SJ WorldNews - шаблон joomla Авто

အမေရိကန်၏ ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသည့် တင်းမာမှု မည်သို့ ရှေ့ဆက်မည်နည်း

Saturday, 19 August 2017 15:14 Written by  font size decrease font size decrease font size increase font size increase font size

ဒုံးကျည် စမ်းသပ်မှုများကို   အကြောင်းပြု၍   အီရန်နိုင်ငံအပေါ်   အမေရိကန် အစိုးရက ပိတ်ဆို့မှုများ  ထပ်မံချ မှတ်မည် ဆိုပါက  အီရန်အနေဖြင့် အင်အားကြီး ခြောက်နိုင်ငံ (P5+1) နှင့် သဘောတူ ချမှတ်ထားသည့်   နျူကလီးယား သဘော တူညီချက်မှ နုတ်ထွက်မည်ဟု အီရန်သမ္မတ ဟက်ဆန်ရူဟာနီက   ခြိမ်းခြောက်ပြောဆို လိုက်ပြီးနောက်   သုံးသပ်ပြောဆို ချက်များ ထွက်ပေါ်လာသည်။

 အမေရိကန်အစိုးရသည်  အီရန်နိုင်ငံ၏ ဒုံးကျည်တစ်စင်း အာကာသအတွင်းသို့ ပစ်လွှတ် စမ်းသပ်မှုပြု လုပ်ပြီး နောက်  ဇူလိုင် ၂၈ ရက်က ပိတ်ဆို့မှုသစ်များ ထပ်မံချမှတ် လိုက်ခြင်းဖြစ်သည်။ အမေရိကန်၏ နောက်ဆုံး ချမှတ်လိုက်သည့် ပိတ်ဆို့မှုများသည် အီရန်အစိုးရ၏ ပြန်လည်တုံ့ပြန်လိုသည့် သဘောထားကို ပိုမိုတိုးမြှင့် ပေးလိုက်သည်ဟု လည်း   ဆိုနိုင်သည်။

အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုသစ်များ ချမှတ်လိုက်သည်ဟု တရားဝင် ထုတ်ပြန်ကြေညာပြီး နောက်ပိုင်း တွင် အီရန် အနေဖြင့် အဆိုပါပိတ်ဆို့မှုများကို ပြန်လည် တုံ့ပြန်မည်ဟု အတိအလင်းပြောကြားသည်။ နောက်ပိုင်းတွင် ရူဟာနီက  အမေ ရိကန်ပြည်ထောင်စုအပါအဝင် အင်အားကြီး အနောက်နိုင်ငံများနှင့် ရရှိထားသည့်   နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်၍ ရပ်တန့်ထားသည့် နျူကလီးယားအစီအစဉ် များကို အချိန်မရွေး ပြန်လည်လုပ်ဆောင် နိုင်ကြောင်း ယခုရက်သတ္တပတ်အစောပိုင်းက  သတိပေးခြိမ်းခြောက် လိုက်ခြင်းဖြစ်သည်။

သို့သော် အမေရိကန် အစိုးရက  နောက်ဆုံး ချမှတ်လိုက်သည့် ပိတ်ဆို့မှုများသည် နျူကလီးယား သဘောတူ ညီချက်နှင့် သက် ဆိုင်မှုမရှိကြောင်း၊ အီရန်နိုင်ငံက လုပ်ဆောင်သည့်  ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကိုတုံ့ပြန် သည့်အနေဖြင့်   လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ  အမေရိကန် သံအမတ် နစ်ကီဟေလီက ပြောသည်။

ထို့ပြင် အီရန်နိုင်ငံက လုပ်ဆောင်နေသည့် ဒုံးကျည်စမ်းသပ်မှုများနှင့် အကြမ်းဖက်အဖွဲ့ အစည်းများအပေါ်   အထောက်အပံ့ ပေးနေခြင်း၊ လူ့အခွင့်အရေးကို လျော့ပါးအောင် လုပ်ဆောင်ခြင်းနှင့်  ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်း စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အီရန်အစိုးရက တာဝန်ခံရမည်ဟု အမေရိကန် အစိုးရကပြောသည်။

ထို့ပြင်   အီရန်အစိုးရအနေဖြင့်  ကမ္ဘာကြီးကို  အကျပ်ကိုင်ရန် အင်အားကြီးနိုင်ငံ များနှင့် ချမှတ်ထားသည့်  နျူကလီးယား

သဘောတူညီချက်ကို အသုံးချ၍ မရနိုင်ဟု ဟေလီကပြောကြားလိုက်သည်။ အမေရိကန် အစိုးရ၏ စွပ်စွဲပြော ဆိုမှုများသည် အီရန်နိုင်ငံ ကို ဆွေ့ဆွေ့ခုန်စေမည်ကား အမှန်ပင်ဖြစ်သည်။ အီရန်သည် ဆီးရီးယား၏ မဟာ မိတ် နိုင်ငံတစ်နိုင်ငံ အဖြစ်ရပ်တည်နေခြင်း၊ အမေရိကန်နှင့်   ၎င်း၏ မဟာမိတ် အစ္စရေးတို့က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် လက်ဘနွန်မှ ဟစ်ဇ်ဘိုလာပြောက်ကျား အဖွဲ့နှင့် အဆက်အသွယ်ရှိ နေ ခြင်းကြောင့် အီရန်အစိုးရက အကြမ်းဖက် အဖွဲ့အစည်းများကို ထောက်ပံ့လျက်ရှိသည်ဟု ပြောကြားခဲ့ ဖွယ်ရှိ သည်။

ထို့ပြင် ဆီးရီးယားအစိုးရတပ်များဘက်မှ  ပါဝင်တိုက်ခိုက်၍  ကာဆီးကာဆီးလုပ်နေ ခြင်းနှင့်ပတ်သက်၍လည်း အီရန်ကို ဒေါ်နယ် ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရက မျက်မုန်းကျိုးနေဖွယ်ရှိသည်။ ထို့ကြောင့် ပိတ်ဆို့မှု သစ်များ ထပ်မံချမှတ်ရန် ဆုံးဖြတ် ရာတွင် အဆိုပါအချက်များသည်  အဓိက တွန်းအားအဖြစ် ပါဝင်ခဲ့ သည်ဟု ဆိုနိုင်သည်။

ပိတ်ဆို့မှုဆိုင်ရာ ဆုံးဖြတ်ချက်အရ အမေရိကန် အစိုးရသည် အီရန်၏ ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွင် အဓိကအခန်း ကဏ္ဍမှ ပါဝင် နေသည့်  ရှာဟစ်ဟမ်မက်စက်မှုလုပ်ငန်း အဖွဲ့အစည်းမှ  လက်အောက်ခံ  အီရန် ကုမ္ပဏီခြောက်ခုအပေါ် အဓိကပစ်မှတ် ထား၍ ပိတ်ဆို့မည်ဖြစ်သည်။

အမေရိကန်၏ ပိတ်ဆို့မှုကို  တုံ့ပြန်သည့် အနေဖြင့်  နျူကလီးယား သဘောတူညီချက်မှ  နုတ်ထွက်မည် ဟူသော ရူဟာနီ၏ခြိမ်းခြောက် မှုသည် အမေရိကန်အပါအဝင် အနောက်နိုင်ငံများကို ထူးထူးခြားခြား တုန်လှုပ် စေ နိုင်ဖွယ်မရှိသော်လည်း ကျွမ်းကျင်သူတချို့နှင့် နိုင်ငံတချို့က အဆိုပါခြိမ်းခြောက်မှုနှင့် စပ်လျဉ်း၍ စိုးရိမ် မကင်း ဖြစ်လာကြသည် ကိုတွေ့ရသည်။

အီရန်နိုင်ငံသည် အင်အားကြီး နိုင်ငံများ ဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်နှင့် ဂျာမနီနိုင်ငံတို့ ပါဝင်သော ဏ၅+၁  အဖွဲ့နှင့် ၂ဝ၁၅ ခုနှစ် ဇူလိုင် ၁၄ ရက်က  နျူကလီးယားသဘော တူညီချက တစ်ရပ်ကို ချမှတ်နိုင်ခဲ့သည်။

အဆိုပါသဘောတူညီချက်အရ အီရန် အနေဖြင့် ၎င်းတို့၏  နျူကလီးယား အစီအစဉ်ကို ငြိမ်းချမ်းရေး အတွက် သာ အသုံးပြုရမည်ဖြစ်သည်။ ယင်းသဘောတူညီ ချက်တွင် အီရန်၏  လက်မှတ်ရေးထိုးမှု အတွက် အနောက် နိုင်ငံ များက အီရန်အပေါ် ချမှတ်ထားသည့်  ပိတ်ဆို့မှုများကို တစ်စ ထက်တစ်စ ဖယ်ရှားပေးမည်ဖြစ်သည်။

အကယ်၍ အီရန်နိုင်ငံက  အမေရိကန် အစိုးရ၏ပိတ်ဆို့မှုသစ်များကို  တုံ့ပြန်သည့် အနေဖြင့် ၂ဝ၁၅ ခုနှစ် နျူကလီးယား သဘော တူညီချက်မှနုတ်ထွက်သွားပြီး   ၎င်းတို့၏ အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်များ ပြန်လည် လုပ်ဆောင်လာမည်ကို    နိုင်ငံတချို့က   စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။

၎င်းတို့အနေဖြင့် စိုးရိမ်မည်ဆိုပါက စိုးရိမ် စရာပင်ဖြစ်သည်။ အီရန်၏ဒုံးကျည်နည်း ပညာသည် ယခုကာလ အတွင်း  များစွာ တိုးတက်လာခဲ့သည်ကို တွေ့ရသည်။

ယင်းသို့  နည်းပညာတိုးတက်လာခြင်းကြောင့်ပင်  အမေရိကန် အစိုးရ၏စိုးရိမ်မှု စက်ကွင်းအတွင်းသို့ အီရန်ကျ ရောက်လာ ခြင်းဖြစ်သည်။ ထို့ပြင် အီရန်သည် အကြမ်း ဖက်အဖွဲ့အစည်းများဟု တချို့ကသတ်မှတ် ထားသည့် အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကောင်းမွန်ခြင်းကြောင့် အကယ်၍အီရန်၏ နျူကလီးယား နည်းပညာများသာ တစ်နည်း နည်းဖြင့် အဆိုပါအဖွဲ့အစည်းများ  လက်တွင်းသို့  ကျရောက်သွားမည်ဆိုပါက နဂိုကမှ အကြမ်း ဖက် တိုက်ခိုက်မှုများကို အလူး အလဲခံနေရသည့် အရှေ့အလယ်ပိုင်း ဒေသသာမက ကမ္ဘာကြီးအတွက်ပါ အန္တရာယ် ဖြစ်လာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်ဟု ယူဆရသည်။ အလားတူ အီရန်အစိုးရသည် ဟစ်ဇ်ဘိုလာ  ပြောက်ကျား တပ်ဖွဲ့ အတွက် လက်နက်ခဲယမ်းများ ထောက်ပံ့နေပြီး ယင်းပြောက်ကျား တပ်ဖွဲ့အတွက် လက်နက်စက်ရုံ တစ်ရုံကိုပါ လက်ဘနွန်နိုင်ငံ၌ တည်ဆောက် ခဲ့ပြီးဖြစ်သည်ဟူသော သတင်းများက စိုးရိမ် မှုများကို ပိုမိုမြင့်တက် လာစေဟုဆိုနိုင်သည်။

ထို့ကြောင့် အီရန်အစိုးရအနေဖြင့် ပြီးခဲ့သည့်နှစ်နှစ်က ချုပ်ဆိုထားသော နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက် ခြင်းမပြုဘဲ ပိုနေမြဲ၊ ကျားနေမြဲအတိုင်း ဆက်လက်ရပ်တည် သွားရေးဖျောင်းဖျရန် အီရန်၏ မဟာမိတ်ရုရှားနိုင်ငံက လုပ်ဆောင်မည်ဟု ဆိုခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့ကြား ပိတ်ဆို့မှု သစ်များကြောင့် လက်ရှိဖြစ်ပေါ်နေသည့် တင်းမာမှုများနှင့် စပ်လျဉ်း၍  ကုလသမဂ္ဂကလည်း   စိုးရိမ် မကင်းဖြစ် လျက်ရှိသည်။

သို့သော် အဆိုပါတင်းမာမှုများ လျော့ကျလာစေရေးအတွက် အမေရိကန် သို့မဟုတ် အီရန်က  မည်သို့မည်ပုံ ဆက်လက် လုပ်ဆောင်မည်၊  တခြားအနောက် အင်အားကြီးနိုင်ငံ များနှင့် အီရန်၏မ ဟာမိတ်လည်းဖြစ်၊   နျူ ကလီးယား သဘောတူညီချက်တွင် ပါဝင်လျက် ရှိသည့် အင်အားကြီးနိုင်ငံလည်း ဖြစ်သည့် ရုရှားတို့ အနေဖြင့် မည်သို့မည်ပုံ ဆက်လက် လုပ်ဆောင်မည်ကို ကမ္ဘာ့နိုင်ငံများက အနီးကပ် စောင့်ကြည့်နေမည်ဖြစ်သည်။    

ဇေယျဘုန်း

 

Read 496 times
Rate this item
(0 votes)
Last modified on Saturday, 19 August 2017 15:17