော့ ပို၍ ပင်ဆိုးသွားသည်။

ထိုဖြစ်စဉ်က အမေရိကန်၏  နှစ်စဉ်ယူကရိန်းကို ပံ့ပိုးနေသည့် အရာများထဲမှ နှစ်ဆခန့်မျှလျှော့ချလိုက်သော လုပ်ရပ်ကိုပင် အကာအကွယ်မပေးနိုင်ဘဲ အမေရိကန်၏ ယခင်သမ္မတများကအတိုင်း ရုရှားအိမ်နီးချင်း များ ကို စစ်ဘက်အကူအညီများ ပေးနေခြင်းနှင့် သွားတူနေသည်။ နိုဝင်ဘာ ၉ ရက် ဝါရှင်တန်ပို့စ် သတင်းစာ၏ ဆောင်းပါးတွင် ထရမ့်သက်တမ်း တစ်နှစ်ရှိလာသော်လည်း ရုရှားက အမေရိကန်နှင့် ဆက်ဆံရေး အဆင်ပြေရန် ဆက်လက်မျှော်လင့် နေဆဲဆိုသည့် ခေါင်းစဉ်ဖြင့် ပူတင်နှင့်ထရမ့်တို့ ဆက်ဆံရေးအကြောင်းကို ဖော်ပြ ထားသည်။ ဆောင်းပါးရှင်အာဘော်အရ ရုရှားနှင့်အမေရိကန်တို့ တစ်ဖက်နှင့်တစ်ဖက် ယခု အချိန်ထိ စကားလုံးထိုးစစ်များရှိနေသေးသည့်အတွက် ရှေ့ဆက်အဆင်ပြေရေး လမ်းစက သိပ်မမြင်ကြောင်း ဖော်ပြထားပြီး အိုဘားမား လက်ထက်ကဆိုလျှင် ရုရှားကို ပျက်စီးနေသော နိုင်ငံဟုဆိုသည့် စကားလုံး ကိုပင် ပြန်ပြောင်း ဖော်ပြထားသည်။သို့သော် အိုဘားမားနှင့် ထရမ့်မတူညီသည့်အချက်က ရုရှားကို ထရမ့်က မဟာမိတ်အဖြစ် ပေါင်းကာ အမေရိကန် နိုင်ငံအတွက် စစ်ရေး၊ စီးပွားရေးတွင် အတူတကွ ဆောင် ရွက်လိုသည့် စိတ်ကြောင့် ဖြစ်သည်။တစ်ဖက်မှာလည်း တရုတ်နှင့်ရုရှားတို့ ပူးပေါင်းအင်အားကို လျှော့ချလိုကာ ၎င်း၏ဘက်ကို ပါလာစေချင်သောကြောင့် ဖြစ်သည်။ သို့သော် ယခုတော့ ထိုကဲ့သို့ဖြစ်လာရန် လမ်း စကသိပ်မမြင်ပေ။ ထရမ့်လုပ်သမျှကို နောက်ကလိုက်ပြီး ကန့်ကွက်မည့် ၎င်းနှင့် ဆန့်ကျင်သူများက ရှိနေသည်။ ထရမ့်သာ သမ္မတပီပီ လုပ်ချင်တာလုပ်ခွင့်ရမည်ဆိုလျှင် ရုရှားနှင့် ဆက်ဆံရေးက ယခုအချိန် ပိုမိုကောင်းမွန်သည့် အဆင့်တစ်ခုကို  ရောက်နေမည်ဖြစ်သည်။ ယခုအဆင့်တစ်ခုအထိပင် တက်မလာသေးဘဲ တင်းမာသည့် အခြေအနေမှာပင် ရှိနေသေးသည်။ မဲဆွယ်ပွဲကာလက ထရမ့်နှင့် ပူတင်တို့အပြန် အလှန် နမ်းနေသည့်ပုံများပင် အမေရိကန်တစ် လွှား ရေပန်းစားခဲ့ကာ ထိုအခြေအနေနှင့် ယခုက တခြားစီဖြစ်နေသည်။ သို့သော်လည်း ထရမ့်က  တရုတ်ထက် ရုရှားကို ဦးစားပေးသူ၊ ဥရောပထက် ရုရှားကို ဦးစား ပေးမည့်သူဖြစ်သည်။ ထို့ကြောင့် နောင်လာမည့် သုံးနှစ်အတွင်း  ရုရှားနှင့်အဆင်ပြေစေရန် ထရမ့်အဖို့ မည် သည့်ဗျူဟာများကို အသုံးပြုဦးမလဲဆိုသည်ကို ထပ်မံ စောင့်ကြည့်ရဦးမည်ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။ ရှိန်းထက်

Read 359 times
Rate this item
(0 votes)
Last modified on Tuesday, 23 January 2018 10:06