SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဂူအမ် ကျွန်းတစ်ဝိုက်ကို စောင့်ကြည့်နေသည့် တရုတ်

Wednesday, 24 January 2018 09:30 Written by  font size decrease font size decrease font size increase font size increase font size

အမေရိကန်တို့ ကမ္ဘာ့အင်အားချိန်ခွင်လျှာကို ချိန်ညှိသည့်နေရာတွင် ၂ဝ ရာစု၌ ဥရောပနှင့် အာရှ ပေါင်းစပ်ထားသည့် အနောက်ဘက်တွင် ညှိခဲ့ကြသကဲ့သို့ ယခု ၂၁ ရာစုတွင်လည်း အာရှ-ပစိဖိတ်ဘက်သို့ လုံး လုံးလျားလျားကြီးပင် ရောက်ရှိလာနေပြီဖြစ်သည်။ အာရှရှိ ၎င်း၏ပြိုင်ဘက် တရုတ်နှင့် ၎င်း၏ရန်သူ မြောက် ကိုရီးယားတို့ ရှိနေသောကြောင့်ဖြစ်သည်။ အင်အားချိန်ခွင်လျှာ ညှိသည့်နေရာတွင် စစ်ရေးအင်အားကို အဓိက လှုပ်ရှားရကာ အာရှ-ပစိဖိတ်တွင် အကြီးမားဆုံး အမေရိကန်စစ်အခြေစိုက်စခန်းဟု ဆိုနိုင်သည်မှာ အနောက်ပစိဖိတ် သမုဒ္ဒရာထဲတွင်ရှိသည့် ဂူအမ်ကျွန်းဖြစ်သည်။

ဂူအမ်ကျွန်းကို ယခင်က လူပြောသူပြော သိပ်မရှိလှဘဲ ၂ဝ၁၇ ခုနှစ်ထဲတွင်မှ အမေရိကန်နှင့် မြောက်ကိုရီး ယားတို့ စစ်အင်အားအပြိုင်အဆိုင် ပြသရင်း ပိုမိုလူသိများလာသည့် ကျွန်းဖြစ်သည်။ ဂူအမ်ကျွန်းသည် မြောက်ကိုရီးယားကိုတိုက်ရန် အမေရိကန်၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ တပ်စွဲထားသည့်နေရာ၊ အာရှ- ပစိဖိတ်၏အကြီးမားဆုံးနှင့် ရေတပ်ရှိသည့် အမေရိကန်တို့၏ ပင်မကျောရိုးကြီးဖြစ်သည်။ အမေရိကန်တို့ မည်သည့်အာရှနိုင်ငံနှင့်ပဲ စစ်ဖြစ်ဖြစ်ဂူအမ်ကျွန်းက အဓိကခံစစ်၊ ထိုးစစ်နေရာကြီးဖြစ်ကာ အမေရိကန်ကို ပခုံးချင်းယှဉ်လာနိုင်သည့် တရုတ်အတွက်ကတော့ လွန်ခဲ့သည့်နှစ်ပေါင်းဆယ်နှင့် ချီက တည်းကပင် ဂူအမ်ကျွန်းကို အမြဲတမ်းသတိနှင့် စောင့်ကြည့်နေခဲ့ရသည်။ အမေရိကန်တို့ တရုတ်နှင့် စစ်ဖြစ်သည် ဆိုလျှင်ဟူသောအတွေးဖြင့် တရုတ်ကိုတိုက်ရန် ထိုးစစ်ဗျူဟာများ ရေးဆွဲသကဲ့သို့ အာရှ-ပစိဖိတ် မှ အမေရိ ကန်အင်အားကိုဖယ်ရန် ဂူအမ်ကျွန်းကို တရုတ်တို့မည်သို့ ဖယ်ရှားရမလဲဆိုသည်ကို ကနဦးစဉ်းစားရမည်ဖြစ်သည်။ ယခု အမေရိကန်သည် ဂူအမ်ကျွန်း၏အနီးတွင် တရုတ်တို့ စောင့်ကြည့်နေသည် ကိုပင် နှစ်နှင့်ချီကြာပြီးမှ သိရတော့သည့် အဖြစ်နှင့်ကြုံနေသည်။ ရေအောက်အသံလှိုင်း ဖမ်းယူသည့် ဆင်ဆာများကို တရုတ်တို့ ကသမုဒ္ဒရာ၏ အနက်ဆုံးပိုင်းအထိပို့ကာ ဂူအမ်ကျွန်းတစ်ဝိုက်ချထားပြီး အမေရိ ကန် စစ်သင်္ဘောများ၏ သွား လာလှုပ်ရှားမှု၊ အဓိက အဝင်အထွက်ဂိတ်ပေါက်များကို စောင့်ကြည့်နေသည်။

ကမ္ဘာပေါ်ရှိ အနက်ဆုံးသမုဒ္ဒရာ၏ အစိတ်အပိုင်းကို MarianaTrench ဟုခေါ်ပြီး Challenger Deep ဟု လည်းခေါ်သည်။ ထိုနေရာက မာရီယာနာကျွန်း၏ အရှေ့ဘက်ကီလိုမီတာ ၂ဝဝ တွင် တည်ရှိကာ ဂူအမ် ကျွန်းနှင့်ဆိုလျှင် အနောက်တောင်ဘက် ကီလိုမီတာ ၃၄ဝ တွင် တည်ရှိသည်။ ကမ္ဘာ့မျက်နှာပြင်အောက် အနက်ဆုံးဆိုသည့် ပင်လယ်ကြမ်းပြင် ၁ဝ၉၁၆ ကီလိုမီတာအထိရှိကာ ထိုနေရာကို တရုတ်တို့ အရောက် သွားပြီး သုတေသနများပင် လုပ်နိုင်ခဲ့သည်မှာ ၂ဝ၁၆ ခုနှစ်ကတည်းကဖြစ်သည်။ အသံလှိုင်း ဖမ်းယူသည့် ဆင်ဆာကို ယင်းမာရီယာနာ ကျွန်းအနီးရှိ အနက်ဆုံးဆိုသည့် ပင်လယ်ကြမ်းပြင်တွင် တရုတ်တို့ တပ်ဆင်ထားကာ ကောင်းကင်ဂြိုဟ်တုများနှင့် ချိတ်ဆက်ပြီး ငလျင်လှိုင်းများကို စစ်တမ်းကောက်ယူနေသည်။ သု တေသနအတွက်ဟု ပြောသော်လည်း အမေရိကန်တို့က ဂူအမ်ကျွန်းရှိ ၎င်းတို့၏ စစ်တပ်လှုပ်ရှား မှုများကို စောင့်ကြည့်နေသည်ဟုဆိုသည်။ ၂ဝ၁၆ ခုနှစ်ကတည်းက တရုတ်တို့ ယင်းဆင်ဆာများကို တပ်ဆင်ထားသော်လည်း ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ် သည်။ ယင်းဆင်ဆာများက ငလျင်လှိုင်းများကို သာမက ရေအောက်ရေငုပ် သင်္ဘောများ၏ အသံများကိုပါ ဖမ်းယူနားထောင်နိုင်ပြီး အခြေစိုက်စခန်းမှ အမိန့်ပေးမှုများနှင့် အချက်ပြမှုများကိုပင် ချေဖျက်နိုင်သည်အထိ အင်အားကြီးသည်။

ထိုအရာများကို တရုတ်တို့က ဂူအမ်ကျွန်းအနီးတစ်ဝိုက် တစ်ခုမဟုတ်ဘဲ နှစ်ခုတပ်ဆင်ထားကာ ကျွန်းတစ်ခု ကမာရီယာနာကျွန်းအနီးနှင့် နောက်တစ်ခုက ယပ်ကျွန်းအနီးတွင်ဖြစ်သည်။ ကီလိုမီတာ ၁ဝဝဝ ကျော် က အသံလှိုင်းများကိုပင် ခွဲခြမ်းစိတ်ဖြာကာ နားထောင်နိုင်စွမ်းရှိပြီး ဂူအမ်ကျွန်းနှင့်ဆိုလျှင် ယပ်ကျွန်းက ကီလိုမီတာ ၅ဝဝ အထိသာကွာဝေးသည်။ တရုတ်တို့ ဖမ်းယူနိုင်သည့် ဆင်ဆာ၏လှိုင်းက ထိုထက်ပင် ပိုဝေးနေသေး ကာဂူအမ်ကျွန်း အဝင်အထွက်ဂိတ်ပေါက် အထိပင်ရောက်သည်။ ထို့ကြောင့် အမေရိကန်တို့ အစိုးရိမ်ကြီး စိုးရိမ်နေရတော့သည်။ ရေအောက်အသံလှိုင်းဖမ်း ကိရိယာများကို အမေရိကန်တို့ ၂ဝဝ၈ ခုနှစ်က စတင်အသုံးပြုခဲ့ပြီး ဂြိုဟ်တုနှင့်ချိတ်ဆက်ကာ ၎င်း၏ရေငုပ်သင်္ဘောများကို အမိန့်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ယခု တရုတ်တို့ ရေအောက်တွင်ထားသည့် ဆင်ဆာက အများဆုံး ရေအောက် ၁၂ဝဝဝ ကီလိုမီတာ အထိခရီးရောက်နိုင်ကာ ကမ္ဘာ့အနက်ဆုံး ရေအောက်ကြမ်းပြင်တွင် ကောင်းမွန်စွာ အလုပ်လုပ်နိုင်နေသည်။ ထိုဆင်ဆာက ရေအောက်အနက် ကီလိုမီတာ ၁ဝဝဝဝ ကျော်ရောက်သွားလျှင် ဖိအားကြောင့် အာဖရိကဆင် တစ်ကောင်၏အလေးချိန် ၆ဝဝဝ ကီလိုဂရမ်ကို ခံရမည်ဖြစ်သည်။ ထိုနည်းပညာမျိုးက ရရှိရန်ခက်ခဲပြီး တရုတ်တို့က ထိုနည်းပညာကို လက်နက်တင်သွင်းသည့်ပုံစံဖြင့် တင်သွင်းကာ မည်သည့်နိုင်ငံမှ တင်သွင်း လာသည်ကို ထုတ်ဖော်မပြောထားပေ။ သို့သော် ယင်းကိရိယာက ရေငုပ်သင်္ဘောများကို တော်ပီဒိုမလို၊ ပစ်ခတ်စရာမလိုဘဲ အဆုံးစွန်ထိ ဒုက္ခပေးနိုင်သည်ဟုပင် ဆိုထားသည်။ ထို့ပြင် ယင်းဆင်ဆာက ဘက်ထရီစား နှုန်းအနည်းငယ်သာရှိပြီး ပင်လယ်ကြမ်းပြင်အောက်၌ နှစ်နှင့်ချီကောင်းမွန်စွာ အလုပ်လုပ်နိုင်ကာ ဂူအမ်ကျွန်း တစ်ဝိုက်တွင် ချထားသောကြောင့် အမေရိကန်တို့အတွက် တရုတ်တို့ က မည်မျှပင် သိပ္ပံစမ်းသပ်သုတေသန အတွက်ဟုဆိုဆို မယုံကြတော့ပေ။

ဂူအမ်ကျွန်းသည် အမေရိကန်၏ အကြီးဆုံး ရေတပ်စစ်အခြေစိုက်စခန်း ဖြစ်သည့်အတွက် တရုတ်တို့၏ တောင်တရုတ်ပင်လယ်ပြင် လွှမ်းမိုးမှုတွင် ထိပ်တိုက်တွေ့ဆုံလျှင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ် သည်။ ဂူအမ်ကျွန်းနှင့် တောင်တရုတ်ပင်လယ်ပြင်က ၃၅ဝဝ ကီလိုမီတာကွာဝေးသည့်အတွက် အင်ဒိုနီးရှား နှင့်ဖိလစ်ပိုင်ကိုဖြတ်ပြီးမှ ရောက်မည်ဖြစ်ကာ အမေရိကန်တို့၏ နျူကလီးယား ရေငုပ်သင်္ဘောများပင် တောင် တရုတ်ပင်လယ်ပြင်ကိုရောက်ရန် ရက်ကြာမြင့်စွာ အချိန်ယူရမည် ဖြစ်သည်။ သို့သော် ထိုခရီးကို ဂျက်တိုက် လေယာဉ်များက ချက်ချင်းရောက်လာနိုင်သည်။ ဂျက်တိုက်လေယာဉ်များက ရေဒါနှင့်ဖမ်း၍ ရသော်လည်း ရေအောက်တွင် ရှိသည့် နျူကလီးယားရေငုပ်သင်္ဘောများက ခေတ်မီလာသည်နှင့်အမျှ ခြေရာခံမိရန် ပိုမိုခက်ခဲလာသည်။ ထို့ကြောင့် ယခုတရုတ်တို့ တပ်ဆင်ထားသည့်အသံလှိုင်း ဖမ်းဆင်ဆာများ က အမေရိ ကန်ရေငုပ်သင်္ဘောများကို အကောင်းမွန်ဆုံး ခြေရာခံပေးတော့မည်ဖြစ်သည်။ နောက်ထပ်လည်း တရုတ်တို့ ဖုံးကွယ်ထားသည့် ဆင်ဆာများ တပ်ဆင်ထားသည့် နေရာအများအပြား ရှိနေနိုင်ကာ ထို နည်းပညာကို တ ရုတ်တို့ မကြာမီရရှိတော့မည်ဟုလည်း တရုတ်တို့က ထုတ်ဖော်ပြောထားပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။  ရှိန်းထက် Ref;World Affair

Read 401 times
Rate this item
(0 votes)
Last modified on Wednesday, 24 January 2018 09:33